နမ္မတူ

နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်းသိရသည်။ နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်း တပ် နှင့် RCSS/SSAတို့ တိုက်ပွဲ ယနေ့ အချိန်ထိ ဖြစ်ပွားနေကြောင့် ဒေသခံများပြောပြချက်...

နမ္မတူ နှစ်ကျော့ပြန်စစ်ရှောင်များ စိုးရိမ်မှုဖြင့် နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်းရှိ တိုက်ပွဲကြောင့် နှစ်ကျော့ပြန် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံများ မိမိနေရပ်သို့ စိုးရိမ်စိတ်ဖြင့်ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် မန်စံဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ပြည်သူ (၁၈၀) ခန့် ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၂၃)ရက် မနက်ပိုင်းတွင် မိမိနေရပ်သို့...

နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းသို့ စစ်ရှောင်များပြန်ရောက်လာ

နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များ နေရပ်သို့ ပြန်သွားပြီး နာရီပိုင်းအကြာ ပစ်ခတ်တိုက်ခိုက်မှုထပ်ဖြစ်သဖြင့် ရွာသားများ ဘုန်းကြီးကျောင်းသို့ပြန်လည်ထွက်ပြေး လာခဲ့ကြကြောင်းသိရသည်။ ဒီဇင်ဘာ (၁၇) ရက်ည နမ့်တောင်ကုန်းအုပ်စု နားကျဲကျေးရွာအနီး TNLA နှင့် RCSS တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နားကျဲရွာသားနှင့်ထိုအနီးရှိ ပန်ချင်အုပ်စုဝင် ပိန်းလုံကျေးရွာ၊ ကွန်ကျောင်းကျေးရွာ နှင့်...

တိုက်ပွဲမဖြစ်သော်လည်း တပ်များမဆုတ်ခွါသေး ၊ စစ်ရှောင်များလည်းမပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်နေသော်လည်း စစ်ဘေးရှောင် ၂၀၀ ကျော် နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ "ခုလောလောဆယ်တော့ တိုက်ပွဲက ငြိမ်နေတယ်။ ဘယ်ဘက်မှ စစ်အင်အားဖြည့်တာလည်းမရှိဘူး။ ရွာသားတချို့တော့ ပြန်နိုင်ကြပေမယ့်တချို့ကမပြန်နိုင်သေးဘူး" - ဟု RCSS/SSA မှပြောခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး...

သျှမ်း/မြောက် နမ္မတူတွင် RCSS နှင့် TNLA ကြားတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွါး လက်ရှိရွာသား ၂၀၀ ကျော်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့ကြား တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “မနေ့ နဲ့ ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်။ နှစ်ဖက် စစ်အင်အားဖြည့်တာတွေတော့ မကြားရသေးဘူး။ TNLA နဲ့ တိုက်ပွဲဖြစ်တာ ၃ ကြိမ်ပါ။ SSPP နဲ့က တစ်ကြိမ်။...

နမ္မတူတိုက်ပွဲ လက်နက်ကြီးကျည်ကျ ရွာသား ၄ ဦး ကျည်စထိမှန် ကိုယ်ဝန်သည်တဦးပါ၀င်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်ပိုင်ကျေးရွာအနီး RCSS နှင့် TNLA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ လက်နက်ကြီးကျည်ကျသဖြင့် ကိုယ်ဝန်သည် အမျိုးသမီး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ (၄) ဦး ရှိကြောင်းသိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၁၀) ရက် ည ၅ နာရီ...

နမ္မတူတွင်တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀ ကျော်အထိတိုးလာ 

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့်မဟာမိတ် တပ်ပေါင်းစုတို့အကြား တိုက်ပွဲကြောင့် စစ်ရှောင် (၂၅၀) ကျော် ရှိလာကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာ၊ ကွန်ကျောင်းကျေးရွာ၊ နားကျိုင်းကျေးရွာ နှင့်...

နမ္မတူတွင် TNLA နှင့် RCSS/SSA တို့စစ်ရေးတင်းမာ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း TNLA နှင့်  RCSS/SSA တို့ကြား စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲဖြစ်ပွါးမည်ကိုဒေသခံများ စိုးရိမ်နေကြသည်။    ဒီဇင်ဘာလ ၈ ရက် မနက်ပိုင်း တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ နမ္မတူမြို့ နယ် မန်စံကျေးရွာ အုပ်စု ပန်တောင်းတံတားတွင်  စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများ...

သျှမ်း/မြောက် နမ္မတူတွင် RCSS နှင့် TNLA တို့ပစ်ခတ်မှုဖြစ်ပွါး 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ယနေ့ မနက်ပိုင်းက RCSS/SSA နှင့် TNLA တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလ ၇ ရက် ယနေ့မနက်ပိုင်း နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာအုပ်စု ပန်တောင်းတံတား တွင် ( RCSS/SSA) နှင့် TNLA တို့...

နမ္မတူတွင် ပြည်တော်ပြန် တချို့ Quarantine ခံယူမှုမရှိ

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းသို့ပြန်လာသည့် ပြည်တော်ပြန်များသည် COVID-19 ကော်မတီကို အကြောင်းမကြားဘဲ မိမိနေအိမ်သို တိတ်တဆိတ့် ပြန်နေနေကြကြောင်း သတင်းရရှိသည်။ ထိုင်း၊ တရုတ်နိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန် များသည် Quarantine ဝင်ရောက်နေထိုင်ခြင်းမရှိဘဲ မိမိနေအိမ်သို့ တိတ်တဆိတ်ပြန်နေကြသဖြင့် နမ္မတူဒေသခံများ COVID-19ပျံ့နှံ့မှု ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း...

Latest news