“ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်သို့ စစ်ရှောင်များ ထပ်မံရောက်ရှိလာ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်တွင် “ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ထပ်မံ ရောက်ရှိနေကြောင်း စစ်ရှောင်ကောင်မတီထံမှ စုံစမ်းသိရသည်။

ဆီဆိုင် စစ်ရှောင်

ယခုရက်ပိုင်းကာလအတွင်း သျှမ်း-ကရင်နီ နယ်စပ် တလျောက်နှင့် ကရင်နီ (ကယား) ပြည်အတွင်း “ ၁၁.၁၁ စစ်ဆင်ရေး “ ခေါင်းစဉ်ဖြင့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်ရှောင်ရသည့် စစ်ရှောင်များ ရှိနေသည်။

လက်ရှိ စစ်ရှောင်များသည် ဆီဆိုင်မြို့နယ် ကျေးရွာအတွင်းသို့ ရောက်နှင့်လာကြပြီး ဖြစ်သော်လည်း အချို့မှာ ထွက်ပြေးတိမ်းရှောင်လာစဉ် လမ်းတစ်ဝက်မှာ ရှိနေသေး ကြောင်း ဆီဆိုင်မြို့ စစ်ရှောင်ကော်မတီတစ်ဦး က ပြောသည်။

“ ဆီဆိုင်မှာ စစ်ရှောင်အသစ်တွေ ထပ်ရောက်လာတယ်။ ဘယ်လောက်ရှိလည်းတော့ မသိရသေးဘူး။ တချို့လည်း လာနေတုန်း လမ်းပိတ်နေတယ်။ တောလမ်းကနေတစ်ဆင့် လာတာမရောက်သေးဘူး၊ တချို့လည်း ရောက်နှင့်နေပြီ။ အခုရွာမှာရောက်နေကြတာ လောလောဆယ်တော့ လိုက်မကြည့်နိုင်သေးဘူး။ လူကတော့ တော်တော်များတယ် “ ဟု ၎င်းကော်မတီတစ်ဦးက ပြောသည်။

ဆီဆိုင် စစ်ရှောင်

ယင်းကဲ့သို့ စစ်ရှောင်များ နေ့စဉ်နီးပါး ဝင်ရောက်တိမ်းရှောင်လာကြသဖြင့် လူဦးရေကို အတိမကျမရသေးကြောင်း ၎င်းက ဆိုသည်။

အလားတူ သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဖယ်ခုံမြို့တွင်လည်း “ ၁၁.၁၁ စစ်ဆင်ရေး “ ဖော်ဆောင်လာသည့်နောက်ပိုင်း ပစ်ခတ်သံများ မကြာခဏ ကြားနေရသည်ဟု ဖယ်ခုံမြို့စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ နေ့တိုင်းပစ်နေကြတာပဲ။ ကျမတို့က တောမှာနေတဲ့အခါကျတော့ သေနတ်သံပဲ ကြားနေရတယ်။ စစ်ရှောင် အသစ်တွေလည်း ထပ်ရောက်လာတယ်။ မြိုးဗြဲဘက်ကလူတွေလည်း ဒီဘက်ဖယ်ခုံကိုပဲ ရှောင်လာကြတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၁ ရက်) မှစ၍ သျှမ်း-ကရင်နီ တလျောက်နှင့် ကရင်နီ (ကယား) ပြည်တွင် “ ၁၁.၁၁ စစ်ဆင်ရေး “ ဟုဆိုကာ တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသည့် KA၊ KNDF၊ KNPLF၊ DMO Local PDF မြို့ပြတော်လှန်ရေးတပ်ဦး (URF) အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲနှင့် ကယား (ကရင်နီ) စစ်ဒေသခွဲ PDF တပ်ရင်းများ စုပေါင်း၍ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

စစ်ဆင်ရေး ပထမရက်တွင် ဒီးမော့ဆို၊ မိုးဗြဲနှင့် လွိုင်ကော် မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်များ ကာလကြာမြင့်စွာ အထိုင်ချတပ်စွဲထားသော စစ်စခန်း (၇) ခုကို သိမ်းယူနိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပေါင်းစုံ (၁၀၀) နီးပါးနှင့် ခဲယမ်းကျည်ဆံများကို သိမ်းဆည်းနိုင်ခဲ့ကာ တိုက်လေယာဉ် ၁ စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ နိုဝင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...