စစ်ကောင်စီနှင့် စစ်ရေးပြင်းထန်နေသည့် ညီနောင် (၃)ဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံ

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပြင်းထန်နေသည့် စစ်ရေးရှိန်လျော့ ရေးအတွက်ကို တရုတ်နိုင်ငံက ဒုတိယအကြိမ် နွေး‌ဆွေးပွဲကို ကြားဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ မိုင်းလားရောက်

ဒုတိယအကြိမ်အစည်းအဝေးကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ – NSPNC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တက်‌ရောက်ပြီး မြောက်ပိုင်းမဟာမိတ်တပ် ၃ ဖွဲ့ဘက်က ကိုးကန့်တပ် – MNDAA ၊ တအာင်း (ပလောင်)တပ် – TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့တက်ရောက်ခဲ့သည်။

MNDAA မှ လောက်ကိုင်ထဲတွင်ပိတ်မိနေသူတို့၏ လုံခြုံစွာနှင့် အပြင်ထွက်နိုင်မယ့် (Humanitarian Passage – လူသားစာနာထွက်ခွာခွင့်ပြုရေးလမ်းကြောင်း) ကို ခွင့်ပြုပေးရန် အဓိကဆွေးနွေးခဲ့ပြီး စစ်တပ်ဘက်တွင်လည်း လောက်ကိုင်ကိုဝင်မတိုက်ရန်ဆိုသည့် အချက် ကိုဆွေးနွေးခဲ့သည်။

စစ်ကောင်စီ မှမြောက်ပိုင်း စစ်‌ရှိန်လျှော့ရေး( De-escalation)ကို အဓိကထားဆွေးနွေးခဲ့ပြီး နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပြန်စနိုင်ရန်နှင့် မြောက်ပိုင်းမှ တခြားဒေသကို စစ်ဘောင်မကျယ်ရေး ဆိုသည့်အချက်ကိုဆွေးနွေးခဲ့သည်။

ပုံ- NSPNC နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ မိုင်းလား၌ တွေ့ဆုံဆွေးနွေးစဥ်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဒီဇင်ဘာ ၂၂ ရက်နေ ၂၄ နေ့အထိ ‌၃ ရက်ကြာ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် မည်သည့် အကြောင်းအရာကို ဆွေးခဲ့ကြောင်း “သတင်းကို မသိရသေပါဘူး’ဟု TNLA ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော်လည်း TNLA ၏ ဗိုလ်မှူးချုပ် တားဘုန်းကျော် ကဘီဘီစီ သတင်းဌာနကို“တရုတ်ကတော့ သူရဲ့နစ်ကိုယ်ရပ်တည်ချက်အတိုင်းပဲ ရပ်တည်တယ်။ကျနော်တို့ကို ဒီနယ်စပ် တည်ငြိမ် အေးချမ်းဖို့ တိုက်ပွဲတွေမဖြစ်ဖို့ဆိုတော့ ခုတိုက်ပွဲတွေပြင်းထန်နေတော့ သူကို ရိုက်ခက်မှုတွေရှိတယ်။ ဒါကြောင့်မလို့ ကျနော်တို့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးတာတွေရှိပါတယ်။အဲ့ကိုကျနော်တို့ ကျော်လွဲနိုင်မဲ့ နည်းလမ်းတွေ ကျနော်တို့ရဲ့ အခြေအနေ ကိုနားလည်အောင် ကျနော်တို့လည်း နည်းလမ်းတွေရှာပြီးတော့ တင်ပြဆွေး နွေးနေပါတယ်”ဟု ဖြေကြားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၁) ရက်မှ ဒီဇင်ဘာ (၁၃) ရက်ထိ တရုတ်နိုင်ငံရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုနှင့် ပထမအကြိမ်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မြောက်ပိုင်းညီနောင်(၃) ဖွဲ့နဲ့ စစ်ကောင်စီအကြား ယာယီအပစ်ရပ်မည့် “ဟိုင်ဂင် သဘောတူညီချက်” ကို ရရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်ညနေပိုင်းတွင်လည်း ဒီဇင်ဘာလအတွင်း အပစ်အခတ်ရပ်စဲရေး၊ စစ်သုံ့ပန်းတွေနဲ့ သက်ဆိုင်ရာအကျဉ်းသားတွေကို အမြန်ဆုံး လဲလှယ်ဖို့၊ ထိန်းချုပ်နယ်မြေများအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့်) လုံးဝတားမြစ်ပပျောက်ဖို့နှင့် အရေးပါသော ခေါင်းဆောင်တွေကို အမြန်ဆုံးဖမ်းဆီး လွှဲပြောင်းပေးအပ်ဖို့ ကို လည်းဆွေးနွေးကြတယ်လို့ သိရသည်။

“၁၀၂၇ စစ်ဆင်‌ရေး” တိုက်ပွဲများကြောင့် သီပေါမြို့နယ်ရှိ စဉ့်အင်းတံတားနှင့်ကျင်သီတံတား၊ သိန္နီမြို့ဝင်တံတား ၊ကွမ်းလုံနှင့် ဟိုပန်ကြားရှိ ဖောင်ဆိပ် နိမ့်တိန်ချောင်း တံတားများ၊လမ်းများ ဖျက်ဆီးခံခဲ့ရပြီး မြန်မာ-တရုတ်နယစ်ပ ကုန်သွယ်ရေး၊ လက်ပန်းဆက်သွယ်ရေး များအခက်အခဲဖြစ်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...