နောင်ချိုမြို့နယ် စစ်ရှောင်အချို့ အိမ်ခန်းငှားနေရ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ပြည်သူများ အချို့သည် အိမ်ခန်းငှားခ တစ်လလျှင် ငါးသောင်းကျပ်ဖြင့် ငှားရမ်းနေရကြောင်း စုံစမ်းသိရသည်။

နောင်ချို

ပြီးခဲ့သည့် ဧပြီလ ၆ ရက်မှ စတင်ကာ ယနေ့အထိ ထိတွေ့တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် နောင်ချိုမြို့နယ်မှ ကုန်းကြီးကျေးရွာအုပ်စု၊ သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အုပ်စုမှ သံဘိုရွာ (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ)နှင့် ဘန့်ဘွေးကျေးရွာအုပ်စုတို့မှ ဒေသခံများ စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။

စစ်ရှောင် ထွက်ပြေးရသည့် ပြည်သူများသည် နောင်ချိုမြို့ပေါ် နှင့် ပြင်ဦးလွင် ဘက်ရှိ အမျိုးများဆီသို့ သော်လည်း ကောင်း၊ အမျိုးမရှိသူများက အိမ်ငှားနေကြကြောင်းကို ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချို

“နောင်ချိုမြို့ပေါ်ဘက်ကို ပြေးကြတာများတယ်၊ ပြင်ဦးလွင် အမျိုးရှိတဲ့သူကလည်း ပြင်ဦးလွင်ဘက်ကို ပြေးသွားကြ တယ်၊ အမျိုးအိမ်တွေ မရှိတဲ့သူတွေကြတော့ တစ်လကို ငါးသောင်းကျပ်နဲ့ စုပြီး အိမ်ငှားနေကြတာပေါ့၊ အနီး ရွာတွေမှာလည်း စစ်သားတွေ၊ PDF တွေ ရှိနေလို့ မြို့ပေါ်ကိုပဲ ပြေးကြတာ” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီဘက်မှ စက်သေနတ်များအပြင် လက်နက်ကြီး ၁၂၀ မမ ဖြင့်လည်း အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်နေပြီး အဆိုပါ လက်နက်ကြီးကြောင့် ပြည်သူပိုင် ကြံခင်းများ၊ နေအိမ်များ ထိမှန် ပျက်စီးရကြောင်းလည်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် သံဘိုကျေးရွာအုပ်စု (ဝၢၼ်ႈသၢၼ်ႇၽူဝ်ႇ) အတွင်း စစ်ကောင်စီ၏ တပ်မ ၁၀၁ နှင့် ၂၅၃ ပူးပေါင်းပြီး PDF ပူးပေါင်းတပ်ဖွဲ့တို့ကို ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက် နေကြောင်း သိရသည်။

ယင်းကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အနီးနားရှိ ကြံခင်းများ မီးလောင်ပျက်စီးခြင်း၊ နေအိမ် အဆောက် အအုံများ လက်နက်ကြီးထိမှန်ပျက်စီးခြင်းတို့ ရှိနေကြောင်းလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မနေ့က တိုက်ပွဲက မနက် ၁၁ နာရီကနေ ညနေ ၅ နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေ ကြားရတယ်၊ ညမှာတော့ စစ်ကောင်စီက ၁၂၀ မမ နဲ့ ဟိုခဲရွာဘက်ကို လှမ်းပစ်သွားတာ၊
နေအိမ်ထိတယ်၊ ကြံခင်းတွေလည်း မီးလောင် ပျက်စီးတယ်၊ အခုတိုက်ပွဲက ပါခီးရွာဘက်ကို နီးလာပြီ၊ ဒေသခံတွေလည်း ထွက်ပြေးကုန်ကြပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ဧပြီလ ၆ ရက်နေ့မှ စတင်ပြီး ပြင်ဦးလွင် – နောင်ချို – မိုးမိတ် ကားလမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီ တပ်ဖွဲ့က စစ်ဆေးမှု တင်းကြပ်စွာ ပြုလုပ်နေကြောင်းလည်း ဒေသခံများကပြောသည်။

လက်ရှိအချိန် စစ်ရှောင်ထွက်ပြေးရသည့် လူဦးရေကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ယခုဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲကြောင့် ကလေးငယ် နှစ်ဦး သေဆုံးရသည့် အပြင် အရပ်သားများလည်း ထိခိုက် ဒဏ်ရာရမှု ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာလည်း နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့မှု ရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း နောင်ချိုမြို့နယ် အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ဦးသည် စစ်ကောင်စီတို့၏ ပစ်သတ်မှု ခံရသည့် အပြင် ဒေသခံ ၅၀၀ ကျော်တို့ကလည်း စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...