လားရှိုးစစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ သေဆုံးမှုရှိ

သျှမ်းပြည် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဒရုန်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ပြီး သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ

လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် အမတ-၃၄၆ အမြောက်တပ်၊ ခလရ-၄၁ တပ် နှင့် ခမရ-၅၀၇ တပ်တို့ကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာ ၁၁ ရက် ညအချိန်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ဟုတ်တယ်၊ အရင်ည (နိုဝင်ဘာ ၁၁ ရက်)က အထက်မန်အိုင်မှာရှိတဲ့ ခမရ-၅၀၇ တပ်ထဲကို ကိုးကန့်တပ်က ဒရုန်းနဲ့ ဗုံးလာပစ်တော့ တပ်ထဲက မိန်းမ ၂ ဦး ပွဲချင်းပြီး သေတယ်ပြောတယ်၊ သေချာမသိရသေးဘူး။ ဒဏ်ရာရတဲ့လူတွေကို လားရှိုးက စစ်ဆေးရုံထဲမှာ ကုပေးထားတယ် ပြောတယ်။ ခုတလော လားရှိုးမြို့ပေါ်က တပ်တွေကို မဟာမိတ်တပ်တွေက ဒရုန်းနဲ့ ထောက်လှမ်းပြီး ဗုံးကျဲတာတွေ ရှိလာတယ်”ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့

ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) ညအချိန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ အထက်မန်အိုင်ရှိ ခမရ-၅၀၇ တပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်အတွင်းရှိ အမျိုးသမီး ၄ ဦး သေဆုံးခဲ့သည်ဟု သိရသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်တွင် လားရှိုးမြို့ အမှတ်(၂) ရဲစခန်းကိုလဲ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၎င်းရဲစခန်းနှင့် ကပ်လျက်ရှိ မန်ပန်ပြည်သူ့စစ် အုတ်တံတိုင်း ထိမှန်ပျက်စီးခဲ့ပြီး နေအိမ်အချို့မှ ပြတင်းမှန်များလည်း အက်ကွဲခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

ထို့အပြင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် ခလရ-၄၁ ဗျူဟာကုန်း တို့ကိုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက် ၂ နာရီခွဲခန့်တွင် အမြောက်ဖြင့် တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ထဲမှနေ၍ အနီးအနား ကျေးရွာများသို့ စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ပြည်သူသေဆုံးဒဏ်ရာရရှိမှုနှင့် လူနေအိမ် ထိခိုက်ပျက်စီးမှု အများအပြား ရှိနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာယာဉ် ၄ စီးတို့သည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် စစ်ကောင်စီတပ်မှ ဂုတ်တွင်းလမ်းပိုင်းကို အပြင်းအထန် ထိုးဖောက်လျက်ရှိရာ TNLA တပ်ဖွဲ့မှ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန်အတွက် သီပေါ ဘော်ကြိုအဝင်ရှိ ကျင်သီတံတားကို ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)တွင် ဗုံးခွဲဖျက်ဆီးထားခြင်းကြောင့် တံတား အထက်ပိုင်းကျိုး၍ သွားလာနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...