တိုက်ပွဲ
ထီရီးရွာတွင် လက်နက်ကြီးများ ကျရောက်၊ ဒေသခံများနှင့်အတူ စစ်ရှောင်များပါ ထပ်မံ တိမ်းရှောင်နေရ
SHAN -
သျှမ်းပြည် ညောင်ရွှေမြို့နယ် ထီရီး ကျေးရွာတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သောလက်နက်ကြီးများ ကျရောက်မှုနှင့် သေနတ်သံများကြောင့် ကျေးရွာ ဒေသခံများအပြင် ကရင်နီပြည်မှ စစ်ရှောင်လာသူများပါ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ (ကယား) နယ်စပ်ဒေသဖြစ်သော ထီရီး နှင့် ဆောင်နန်းခဲ ကျေးရွာများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၁)...
နမ့်ခမ်းမြို့သိမ်းအောင်ပွဲ ဆင်နွှဲမည့် TNLA တပ်ဖွဲ့ကြောင့် ဒေသခံများက လုံခြုံရေးစိုးရိမ်
သျှမ်းပြည် နမ့်ခမ်းမြို့တွင် TNLA တပ်ဖွဲ့က မြို့သိမ်းအောင်ပွဲ ဆင်နွှဲလာမည့်အပေါ် ဒေသခံများက လုံခြုံရေးကို အလွန်အမင်း စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ နမ့်ခမ်းမြို့သိမ်းအောင်ပွဲကို ဒီဇင်ဘာလ ၂၅ ရက်တွင် ပြုလုပ်မည်ဟု ဒေသခံများအကြား ပျံ့နှံ့နေပြီး ၎င်းလုပ်ရပ်ကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်နေရကြောင်း နမ့်ခမ်းဒေသခံများက...
မူဆယ်မြို့နယ် တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲ
သျှမ်းပြည် မူဆယ်မြို့နယ် နမ့်ခွမ်ရွာ-တုန်ခန်ရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် နေကြောင်း သတင်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) မွန်းလွဲပိုင်းအချိန်မှစပြီး မူဆယ်မြို့နယ် နမ့်ခွမ်ရွာ-တုန်ခုန်ရွာ အကြားတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း...
မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စတုတ္ထမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာ
သျှမ်းပြည် မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စတုတ္ထမြောက် ထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်)တွင် မန်တုံမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၃၀ ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မန်တုံမြို့သည် နမ့်ဆန်၊ နမ့်ခမ်းနှင့်...
နမ့်ခမ်းတွင် နေ့စဥ်နီးပါး အိမ်များဖောက်ထွင်းခံရ
နမ့်ခမ်းမြို့တွင် TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ပြည်သူနေအိမ်များ နေ့စဉ်နီးပါး ဖောက်ထွင်းခံနေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် နမ့်ခမ်းမြို့တွင် "၁၀၂၇ စစ်ဆင်ရေး" စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြသည်။ ထို့နောက် နမ့်ခမ်းမြို့ကို TNLA တပ်ဖွဲ့မှ ဒီဇင်ဘာ ၁၉ရက် နံနက် ၁နာရီကျော်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး...
မူဆယ်မြို့ အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်ပြတ်သွား
သျှမ်းပြည် မူဆယ်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၂၃)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ရွှေလီမြစ်(နမ့်မောဝ်) ကမ်းဘေး နွားခြံတစ်ခုအနီးတွင် ယနေ့ (ဒီဇင်ဘာလ ၂၃) ရက် နေ့လည် ၁ နာရီဝန်းကျင်၌ အမျိုးသားတစ်ဦး...
နမ္မတူမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၂)ဦးထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ရာ ကလေးတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွား ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၂၃) ရက် နံနက်ပိုင်း ၅ နာရီကျော်မှ ၁၀ နာရီဝန်းကျင်အထိ နမ္မတူမြို့ အခြေစိုက် စစ်ကောင်စီ၏...
သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသ စစ်ဘေးရှောင် ၉ ထောင်ကျော်ရှိလာ
သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း) ဒေသအတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် လူဦးရေ ၉ ထောင်ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း စစ်ရှောင်ကော်မတီများထံမှ သိရသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း တိုက်ပွဲများကြောင့် ဒေသခံများသည်...
ကွတ်ခိုင် စစ်ကောင်စီတပ်က TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးသွား
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး အရပ်သား ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကွတ်ခိုင်အခြေစိုက် ခလရ-၄၅ မှ စစ်ကောင်စီတပ်သားများသည် TNLA တံဆိပ်ပါစစ်ဝတ်စုံ ဝတ်ဆင်ပြီး ကွတ်ခိုင်မြို့သစ်...
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့တင်ပို့ ဂတ်စ်ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီး
သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်သို့ တင်ပို့ရောင်းချနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက် အဆောက်အဦး ၁၆၀ နီးပါး ပျက်စီးသွားခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRFကထုတ်ပြန်လိုက်သည်။ အောက်တိုဘာလ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖော် ဦးဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး”အပြီး...





