Tuesday, January 27, 2026

နမ္မတူတိုက်ပွဲ လက်နက်ကြီးကျည်ကျ ရွာသား ၄ ဦး ကျည်စထိမှန် ကိုယ်ဝန်သည်တဦးပါ၀င်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်ပိုင်ကျေးရွာအနီး RCSS နှင့် TNLA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးရာ လက်နက်ကြီးကျည်ကျသဖြင့် ကိုယ်ဝန်သည် အမျိုးသမီး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ (၄) ဦး ရှိကြောင်းသိရသည်။

Photo Credit to Numtu Youth – လက်နက်ကြီးကျည်စ ထိမှန်သည့်နမ့်ပိုင်ရွာသူရွာသားအား ကူညီရေးအဖွဲ့က ဆေးရုံသို့ပို့ဆောင်ပေးစဉ်

ယမန်နေ့ ဒီဇင်ဘာ (၁၀) ရက် ည ၅ နာရီ မှ ၆ နာရီထိ နှစ်ဘက် တိုက်ပွဲများဖြစ်ပွားစဉ် ရွာသားများ ပြောင်းကြိတ်နေသည့်နေရာအနီး လက်နက်ကြီးကျည်ကျရောက်ရာ ကျည်စထိမှန်ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒဏ်ရာ ရရှိတဲ့သူ ၃ ယောက်ကတော့ သူတို့ မီးဖိုချောင်ထဲ ရှိနေချိန်မှာ လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။”ဟု ဗိုလ်မှူးခမ်းစံ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယမန်နေ့ညတွင်းချင်းမှာ လူမှုကူညီရေးအဖွဲ့များက ၄င်းတို့ကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး နမ္မတူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း စစ်ရှောင်ပြည်သူများကို ကူညီတဲ့ ကော်မတီအဖွဲ့ဝင် စိုင်းဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒဏ်ရာ ရရှိသူ (၄) ဦးမှာ ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦးပါတာ ဟုတ်ပါတယ်။နမ့်ပိုင်က ရွာသားတွေ မနေ့ည က ချက်ချင်းထွက်ပြေးလာပြီး မန်စံဘုန်းကြီးကျောင်းမှာ ရောက်လာကြပါတယ်။” ဟု စိုင်းဘဉာဏ် က ပြောသည်။

ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ်အတွင်း မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာအနီး RCSS နှင့် မဟာမိတ်တပ်ပေါင်းစုများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရွာသားများ မန်စံဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ခဲ့ရသည်။ယနေ့ လက်ရှိချိန်ထိ ကျေးရွာသားတစ်ချို့ နေရပ်သို့ မပြန်နိုင်သေးပေ။

“မန်စံဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်လာခဲ့ပါတယ်။ စစ်ဘေးရှောင်သူ ရှိထားတဲ့သူကော ထပ်ရောက်တဲ့သူကော အားလုံးပေါင်း (၂၂၅) ဦးလောက်ရှိမယ်။ မနေ့ညက ချက်ချင်းထွက်ပြေးလာကြတယ်။” ဟု စိုင်းဘဉာဏ် က ပြောသည်။

Photo Credit to Numtu Youth – လက်နက်ကြီးကျည်စ ထိမှန်သည့်နမ့်ပိုင်ရွာသူရွာသားအား ကူညီရေးအဖွဲ့က ဆေးရုံသို့ပို့ဆောင်ပေးစဉ်

ဒဏ်ရာ ရရှိသူ (၄) ဦးကို ယမန်နေ့ညတွင်းချင်း နမ္မတူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်မှာ မည်သည့်တပ်ဖွဲ့မှပစ်ခတ်သည့်ကျည်မှန်းမသိရကြောင်းလည်းရွာသားများကပြောသည်။

PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန ရေးသားဖော်ပြချက်အရ ဒီဇင်ဘာလအတွင်း RCSS တပ်ဖွဲ့တို့ နယ်မြေကျူးကျော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တအောင်းတပ်မတော် (TNLA) နှင့် တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မန်စံကျေးရွာ အုပ်စု နားကျဲကျေးရွာ၊ ကွန်ကျောင်းကျေးရွာ၊ နားကျိုင်းကျေးရွာ နှင့် ပိန်းလုံ ကျေးရွာ တို့ စစ်ဘေးရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

0
သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...

စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

0
စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃)ဉီး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး (၂)ဉီးဖြစ်ကြောင်း စစ်ရေး...

လားရှိုးမြို့ပေါ်ရောက် သီပေါ၊ နမ္မတူ စစ်ဘေးရှောင် ထောင်နှင့်ချီ အတွက် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်

0
စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် လားရှိုးမြို့ပေါ်သို့ရောက်ရှိလာသည့် သီပေါမြို့နှင့် နမ္မတူမြို့မှ စစ်ဘေးရှောင် ထောင်ချီအတွက် စားဝတ်နေရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် နမ္မတူမြို့ဘက်သို့ လေကြောင်းဖြင့်...

နမ္မတူဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်း ဆက်တိုက် ဗုံးကြဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၂) ရက်မှ စတင်ပြီး အောက်တိုဘာ (၇)ရက်အထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ပတ်အတွင်း...