Wednesday, January 28, 2026

လားရှိုးစစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ သေဆုံးမှုရှိ

သျှမ်းပြည် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဒရုန်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ပြီး သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ

လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် အမတ-၃၄၆ အမြောက်တပ်၊ ခလရ-၄၁ တပ် နှင့် ခမရ-၅၀၇ တပ်တို့ကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာ ၁၁ ရက် ညအချိန်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ဟုတ်တယ်၊ အရင်ည (နိုဝင်ဘာ ၁၁ ရက်)က အထက်မန်အိုင်မှာရှိတဲ့ ခမရ-၅၀၇ တပ်ထဲကို ကိုးကန့်တပ်က ဒရုန်းနဲ့ ဗုံးလာပစ်တော့ တပ်ထဲက မိန်းမ ၂ ဦး ပွဲချင်းပြီး သေတယ်ပြောတယ်၊ သေချာမသိရသေးဘူး။ ဒဏ်ရာရတဲ့လူတွေကို လားရှိုးက စစ်ဆေးရုံထဲမှာ ကုပေးထားတယ် ပြောတယ်။ ခုတလော လားရှိုးမြို့ပေါ်က တပ်တွေကို မဟာမိတ်တပ်တွေက ဒရုန်းနဲ့ ထောက်လှမ်းပြီး ဗုံးကျဲတာတွေ ရှိလာတယ်”ဟု လားရှိုးမြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့

ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) ညအချိန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ အထက်မန်အိုင်ရှိ ခမရ-၅၀၇ တပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်အတွင်းရှိ အမျိုးသမီး ၄ ဦး သေဆုံးခဲ့သည်ဟု သိရသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်တွင် လားရှိုးမြို့ အမှတ်(၂) ရဲစခန်းကိုလဲ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၎င်းရဲစခန်းနှင့် ကပ်လျက်ရှိ မန်ပန်ပြည်သူ့စစ် အုတ်တံတိုင်း ထိမှန်ပျက်စီးခဲ့ပြီး နေအိမ်အချို့မှ ပြတင်းမှန်များလည်း အက်ကွဲခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

ထို့အပြင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် ခလရ-၄၁ ဗျူဟာကုန်း တို့ကိုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) နံနက် ၂ နာရီခွဲခန့်တွင် အမြောက်ဖြင့် တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ထဲမှနေ၍ အနီးအနား ကျေးရွာများသို့ စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ပြည်သူသေဆုံးဒဏ်ရာရရှိမှုနှင့် လူနေအိမ် ထိခိုက်ပျက်စီးမှု အများအပြား ရှိနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသော စစ်ကား ၄၀ စီးကျော်နှင့် သံချပ်ကာယာဉ် ၄ စီးတို့သည် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ ချီတက်နိုင်ရန်အတွက် စစ်ကောင်စီတပ်မှ ဂုတ်တွင်းလမ်းပိုင်းကို အပြင်းအထန် ထိုးဖောက်လျက်ရှိရာ TNLA တပ်ဖွဲ့မှ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်နိုင်ရန်အတွက် သီပေါ ဘော်ကြိုအဝင်ရှိ ကျင်သီတံတားကို ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)တွင် ဗုံးခွဲဖျက်ဆီးထားခြင်းကြောင့် တံတား အထက်ပိုင်းကျိုး၍ သွားလာနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...