နောင်ချိုတိုက်ပွဲ ၇ ရက်အတွင်း နှစ်ဖက်တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ၇ ရက် ဆက်တိုက် ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဖက် တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများ ရှိသည့် အပြင် စစ်ရှောင်ပြည်သူများလည်း နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်း သိရသည်။

MDY-PDF

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နေ့လည်ပိုင်း အချိန်ထိ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် မန္တလေး ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ MDY- PDF တို့ကို လေကြောင်းတိုက်ခိုက်မှုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲ အတွင်း ပါဝင်သည့် MDY PDF မှ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထိတွေ့တိုက်ပွဲ ဖြစ်တဲ့ နေရာကတော့ နောင်ချိုမြို့နယ် အတွင်းက နေရာတော်တော်များများမှာ ဖြစ်နေပါတယ်။ ဒီနေ့လည်း ကျနော်တို့ ဗုံးကြဲတိုက်ခိုက် ခံရပါတယ်။ ဒီနေ့ အပါအဝင် စစ်ကောင်စီ ဘက်ကနေ ဗုံးကြဲ တိုက်ခိုက် တာ ၃ ရက်ရှိပြီ။ မြေပြင် ထိုးစစ်ဆင်မှုလည်း ပြင်းထန်စွာ လုပ်နေတယ်” ဟု MDY PDF က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့မှ စတင်ကာ ယနေ့ ၁၁ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့အကြား ထိတွေ့ ပစ်ခတ်မှုသည် ၇ နှစ်ရက်တိုင် ဖြစ်ခဲ့ရာ နှစ်ဖက်တပ်ဖွဲ့မှ ထိခိုက်ကျဆုံး မှုများလည်း အများအပြားရှိနေကြောင်း သတင်းသိရသည်။

MDY-PDF

ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ ထိတွေ့တိုက်ပွဲအတွင်းတွင် မြေပြင်ထိတွေ့ ပစ်ခတ်မှုအရ စစ်ကောင်စီဘက်မှ ၃၀ ထက်မနည်း သေဆုံးပြီး MDY PDF ပူးပေါင်း တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုများလည်း ရှိနေကြောင်း MDY PDF က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“မနေ့က စစ်ကောင်စီတပ်သားအလောင်း ၃၀ လောက် ကျနော်တို့ တွေ့ခဲ့ရတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံး တာရှိနေပါတယ်။ တိတိကျကျ သတင်းထုတ်ပြန်တာတော့ မရှိသေးဘူး။ အခု ပြောနိုင်တာက နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု ရှိနေပါတယ်” ဟု MDY PDF မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု ဟိုခဲကျေးရွာ၊ ရေဦးကျေးရွာ၊ လွယ်ငင်းကျေးရွာ၊ ကုန်းညောင် ကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အုပ်စုမှ သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ)၊ ဘန့်ဘွေးကျေးရွာအုပ်စုမှ အင်းမရွာ ရှိဒေသခံများက နေအိမ်စွန့်ခွာကာ စစ်ရှောင် ထွက်ပြေးနေရသည်။

ဒေသအတွင်း စစ်ရေး တင်းမာမှုသည် ယနေ့ အချိန်ထိ ရှိနေသေးသည့်အတွက် စစ်ရှောင်များလည်း နေရပ်ပြန် နိုင်ခြင်း မပြုနိုင်သေးကြောင်းလည်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် MDY PDF ပူးပေါင်း တပ်ဖွဲ့တို့ အကြား တိုက်ပွဲကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၅ ဦးထက် မနည်း ထိခိုက် ပျက်စီးရသည့်အပြင် နေအိမ် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးရသည်။

လက်ရှိတွင် နောင်ချိုဘက်မှ စစ်ရှောင်များအတွက် ငွေကြေး နှင့် စားနပ်ရိက္ခာ၊ အသုံးအဆောင် ပစ္စည်းများ အတွက် အကူအညီ လိုအပ်နေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...