Wednesday, January 28, 2026

နောင်ချိုမှာ ပြည်သူတစ်ဦး မိုင်းနင်းမိ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ခင်းသွားသည့် ပြည်သူတစ်ဦးက မိုင်းနင်းမိကြောင်း စုံစမ်း သိရ သည်။

PDF တပ်ဖွဲ့မှ ရွှေကြာအင်း ကျေးရွာ ဟုခေါ်သည့် (ကျူအန်း) ရွာအတွင်း လှုပ်ရှားစဥ်

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းတွင် နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြံစိုက်ခင်းကို ဆိုင်ကယ်တစ်စီး နဲ့ သွားနေတဲ့ အချိန်မှာ ခြံမရောက်ခင် လမ်းတစ်ဝက်မှာပဲ မိုင်းကို နင်းမိတာတဲ့၊ ဘယ်အဖွဲ့က လာထောင်ထားတဲ့ မိုင်းဆိုတာတော့ မသိရဘူး၊ လက်ရှိမှာတော့ နောင်ချိုဆေးရုံကို ပို့ဆောင် ထားလိုက်တယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် မြေမြှုပ်မိုင်းသည် ဘယ်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်းကို မသိရကြောင်း နှင့် လက်ရှိမှာလည်း ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း မှာလည်း နောင်ချိုမြို့နယ် လုံခန်ရွာ အနီးရှိ မြေမြှုပ်မိုင်းကို ဖြုတ်ရန် လာသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF လည်း မိုင်းပေါက်ကွဲမှုနှင့် ကြုံရပြီး ၄ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ကြောင်း ဒေသခံများက ဆက်ပြောသည်။

PDF တပ်ဖွဲ့မှ ရွှေကြာအင်း ကျေးရွာ ဟုခေါ်သည့် (ကျူအန်း) ရွာအတွင်း လှုပ်ရှားစဥ်

“အဲ့ဒီနေရာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတွေက သွားလာ လှုပ်ရှားလေ့ရှိတယ်၊ အခု မိုင်းကလည်း စကစတွေ ထောင်ထားတဲ့ မိုင်းပဲလားဆိုတာတော့ မပြောတတ်ဘူး၊ PDF တွေက မိုင်းဖြုတ်မလို့ ပြင်ဆင်နေတဲ့ အချိန်မှာ မိုင်းက ပေါက်ကွဲမှု ဖြစ်တာ၊ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု အထက်ပါ အမည်မဖော်လို သူက ဆက်ပြောသည်။

လက်ရှိ အချိန်သည် အထက်ပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာများနှင့် နောင်ချိုမြို့နယ် ဒေသအခေါ် ရွှေကြာအင်း ကျေးရွာ ဟုခေါ်သည့် (ကျူအန်း) (ၵိဝ်ႇဢၢင်း) ကျေးရွာအုပ်စု အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့က စစ်ရေး တင်းမာနေလျက်ရှိကြောင်း သတင်း သိရသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့မှာလည်း နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှု အနေဖြင့် စိုးရိမ်နေရသည့် အနေအထားသို့ ရောက်ရှိနေကြသဖြင့် ဒေသခံများ တချို့က နောင်ချိုမြို့ပေါ်သို့ ကြိုတင် စစ်ရှောင် သွားရောက်နေထိုင်ကြောင်း လည်း အမည်မဖော်လိုသူ အသက် ၂၅ နှစ် ဝန်းကျင် အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက် ပြောသည်။

“ဒီနေ့မှာလည်း နှစ်ဖက် တပ်ဖွဲ့က အရမ်းကို နီးကပ်လာပါပြီ၊ ထိတွေ့ပစ်ခတ်မှုက အချိန်မရွေး ဖြစ်နိုင်တယ်၊ ဒါကြောင့်လည်း တချို့ရွာက ဒေသခံတွေကတော့ မြို့ပေါ်ကို ရှောင်ထွက်သွားကြတယ်၊ အမျိုးတွေရှိတဲ့သူလည်း အမျိုးတွေဆီကိုပေါ့၊ တချို့အမျိုးမရှိတဲ့သူတွေကြတော့လည်း တစ်လ ၅ သောင်းကျပ်နှုန်းနဲ့ အိမ်ငှားနေကြတယ်” ဟု အထက်ပါ အမျိုးသားလူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကြိုတင်စစ်ရှောင်သည့် ပြည်သူများတွင် နောင်ချိုမြို့နယ်မှ လုံခန်ကျေးရွာ၊ ခေးနင်းကျေးရွာ (ဒိုးပင်ရွာ)၊ ဟိုခိုကျေးရွာ၊ ရွှေကြာအင်း ကျေးရွာ ဟုခေါ်သည့် (ကျူအန်း) (ၵိဝ်ႇဢၢင်း)၊ ကုန်းကြီးကျေးရွာအုပ်စုမှ ဟိုခဲရွာတို့ ဖြစ်ကြကြောင်း သိရသည်။

ယင်းကဲ့သို့ မြေပြင် စစ်ရေး တင်းမာမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းသိရှိနိုင်ရန်အတွက် ဒေသအတွင်း ရှိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ PDF များထံသို့ ကြိုးစားဆက်သွယ်သော်လည်း အဆက်အသွယ် မရခဲ့ပေ၊၊

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းမှာလည်း အာဏာသိမ်းစစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ဦးသည် စစ်ကောင်စီတို့၏ ပစ်သတ်မှု ခံရသည့် အပြင် ဒေသခံ ၅၀၀ ကျော်တို့ကလည်း စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...