နောင်ချိုမြို့နယ် လုံခင်းကျေးရွာတွင် စစ်ကောင်စီက ပြည်သူပိုင်ပစ္စည်းများ ထပ်မံမွှေနှောက်ယူသုံး

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် လုံခင်းကျေးရွာအတွင်း စစ်ကောင်စီက ပြည်သူပိုင် ပစ္စည်းများ၊ ကြက်၊ဝက် နှင့် အခြေခံစားသောက်ကုန်များကို ယူသုံးဆောင်ထားကြောင်း သတင်းရရှိသည်။

နောင်ချိုစစ်ရှောင်များ

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများသည် လုံခင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ပြည်သူများ စစ်ဘေးရှောင်နေချိန် ရွာတွင်း မွှေနှောက်ခဲ့ကြောင်း ဒိုးပင်ကျေးရွာ အုပ်စု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ ဒီလိုလုပ်နေတာ ဒါနဲ့ဆိုရင် ၃ ကြိမ်ရှိနေပြီ။ ကျနော်တို့ ရွာသားတွေ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ ရွာထဲမှာရှိတဲ့ ဝက်တွေကိုသတ်စားပစ်တယ်။ ဆန်တွေ၊ ဆီတွေကိုလည်း ယူသွားတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာခဲ့တာ။ ပြီးတော့ အိမ်တွေထဲလည်း ဝင်မွှေပြီးတော့ တန်းဖိုရှိတဲ့ ပစ္စည်းတွေကိုလည်း ယူသွားတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်များသည် ဧပြီ ၂၂ ရက်မှ ယမန်နေ့ (ဧပြီ ၂၄ ) ရက် ထိ လုံခင်းကျေးရွာတွင်းသို့ နေထိုင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီက ကျေးရွာတွင် ဝင်ရောက်မွှေနှောက်ခဲ့သည့်အတွက်ကြောင့် ဒေသခံများက စိတ်မကောင်းဖြစ်နေပြီး စိုးရိမ်နေကြသည်။

“ စစ်ကောင်စီတို့က သူတို့ စားချင်တိုင်း လာယူစားနေကြတယ်။ ပြီးတော့ ကျနော်တို့ ရွာထဲမှာ လုပ်ချင်တိုင်းလုပ်တယ်။ လာတဲ့ တပ်ဖွဲ့တွေကလည်းများတယ်။ မေးရင်လည်း သူတို့မလုပ်ဘူးလို့ပြောတယ်။ တာဝန်ယူတာလည်းမရှိဘူး။ စိတ်တော့မကောင်းဘူး။ ပြီးတော့ ကြောက်ရတယ်။ လက်နက်ကြီးတွေ ထပ်ပစ်မှာလည်း စိုးရိမ်ရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သားများသည် အထက်ပါ ကျေးရွာ ဒေသခံ ပစ္စည်းများကို ဝင်ရောက်သုံးစွဲခဲ့သည့် အတွက်ကြောင့် ပြည်သူများက ကျေးရွာအတွင်းသို့ ပြန်လာနေထိုင်ရန်အတွက် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

“ ဟုတ်တယ်။ ကျနော်တို့ ရွာထဲပြန်လာနေဖို့ စစ်ရှောင်တွေကို ပြန်ခေါ်လာနေတယ်။ တိုက်ပွဲကတော့ ငြိမ်တာတော့ရှိတယ်။ ပြီးတော့ အခုကလည်း အလုပ်ချိန် ပြန်စတော့မယ်။ အလုပ်လည်း ပြန်လုပ်ရတော့မယ်” ဟု လက်ရှိ စစ်ဘေးရှောင်နေသူက ပြောသည်။

နောင်ချိုမြို့နယ်သည် ဧပြီ ၅ ရက်မှစပြီး စစ်ကောင်စီ နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြား အရပ်သား ၇ ဦး သေဆုံးသွားခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...