တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်သားများ ထောက်ပံ့ရေးအတွက် လုပ်ငန်းရှင်များထံ အလှူခံနေ

မြန်မာ-ထိုင်းနိုင်ငံ နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ လုပ်ငန်းရှင်များထံ တိုက်ပွဲဝင်နေသော စစ်ကောင်စီ တပ်သားများ ထောက်ပံ့ရေးအတွက်ဆိုပြီး ဗျူဟာမှူးမှ အလှူငွေတောင်းခံနေကြောင်း သတင်းသိရှိရသည်။

တာချီလိတ်မြို့

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်တပ်ဖွဲ့ မဟာမိတ်၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မဟာမိတ်တို့အကြား တိုက်ပွဲဖော်ဆောင်လာချိန်တွင် စစ်ရေးအားနည်းလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်း အလှူငွေတောင်းခံခြင်း ခပ်စိပ်စိပ် ပြုလုပ်လာနေသည်။

စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်များတွင်လည်း K-pay နံပါတ်ဖြင့် အလှူငွေတောင်းခံနေပြီး ယမန်နေ့ ( နိုဝင်ဘာလ ၁၃ ရက်) ညပိုင်းအထိ ကျပ်သိန်း ၉၀ နီးပါး ရရှိပြီဖြစ်ကြောင်း Ko Thet ဆိုသည့် အကောင့်တွင် ဖော်ပြထားပါသည်။

တာချီလိတ်

ထိုနည်းတူ တာချီလိတ်မြို့ ဗျူဟာမှုးမှ ဦးဆောင်၍ ဟိုတယ်ပိုင်ရှင်နှင့် လုပ်ငန်းရှင်များထံ အလှူငွေကောက်ခံနေသည်ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တာချီလိတ် ဗျူဟာမှူးက တာချီလိတ်မှာရှိတဲ့ လုပ်ငန်းရှင်၊ ဟိုတယ်ပိုင်ရှင်တွေ အကုန်လုံးဆီက အလှူငွေလိုက်ခံနေတယ်။ ပိုက်ဆံတောင်းနေတယ်။ စစ်ဖြစ်နေတဲ့ဒေသမှာ သူတို့တပ်မတော်သားတွေ အထိနာတဲ့အတွက် သွားပြီးကူညီမယ်၊ ထောက်ပံ့မယ်ဆိုပြီးတော့ အတင်းကောက်နေပါတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများအတွက် ထောက်ပံ့ရေးကို ဘယ်လောက်ကောက်ခံနေကြောင်း မသိရှိရဘဲ ဆက်လက်စုံစမ်းမေးမြန်း နေခြင်းပင်။

ထို့အပြင် သျှမ်းမြောက်ဒေသတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေကာ စစ်ကောင်စီတပ်ဖွဲ့မှ အထိနာနေသည်။
ယင်းကဲ့သို့ တိုက်ပွဲဝင်နေသော စစ်ကောင်စီတပ်သားများအတွက် စေတနာရှင် အလှူရှင်ပြည်သူများက ဒံပေါက်ဘူးများ ပေးပို့လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...