အင်းသားအမျိုးသားနေ့ကို အဌမအကြိမ်မြောက်အဖြစ် ညောင်ရွှေမြို့တွင်ကျင်းပ

သုံးနှစ်တာ ရပ်နားခဲ့ရသည့် အင်းသားအမျိုးသားနေ့ကို ညောင်ရွှေမြို့တွင် နိုဝင်ဘာလ ၁၁ ရက်မှ စတင် ကျင်းပနေပြီး နိုဝင်ဘာလ ၁၃ ရက်တွင် အင်းသားအမျိုးသားနေ့ အခမ်းအနားကျင်းပသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အင်းသားအမျိုးသားနေ့

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့တွင် နှစ်စဉ်တန်ဆောင်မုန်းလဆန်း တစ်ရက်နေ့ကို အင်းသားအမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ဘုံကထိန်များ၊ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

နိုဝင်ဘာလ ၁၂ရက် က ညောင်ရွှေမြို့ရှိ ရွှေတောင်ဦး စုမ့်မိန်းဓမ္မစေတီတော်ကို ဗဟိုပြု၍ နန္ဒဝန်လမ်းအတိုင်း စုပေါင်းမဟာဘုံကထိန်များ လှည့်လည်ခဲ့ကြသည်။

အင်းသားအမျိုးသားနေ့

တတိယရက်ဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက် တန်ဆောင်မုန်းလဆန်းတစ်ရက်နေ့တွင် အင်းသားအမျိုးသားနေ့ အခမ်းအနားကို နံနက် ၈ နာရီတွင် အင်းသားရိုးရာ ရာကျော်လှေများ ချီတက် လှော်ခတ်လာသည်ကို ကြိုဆိုခြင်း၊ အခမ်းအနားကျင်းပမည့် ကျောက်တိုင်ကွင်းသို့ ထွက်ခွာရောက်ရှိခြင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများအား ကြည့်ရှုအားပေးခြင်း၊ လူထုအခမ်းအနား သို့ တက်ရောက်လာသည့် ရေလမ်းကုန်းလမ်းမှ လူထုပရိသတ်များ စင်မြင့်ရှေ့တွင်နေရာယူခြင်းစသဖြင့် အခမ်းအနားကို နံနက် ၉ နာရီခွဲတွင် ဖွင့်လှစ်ပြီး ၁၀ နာရီ ၁၅ မိနစ်တွင် အခမ်းအနားပြီးမြောက်ခြင်းနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ ဖျော်ဖြေတင်ဆက်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

” ဟိုဘက်မှာက တိုက်ပွဲတွေဖြစ်နေကြလို့ ဒီဘက်ကလူတွေ ပျော်ပွဲရွှင်ပွဲတွေ ကြီးကြီးကျယ်ကျယ် မလုပ်သင့်ဘူး ဆိုပြီး ပြောတဲ့ အသင်းအဖွဲ့တွေရှိတယ် ရိုးရာ ဘာသာရေးပွဲမို့ လို့လည်း အတင်းအကြပ်ကြီးတော့ မပိတ်ပင်ကြပါဘူး။ ဒီဘက်ကလည်း အကျဉ်းချုံးပြီး လုပ်ကြတာပါ”ဟု ညောင်ရွှေမြို့ခံတစ်ဦးမှ သျှမ်းသံတော်ဆင့်ကိုပြောသည်။

ညောင်ရွှေမြို့ ၊ ကျောက်တိုင်ကွင်းတွင် အင်းသားအမျိုးသားနေ့အခမ်းအနားကို နိုဝင်ဘာလ ၁၄ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များ ဆိုင်းဝိုင်းများ ရိုးရာပြိုင်ပွဲများစသည့် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်နေ့က အင်းအမျိုးသားနေ့ကို ထောက်ခံ ကြိုဆိုသော်လည်း နိုင်ငံရေးအခြေအနေအရ အကျဉ်းချူံးသာ လုပ်ရန် အင်းလေးလူထုအရေး လှုပ်ရှားသူတစ်ချို့က လှုံ့ဆော်တိုက်တွန်းထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...