ပုဂ္ဂလိက ဘဏ်များတွင် အပ်နှံထားသည့် ပြည်သူများ၏ ငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရန် စီမံဆောင်ရွက်နေကြောင်း NUG ပြော

ကြားကာလတွင် ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်လျက်နေကြောင်း ဒေသများရှိ ပုဂ္ဂလိက ဘဏ်များတွင် အပ်နှံထားသည့်ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးနစ်နာမှုမရှိစေရန် စီမံဆောင်ရွက် နေကြောင်း အမျိုးသားညီညွတ်ရေးအဆိုးရ (NUG)က ယနေ့ (နိုဝင်လာလ ၁၃) ရက်တွင် အသိပေးကြေညာခဲ့သည်။

Photo – Credit ( CB Bank)

အောက်တိုဘာလမှ စတင်ပြီး အရှိန်မြင့်တက်လာခဲ့သော ပြည်သူ့ နွေဦးတော်လှန်ရေး၊ အကောင်ထည်ဖော် လျက်ပြီး ဒေသများရှိ ပုဂ္ဂလိက ဘဏ်တွင် အပ်နှံထားသည့် ပြည်သူ၏ ငွေများကို ဆုံးရှုံးမှုမရှိစေရန် အမျိုးသားညီညွတ်ရေးအဆိုးရ (NUG)သည် ကြားကလ ဗဟိုဘဏ်အနေဖြင့် အချိန်နှင့် တပြေးညီ စီမံ ဆောင်ရွက်လျက်ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

ကြားကာလ ဗဟိုဘဏ်တည်ထောင်ခြင်းဆိုင်ရာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန် နှင့်အတူ ပြည်သူများ၏ဆုံးရှုံးနှစ်နာမှုများကို အချိန်မီကုစားရန်၊ ပြည်သူအုပ်ချုပ်ရေးကို စတင်ဆောင်ရွက်နေသည့် ဒေသများတွင် ဘဏ္ဍာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရန် စနစ်တူကျရှိစေရန် တာဝန်ယူမှု၊တာဝန်ခံမှု ရှိစေရန် စီစဉ်ဆောင်ရွက် နေကြောင်း ထုတ်ပြန်ခဲ့သည်။

သိမ်းပိုက်ရရှိထားသည့် နယ်မြေအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ ပရိဝုဏ်၊ အဆောက်အအုံ၊ ဘဏ်ဝန်ထမ်းများ ၊ ဘဏ်အတွင်းရှိ ငွေသား ၊ ဘဏ်ငွေတိုက် (Vault) ရှိငွေသား၊ စာရင်းမှတ်တမ်းများ၊ စာချုပ်စာတမ်းများ၊ ပေါင်နှံစာရွက်စာတမ်းများ (Collateral)၊ ဘဏ်အတွင်းရှိ စက်ပစ္စည်းကိရိယာများ၊ ရုံးသုံး Software၊ Hardware များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ဖော်ပြသတ်မှတ်ထားပြီး လိုက်နာ အကောင်အထည်ဖော်ဆောင်မှုများကို အထူးကြပ်မတ် စီမံနေကြောင်း သိရသည်။

အခြေအနေတည်ငြိမ်သည်နှင့် ထိန်းသိမ်းပြုစုထားသည့် စာရင်း၊ ဇယား၊ မှတ်တမ်းများနှင့် အညီ ပြည်သူ့ အပ်နှံငွေများ ပြည်သူ့ထံပြန်လည်ရရှိစေရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူ့အကျိုးစီးပွားကို အစဉ်ရှေ့တန်းတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိ ပေးကြေညာခဲ့ပါသည်။

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့၊ လားရှိုး ဘဏ်ခွဲဖြစ်သည့် သိန္နီ CB Bank ကို (နိုဝင်ဘာလ ၆ ရက်) ညနေပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့က ဝင်ရောက် ဖောက်ခွဲခဲ့ပြီး မြန်မာကျပ်ငွေ သိန်းထောင်ချီ ဆုံးရှုံးသွားခဲ့ကြောင်း ဘဏ်နှင့်နီးစပ်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...