တိုက်ပွဲ
ကွမ်းလုံမြို့သိမ်းတိုက်ပွဲ ဓနု PDF ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး၊ နှစ်ဦး ထိခိုက် ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွမ်းလုံမြို့ မြို့သိမ်းတိုက်ပွဲတွင် ဓနု PDF ရဲဘော် ၂ ဦး ကျဆုံးပြီး၊ ၃ ဦးထိဒဏ်ရာ ရရှိခဲ့ကြောင်း ၁၀၀၃ တပ်ရင်း ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရသည်။ သျှမ်းပြည် ကွမ်းလုံမြို့ နိုဝင်ဘာလ ၁၀ ရက် စခန်းကုန်းတိုက်ပွဲကို အမှတ် ၁၀၀၃...
သျှမ်း-ကရင်နီ နေရပ်ပြန် စစ်ရှောင်များ တိုက်ပွဲများကြား ထပ်မံပိတ်မိ
SHAN -
သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ ၊ လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆို့အတွင်း စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး တပ်ပေါင်းစုများက နိုဝင်ဘာ (၁၁)ရက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ရာ နေရပ်ပြန် စစ်ရှောင်များ ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာ (၁၁)ရက်တွင် ၁၁.၁၁ စစ်ဆင်ရေး အနေဖြင့် စစ်ကောင်စီ တပ်စခန်းများအား တော်လှန်ရေး...
ကွမ်းလုံမြို့အား ညီနောင်မဟာမိတ်အဖွဲ့ သိမ်းပိုက်၊ လောက်ကိုင်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ
SHAN -
သျှမ်းပြည် လားရှိုးခရိုင်ရှိ ကွမ်းလုံမြို့အား အပြီးအပိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့မှ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်မီဒီယာမှတဆင့် သတင်းထုတ်ပြန်လာသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီး သံချပ်ကာယာဉ်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိကြောင်း...
စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများ ထုတ်ပြန်
SHAN -
“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့ကို စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန် သျှမ်းလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများက ယနေ့ (နိုဝင်ဘာ ၁၁ ရက်)တွင် ထုတ်ပြန်လာသည်။ စစ်ရေးပဋိပက္ခတွင် ပါဝင်ကြသော နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့အားလုံးသည် ပြည်သူလူထုအား ခြိမ်းခြောက်ခိုင်းစေခြင်း၊...
ကုလသမဂ္ဂဆိုင်ရာ UNOCHA မှ သျှမ်းမြောက်စစ်ဘေးရှောင်များအတွက် အမေရိကန်ဒေါ်လာတစ်သန်း အသုံးပြုမည်ဟု ဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် လတ်တလော နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် အမေရိကန်ဒေါ်လာတစ်သန်း အသုံးပြုသွားမည်ဖြစ်ကြာင်း ကုလသမ္ဂဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA(ယူအန်အိုချာ) ၏ ကနဦးအစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။ အောက်တိုလာလ ၂၇ ရက်မှ စ၍ သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ် ၂၂ ခုတွင် အနည်းဆုံး မြို့နယ် ၉...
ရွာငံ စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ထောက်ပို့လုပ်ရန် ကားများ ပေါ်တာဆွဲ
SHAN -
သျှမ်းပြည် တောင်ပိုင်း ရွာငံ ဒေသတွင် စစ်ကောင်စီဘက် မှ တဖတ်သတ် လက်နက်ကြီး ပစ်ခတ်ပြီး ဒေသခံများ၏ ရာသီပေါ် သီးနှံခြံများရှိ ခြံစောင့်တဲ (၅)လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံလူငယ် တစ်ဦးထံမှ သိရှိရသည်။ "နိုဝင်ဘာ(၁)ရက်နေ့ကစပြီး ည(၉)နာရီလောက် မှာ ရွာငံဘက်ကို စစ်ကားအစီး(၂၀) တက်လာတယ်။ (၄)ရက်နေ့မှာတော့...
သျှမ်းမြောက်သို့ စစ်ကောင်စီတပ် အင်အားအများအပြား ဖြည့်တင်းနေ
SHAN -
ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် သျှမ်းပြည် မြောက်ပိုင်းသို့ တြိဂံဒေသနှင့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ ကုန်းလမ်းဖြင့် စစ်သည်အင်အား ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ကျိုင်းတုံမြို့ အခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ စစ်သည်အင်အားများကို...
မိုင်းရယ်တွင် “ဝ”နယ်မှ ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော်ရှိ
SHAN -
သျှမ်းပြည် မိုင်းရယ်မြို့တွင် “ဝ”နယ် နမ့်တစ်မြို့မှတဆင့် ပို့ဆောင်လာသော စစ်ဘေးရှောင် ၅၀၀ ကျော် ရောက်ရှိလာပြီး မြို့ပေါ်ဘုန်းကြီးကျောင်းနှင့် ဘောလုံးကွင်းတို့တွင် ခေတ္တညအိပ် တည်းခိုခဲ့ကြောင်း စုံစမ်းသိရသည်။ “ဝ”နယ် နမ့်တစ်မြို့တွင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်းလုံမြို့တို့မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင်များကို “ဝ”တပ်ဖွဲ့ UWSA မှ...
ကွတ်ခိုင်မြို့နယ် စစ်ရှောင် ၁ ထောင်ကျော် စားဝတ်နေရေးခက်ခဲနေ
SHAN -
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ထောင်ကျော် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစိမ်းသိရသည်။ သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုန်းစီကျေးရွာတွင် (အောက်တိုလာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁၀ ရက်)ထိ တိုက်ပွဲများကြောင့် ထွက်ပြေး လာရောက် တိမ်းရှောင်နေသူ စစ်ဘေးရှောင် ၁ထာင်ကျော် ရှိနေပြီ...
လားရှိုး စစ်ကောင်စီတပ် ဆင့်ကဲပေါက်ကွဲသည့် ဗုံးကြောင့် အရပ်သား ၂ ဦးဒဏ်ရာရ၊ နေအိမ် ပျက်စီးမှုရှိ
SHAN -
သျှမ်းပြည် လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စုတွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ပစ်လွှတ်လိုက်သည့် ဆင့်ကဲပေါက်ကွဲတတ်သော ဗုံးကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ် မက်ချိနုကျေးရွာအုပ်စု ဝမ်မွန်းကျေးရွာတွင် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညသန်းခေါင်အချိန်တွင် လားရှိုးအခြေစိုက်...






