နောင်ချိုမှာ ပြည်သူတစ်ဦး မိုင်းနင်းမိ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ခင်းသွားသည့် ပြည်သူတစ်ဦးက မိုင်းနင်းမိကြောင်း စုံစမ်း သိရ သည်။

PDF တပ်ဖွဲ့မှ ရွှေကြာအင်း ကျေးရွာ ဟုခေါ်သည့် (ကျူအန်း) ရွာအတွင်း လှုပ်ရှားစဥ်

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းတွင် နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြံစိုက်ခင်းကို ဆိုင်ကယ်တစ်စီး နဲ့ သွားနေတဲ့ အချိန်မှာ ခြံမရောက်ခင် လမ်းတစ်ဝက်မှာပဲ မိုင်းကို နင်းမိတာတဲ့၊ ဘယ်အဖွဲ့က လာထောင်ထားတဲ့ မိုင်းဆိုတာတော့ မသိရဘူး၊ လက်ရှိမှာတော့ နောင်ချိုဆေးရုံကို ပို့ဆောင် ထားလိုက်တယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် မြေမြှုပ်မိုင်းသည် ဘယ်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်းကို မသိရကြောင်း နှင့် လက်ရှိမှာလည်း ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း မှာလည်း နောင်ချိုမြို့နယ် လုံခန်ရွာ အနီးရှိ မြေမြှုပ်မိုင်းကို ဖြုတ်ရန် လာသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF လည်း မိုင်းပေါက်ကွဲမှုနှင့် ကြုံရပြီး ၄ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ကြောင်း ဒေသခံများက ဆက်ပြောသည်။

PDF တပ်ဖွဲ့မှ ရွှေကြာအင်း ကျေးရွာ ဟုခေါ်သည့် (ကျူအန်း) ရွာအတွင်း လှုပ်ရှားစဥ်

“အဲ့ဒီနေရာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတွေက သွားလာ လှုပ်ရှားလေ့ရှိတယ်၊ အခု မိုင်းကလည်း စကစတွေ ထောင်ထားတဲ့ မိုင်းပဲလားဆိုတာတော့ မပြောတတ်ဘူး၊ PDF တွေက မိုင်းဖြုတ်မလို့ ပြင်ဆင်နေတဲ့ အချိန်မှာ မိုင်းက ပေါက်ကွဲမှု ဖြစ်တာ၊ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု အထက်ပါ အမည်မဖော်လို သူက ဆက်ပြောသည်။

လက်ရှိ အချိန်သည် အထက်ပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာများနှင့် နောင်ချိုမြို့နယ် ဒေသအခေါ် ရွှေကြာအင်း ကျေးရွာ ဟုခေါ်သည့် (ကျူအန်း) (ၵိဝ်ႇဢၢင်း) ကျေးရွာအုပ်စု အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့က စစ်ရေး တင်းမာနေလျက်ရှိကြောင်း သတင်း သိရသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့မှာလည်း နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှု အနေဖြင့် စိုးရိမ်နေရသည့် အနေအထားသို့ ရောက်ရှိနေကြသဖြင့် ဒေသခံများ တချို့က နောင်ချိုမြို့ပေါ်သို့ ကြိုတင် စစ်ရှောင် သွားရောက်နေထိုင်ကြောင်း လည်း အမည်မဖော်လိုသူ အသက် ၂၅ နှစ် ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက် ပြောသည်။

“ဒီနေ့မှာလည်း နှစ်ဖက် တပ်ဖွဲ့က အရမ်းကို နီးကပ်လာပါပြီ၊ ထိတွေ့ပစ်ခတ်မှုက အချိန်မရွေး ဖြစ်နိုင်တယ်၊ ဒါကြောင့်လည်း တချို့ရွာက ဒေသခံတွေကတော့ မြို့ပေါ်ကို ရှောင်ထွက်သွားကြတယ်၊ အမျိုးတွေရှိတဲ့သူလည်း အမျိုးတွေဆီကိုပေါ့၊ တချို့အမျိုးမရှိတဲ့သူတွေကြတော့လည်း တစ်လ ၅ သောင်းကျပ်နှုန်းနဲ့ အိမ်ငှားနေကြတယ်” ဟု အထက်ပါ အမျိုးသားလူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကြိုတင်စစ်ရှောင်သည့် ပြည်သူများတွင် နောင်ချိုမြို့နယ်မှ လုံခန်ကျေးရွာ၊ ခေးနင်းကျေးရွာ (ဒိုးပင်ရွာ)၊ ဟိုခိုကျေးရွာ၊ ရွှေကြာအင်း ကျေးရွာ ဟုခေါ်သည့် (ကျူအန်း) (ၵိဝ်ႇဢၢင်း)၊ ကုန်းကြီးကျေးရွာအုပ်စုမှ ဟိုခဲရွာတို့ ဖြစ်ကြကြောင်း သိရသည်။

ယင်းကဲ့သို့ မြေပြင် စစ်ရေး တင်းမာမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းသိရှိနိုင်ရန်အတွက် ဒေသအတွင်း ရှိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF များထံသို့ ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ် မရခဲ့ပေ၊၊

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ဦးသည် စစ်ကောင်စီတို့၏ ပစ်သတ်မှု ခံရသည့် အပြင် ဒေသခံ ၅၀၀ ကျော်တို့ကလည်း စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...