နောင်ချိုတိုက်ပွဲအတွင်း ပြည်သူနေအိမ် ၂၀ ကျော် ပျက်စီး၊ ပြန်ဆောက်ရန် ခက်ခဲနေ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး (MDY-PDF) တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ နေအိမ် ၂၀ ကျော် ပျက်စီးပြီး နေအိမ်ပြန်ဆောက်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ဒေသခံနေအိမ်များ

ပြီးခဲ့သည့် ဧပြီလ ၅ ရက်မှ စတင် ဖြစ်ပွားခဲ့သည့် နောင်ချိုမြို့နယ် သံဘိုကျေးရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အတွင်း နှစ်ဖက် တပ်ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအတွင်း လက်နက်ကြီး ၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ပြည်သူ့နေအိမ် စုစုပေါင်း (၂၄) လုံး ထိခိုက်ပျက်စီးရကြောင်း သိရသည်။

“နေအိမ်ပျက်စီးမှု အများဆုံးကတော့ ဟိုခဲရွာထဲက ဖြစ်ပါတယ်၊ နောက်ပြီးတော့ ကုန်းကြီးကျေးရွာအုပ်စု နဲ့ ဘန့်ဘွေးချင်း ကျေးရွာအုပ်စုမှာလည်း နေအိမ် ပျက်စီးမှုတွေ ရှိတယ်၊ ဒီ တိုက်ပွဲကြား ပျက်စီးသွားတဲ့ နေအိမ် တွေကို ဘယ်သူက လာပြီး တာဝန်ယူပေးကြမလဲ၊ တချို့အိမ်က လုံးဝပျက်စီးသွားတာ နေလို့တောင်မရဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ဒေသခံနေအိမ်များ

စစ်ကောင်စီ နှင့် MDY- PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့် နောင်ချိုမြို့နယ် ဟိုခဲကျေးရွာမှ ပြည်သူအိမ် ၁၅ လုံး၊ ဘန့်ဘွေးချင်းကျေးရွာ အုပ်စု၊ ကုန်းစံရွာမှ ၆ လုံး နှင့် ကုန်းကြီးကျေးရွာအုပ်စုမှ ၃ လုံးတို့သည် လက်နက်ကြီး/ငယ် ထိမှန်ကာ ပျက်စီးရကြောင်း သိရသည်။

အဆိုပါ လက်နက်ထိမှန် ပျက်စီးရသည့် နေအိမ်များသည် နှစ်ထပ် တိုက်အိမ်အများစု ဖြစ်နေကြသည်။

“တချို့အိမ်ရှင်တွေက စစ်ရှောင်တာကနေ ပြန်မရောက်ကြသေးဘူး၊ ခုပျက်စီးသွားတဲ့ အိမ်တွေကို ပြန်လည် ပြုပြင်နိုင်ဖို့ ဆိုတာကလည်း တော်တော်ကို ကုန်ကျစရိတ်များကြမှာ၊ တချို့က လုံးဝ ပျက်စီးသွားတာ၊ အခု ခေတ်က ကုန်ဈေးနှုန်းတွေလည်း များနေတာနဲ့ အိမ်တစ်လုံးရဖို့က မလွယ်ဘူးလေ၊ ခုလို ဖြစ်တာ တကယ် စိတ်မကောင်းဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲကြောင့် နေအိမ်များ ထိခိုက်ပျက်စီးသည့် အပြင် ဒေသခံများ၏ ကြံစိုက်ခင်းများလည်း ဧကပေါင်း ၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ဒေသခံနေအိမ်များ

“ကြံခင်းထဲကို လက်နက်ကြီး ကျပြီးတော့ မီးစွဲလောင်တာလေ၊ ကုန်းကြီးကျေးရွာအုပ်စုက အားလုံးနီးပါးပဲ မီးလောင်ထဲ ပါသွားတာ၊ မီးလောင်တာ မြင်ပေမဲ့ ရွာသားတွေ သွားမငြိမ်းရဲဘူး၊ မှိုင်းတွေ ပေါက်ကွဲမှာ စိုးလို့လေ၊ အဲ့ကြံခင်းတွေ မီးလောင်တယ်” ဟု ကုန်းကြီးကျေးရွာ အုပ်စုမှ အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲ စတင်ဖြစ်ပွားရာ ပြီးခဲ့သည့် ဧပြီလ ပထမပတ် အတွင်းမှာလည်း ကြံစိုက်ခင်းအနီး မီးစွဲလောင်မှုကြောင့် မီးငြိမ်းရန် ထွက်သွားသည့် ကုန်းစံကျေးရွာအုပ်စုမှ အမျိုးသား တစ်ဦးသည် မိုင်းနင်းမိပြီး ဆေးရုံတင် ဆေးကုသမှု ခံယူရကြောင်း သိရသည်။

ယင်းကဲ့သို့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံနေအိမ်များ၊ စိုက်ခင်းများ ထိခိုက်ပျက်စီးရခြင်း နှင့် ပတ်သက်ပြီး ဒေသခံများ ပြန်လည် ပြုပြင်ရေးအတွက် ကူညီထောက်ပံ့မှုများ လိုအပ်သည့်အပြင် လက်ရှိ နေအိမ် ပျက်စီးသွား သည့် ဒေသခံများ အတွက် နေစရာနေရာများလည်း လိုအပ်နေကြောင်း သိရသည်။

“ဖြစ်နိုင်ရင်တော့ တိုက်ပွဲက သက်ဆိုင်တဲ့ လူကြီးတွေ တပ်ဖွဲ့တွေ လာရောက် ကူညီပေးစေချင်တာပေါ့၊ ဒါပေမဲ့ သူတို့က စစ်တပ်တွေ ဖြစ်တယ်ဆိုတော့လည်း အတင်းတောင်းဆိုလို့လည်းမရဘူးလေ” ဟု အထက်ပါ ကုန်းကြီး ကျေးရွာ အုပ်စုက ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ နှင့် PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားစဥ် နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဧပြီလ ၅ ရက်နေ့တွင် အသက် ၁၁ လအရွယ် စိုင်းဝါဝါထွန်း ၊ အသက် ၁၄ နှစ်အရွယ် နန်းမအေး တို့ သေဆုံးခဲ့ရပြီး၊ ဧပြီလ ၁၁ ရက်နေ့တွင် အသက် ၇၀ ကျော်ရှိ လုင်းစန္ဒိမာလည်း လက်နက်ကြီး ထိမှန်သေဆုံးပြီး၊ ဧပြီ (၂၁) ရက်နေ့မှာ ကုလားကွဲကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျသဖြင့် အသက် ၅၂ နှစ်အရွယ် ဦးချစ်စိန် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့အပြင် တိုက်ပွဲကြောင့် စစ်ကောင်စီ တပ်ဖွဲ့သည် ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ကာ ဒေသခံများ ကို အကာအကွယ်ပြု၍ ကျေးရွာအတွင်း၊ ဘုန်းကြီးကျောင်းဝင်းအတွင်းတို့တွင် ကတုတ်ကျင်း နှင့် ခံတပ်များ ပြုလုပ်ကာ နေထိုင်ကြောင်း သိရသည်။

အရပ်သားပြည်သူ နေအိမ်များ ထိခိုက်ပျက်စီးအောင် ပြုလုပ်ခြင်း၊ လူနေကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း နှင့် ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထု နှင့် အတူ ရောနှောနေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...