တိုက်ပွဲ

မူဆယ်မြို့နယ် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူအသက်အန္တရာယ်စိုးရိမ်နေရ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ကျေးရွာအချို့တွင် ညီနောင်မဟာမိတ်တို့ ဒရုန်းများ၊ စစ်ကောက်စီတို့၏ လက်နက်ကြီး များနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင်း ပြည်သူများ အသက်အန္တရာယ် စိုးရိမ်နေရသည့် အဆင့်ဖြစ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ " အခု က...

သိန္နီစစ်ရှောင်စခန်း ရှော့တိုက်ဒုံးကျ အမျိုးသမီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ၊ စစ်ဘေးရှောင်များကို နှစ်ဖက်တပ်ဖွဲ့များက လူသားဒိုင်းကာလုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သော ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်အချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့်...

လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...

သီပေါမြို့နယ် စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရ၊ ဒေသခံများ နှစ်ဘက်တိုက်ပွဲအတွင်း လုံခြုံရေးစိုးရိမ်နေ

သျှမ်းပြည် သီပေါမြို့နယ်တွင် မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရသဖြင့် ဒေသခံများမှာ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နှင့် လားရှိုးမြို့အကြား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားသည် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း...

စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး

သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား​(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...

သိန္နီ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦး ပွဲချင်းပြီးသေဆုံး၊ ကလေး ၂ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်) ည ၉ နာရီအချိန်ခန့်တွင် သိန္နီမြို့အခြေစိုက်...

စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် နမ့်ခမ်းမြို့ပေါ် ဗုံးကြဲ အရပ်သားတစ်ဦးသေဆုံး၊ ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

နမ့်ခမ်းမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှ ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့နယ် ယမန်နေ့ ( ဒီဇင်ဘာလ ၁) ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နောင်စန့်၊ဟိုကတ်၊ကောင်းနောင်မိုရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား...

နမ့်ခမ်းမြို့နယ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး၊ လူငယ်တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက် နံနက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၁ ရက်နေ့) မနက် ၈ နာရီခွဲတွင် နမ့်ခမ်းမြို့...

ကိုးကန့်ဒေသ နေထိုင်သူများ အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းရ

သျှမ်းပြည် အထူးဒေသ (၁) အတွင်း နေထိုင်သူများသည် အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲတွင် အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တို့ ကျဆုံးမှုများပြားလာချိန်တွင်...

ကျောက်မဲမြို့ တိုင်းရင်းသားလက်နက်ကိုင်တံဆိပ်ပါ အလောင်းပေါင်း ၇၀ ကျော်တွေ့ သတင်းအမှား

သျှမ်းပြည် ကျောက်မဲမြို့ရှိ နတ်ရေကန်ဝိမုတ္တိ ဘုန်းကြီးကျောင်းနှင့် တရုတ်သချိုင်းအနီးတွင် ရှိသော ရှိုထဲတွင် သေဆုံးပွနေသော (TNLA၊ KIA၊ MNDAA၊ AA၊ PDF) တံဆိပ်များပါ အလောင်းပေါင်း ၇၀ ကျော်တွေ့ရှိသည် ဆိုသည့် သတင်းအမှား ဖြန့်ဝေနေသည်။ ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် “ ပွတ်ပွနေသာ အလောင်းများအား...

Latest news