Thursday, May 2, 2024

ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်း ယာဉ်တိုက်မှုဖြစ်ပြီး လမ်းများပိတ်ဆို့နေ

Must read

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်း၊ ကျောက်မဲရေကန် အောက်ကွေ့တင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လမ်းများပိတ်ဆို့နေကြောင်း စုံစမ်းသိရှိရသည်။

ဂုတ်တွင်းယာဥ်တိုက််မှု

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၃၀ရက်) နံနက်ပိုင်း ၉ နာရီတွင် ကျောက်မီးသွေးတင်ဆောင်လာသည့် ကုန်ကားကြီးတစ်စီး ဂုတ်တွင်းအဆင်းတွင် ဘရိတ်ပေါက်ပြီး ကုန်တင်ကားနှစ်စီးနှင့် ဝင်တိုက်မိခဲ့ကြောင်း သွားကူညီသည့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျောက်မီးသွေး တင်လာတဲ့ ကုန်ကားကြီးတစ်စီးက ကုန်အဆင်းမှာ ဘရိတ်ပေါက်သွားလို့ ယာဉ်နှစ်စီးကြား ဖြတ်မောင်းပစ်လိုက်တာ ကားကြီး ၃ စီးယာဉ်တိုက်မှု ဖြစ်သွားတယ်။ လူကတော့ ဘာမှမဖြစ်သွားဘူး။ အဲ့ဒီ တိုက်မိတဲ့ကား ယာဉ်မောင်းတစ်ဦးက ခြေထောက်မှာ ပွင့်ပဲဒဏ်ရာရသွားတာလောက်ဘဲ ရှိတယ် “ ဟု ၎င်းက ပြောသည်။

ဂုတ်တွင်း ယာဥ်တိုက်မှု

အဆိုပါ ယာဉ်တိုက်မှုကြောင့် လက်ရှိ ဂုတ်တွင်းအဆင်းတွင် လိမ်းကြောင်းပိတ်ဆို့များဖြစ်နေပြီး သွားလာ၍ မရသေးကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ခန့်မှန်းကြာချိန် (၂)နာရီ ခန့်တွင် ယာဉ်တိုက်မှု ကားကြီးများရှင်းလင်း၍ ပုံမှန်သွားလာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article