နမ္မတူ နှစ်ကျော့ပြန်စစ်ရှောင်များ စိုးရိမ်မှုဖြင့် နေရပ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်းရှိ တိုက်ပွဲကြောင့် နှစ်ကျော့ပြန် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံများ မိမိနေရပ်သို့ စိုးရိမ်စိတ်ဖြင့်ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Photo by Nang Kham Aye

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် မန်စံဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ပြည်သူ (၁၈၀) ခန့် ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၂၃)ရက် မနက်ပိုင်းတွင် မိမိနေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်သူများထံသိရသည်။

“ဒီနေ့ မနက် အကုန်ပြန်သွားပါပြီ။ ပန်ချင် ဘုန်းကြီးကျောင်းမှာ ရှိတဲ့ စစ်ဘေးရှောင်တွေကတော့ ပြီးခဲ့တဲ့ (၂) ရက်လောက်က ပြန်သွားကြပြီ” မန်စံဘုန်းကြီးကျောင်းမှာ ကူညီနေသည့် စေတနာ့ဝန်ထမ်း ပါ့ခမ်းမီး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင်များ စခန်း(၂) နေရာ ထားရှိပြီး ထို ၂ နေရာသည် မန်စံ ရွှေစကားဝါကျောင်း နှင့် ပန်ချင်ဘုန်းကြီးကျောင်းတို့ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ (၁၇) ရက်နေ့လည်ပိုင်းက ပစ်ခတ်မှု ငြိမ်နေသဖြင့် စစ်ဘေးရှောင်များ နေရပ်သို့ ပြန်သွားကာ နာရီပိုင်းအကြာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွပြန်ဖြစ်ပွားမှုကြောင့် နှစ်ကျော့ပြန် စစ်ပြန်ရှောင်လာခဲ့ရသူများဖြစ်ကြောင်းသိရသည်။

RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံများ ဒီဇင်ဘာလ အတွင်း (၂) ကြိမ်ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

လက်ရှိ အခြေအနေ အရ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဒေသခံပြည်သူများ တိုက်ပွဲပြန်လည်ဖြစ်မည်ကို စိုးရိမ်ကြပြီး မိမိနေရပ်သို့ ပြန်သွားကြောင်း ဒေသခံများက ပြောဆိုကြသည်။

နမ္မတူမြို့နယ်အတွင်း ဒီဇင်ဘာ (၉) ရက်မှ စတင်ကာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်သည် အမျိုးသမီးတဦး အပါအဝင် အမျိုးသမီး ၃ ဦး နှင့် အမျိုးသား ၁ ဦး ကျည်ထိ မှန်ခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

နမ္မတူသတ္တုတွင်း ဝန်ထမ်းအိမ်ရာများကို TNLA ကဖယ်ရှားခိုင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်ရှိ သတ္တုတွင်း ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဖယ်ရှားရန် ညွှန်ကြားထားသောကြောင့် နှစ်ရှည်လများ အခြေချနေထိုင်လာသည့် အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များမှာ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄) ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူများကို TNLA အုပ်ချုပ်ရေးအဖွဲ့က...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...