တိုက်ပွဲ

ပင်လောင်းစစ်ရှောင်များအတွက် အလှူရှင်မရှိ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရကြောင်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှာင်များအတွက် အလှူရှင်များမရှိသည့် အတွက်ကြောင့် စားဝတ်နေ‌ရေး၊စောင့်နှင့် ဆေးဝါများ အရေးပေါ်လိုအပ်နေကြောင်းစစ်ဘေးရှောင် ကူညီသူတစ်ဦးက သျှမ်းသံတောင်ဆင့်ကိုပြောသည်။ “ခုကနောက်ပိုင်း အလှူရှင်တွေက မရှိသလောက်ရှားတယ်ဆိုတာထပ်လုံးဝ ရှိကိုမရှိတော့တာ။ တော်တော်လေး လည်း ဖျားနေကြတာ။သူတို့အတွက်ကလည်း ဘာမှမရှိတော့ဘူး။ ဆေးဝါးတွေလည်း သယ်ရတာ...

နမ့်ဆန် မြို့သစ်ကျေးရွာကို စစ်‌ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ၊ ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

သျှမ်းပြည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့ခြင်းကြောင့် ကျောင်းဆရာ/မ ၅ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၇ ရက်) ညနေ ၂ နာရီခွဲခန့်တွင် နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့်...

ဖယ်ခုံမြို့ တိုက်ပွဲပြင်းထန်နေ ရဲစခန်း မီးလောင်ပြာကျ၊ ထိုင်တော်မူစခန်းကို တော်လှန်‌ရေးတပ်ပေါင်းစု သိမ်းပိုက်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နံနက်ပိုင်းမှ စတင် တိုက်ပွဲ ပြင်းထန်နေပြီး ရဲစခန်း မီးလောင်ပြာကျကာ မြို့မြောက်ဘက်ရှိ စစ်ကောင်စီ ထိုင်တော်မူ စခန်းကို တော်လှန်ရေးတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ လက်ရှိ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၁)...

လက်နက်ကြီးကြောင့် သိန္နီမြို့ ကလေးငယ်တစ်ဦး ခြေထောက်ဖြတ်လိုက်ရ

သျှမ်းပြည် သိန္နီမြို့အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး၏ ခြေထောက်ကို ကျည်စထိမှန်ပြီး ထိုထဲမှတစ်ဦး၏ ခြေထောက်ကို ဖြတ်လိုက်ရကြောင်း မိခင်ဖြစ်သူက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းအချိန်တွင် သိန္နီမြို့ ရပ်ကွက် ၃ ရှိ နေအိမ်တစ်လုံး ခြံဝန်းအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ညီအစ်ကိုဖြစ်ကြသည့်...

မိုင်းယော်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ မိုင်ယော်တိုက်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ည ၇ နာရီကျော်ခန့်က လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင်...

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတောင်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတောင်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာ ကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဒေသသည် သျှမ်းပြည် ဖြစ်ပြီး ဧက တစ်သိန်းကျော်ထိ ရှိလာသည်။ အာဏာသိမ်းပြီး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ...

ပန်ဆိုင်းပြည်သူများ MNDAAအတွက် စားဖွယ်စရာ နေ့စဉ်ချက်ပေးနေရ

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ဒေသခံများက ကိုးကန့်အဖွဲ့ ( MNDAA) စစ်သားများအတွက် တစ်ရက် လျှင် လူဦးရေ ၂၀ဦး စားဖွယ်စရာသွားရောက် ချက်ပြုတ်ပေး နေရကြောင်း စုံစမ်းသိရသည်။ ပန်ဆိုင်းမြို့အတွင်းသို့ MNDAA မှ စတင်ထိန်းချုပ်သည့်အချိန် နိုဝင်ဘာ လကုန်မှစပြီး ဒေသခံ ၂၀ဦးသည် MNDAA စစ်သားများအတွက်...

လောက်ကိုင်မြို့တပ်မိသားစုဝင်များ၏ လုံခြုံရေးကို ဦးစားပေးမှုကြောင့် လက်လွတ်ခဲ့သည်ဟုဆို

သျှမ်းပြည် ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်မှ စွန့်လွှတ်လိုက်ရသည့်အပေါ် တပ်မိသားစုဝင်များ၏ လုံခြုံရေးကိုဦးစားပေး စဉ်းစားခဲ့၍ လက်နက်ချခဲ့ရခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူးစ်ကို ဖြေကြားထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်တွင် လောက်ကိုင်မြို့တွင်နောက်ဆုံးတစ်ခုတည်းသော ကျန်ရှိနေသည့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ကိုးကန့်တပ်ဖွဲ့...

ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းအများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများဖြစ်ပွားနေ

ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း အများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးပြောပြချက်အရသိရသည်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိစစ်ရှောင် စခန်းအများစုသည် ဝေးလံခေါင်ဖျားပြီး တောတောင်ထူထပ်သည့် နေရာအများစုတွင် တည်ရှိပြီး ရေရှားပါးမှုပြသာနာကို ရင်ဆိုင်နေကြရကာ သောက်သုံးရေကို အဝီစီတွင်း တူးပြီး သုံးစွဲနေကြရသည်။ သဘာဝ ချောင်းရေများလည်း ခမ်းခြောက်ကုန်ပြီး မသန့်ရှင်းသည့်ရေကို...

ကွတ်ခိုင်မြို့ အဝင်၊ အထွက် ယာယီပိတ်ထား

သျှမ်းပြည် ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလားလုံးကို ယနေ့ (ဇန်နဝါရီလ ၇ ရက်)မှစပြီး နှစ်ရက်အတွင်းယာယီပိတ်ထားကြောင်းလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယနေ့ (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၈ ရက်)အထိ နှစ်အတွင်း ကွတ်ခိုင်မြို့၏ အဝင်၊ အထွက် လမ်းများအားလုံးကို ဖြတ်သန်းသွားလာခွင့်မပြုကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်မှ ပြောဆိုလိုက်ကြောင်း လူမှုကူညီရေးအသင်းဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့နဲ့ မနက်ဖြန်ကို ဝင်၊ ခွင့် ပိတ်ထားတယ်။ အရင်ရက်တွေလည်း ပြည်သူတွေက ဝင်လာတယ်။ ကျနော်တို့လူမှုကူညီရေးအသင်းဖွဲ့ကားတွေတော့ အဲ့လိုပြောဆိုဝင်သွားတဲ့ အတွက် လွန်ခဲ့တဲ့ ၄ ရက်၊ ၅ ရက်လောက်ထိ တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတွေကော၊ ဒဏ်ရာရသူတွေကော သွားပြီးသယ်ပါတယ်” ဟု ၎င်းက ပြောသည်။ တစ်ဖက်တွင်လည်ညး ညီနောင်မဟာမိတ်ထံသို့ လက်ချခဲ့သော ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကလည်း ၎င်းမိသားစုဝင်များနှင့်အတူ ကားအစီးအရေ (၂၀) ကျော်ဖြင့် မြို့ကို ယမန်နေ့ ( ဇန်နဝါရီလ ၆ ရက်) ညပိုင်းတွင် စွန့်ခွာထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်မှစပြီး ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်) နံနက်အစောပိုင်း၌ စစ်ကောင်စီဘက်မှ လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီဘက်မှ လက်နက်ချခြင်းကိစ္စနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်ဘက်က တရားဝင် ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဘက်မှ ကွတ်ခိုင်မြို့ရှိ ဗျူဟာကုန်းစခန်းအတွင်း ထောက်ပို့လေယာဉ် Y12 ဖြင့် (၁) ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ချခဲ့ကြောင်း TNLA၏  ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်) ညပိုင်းထုတ်ပြန်ချက်အရသိရသည်။ လက်ရှိတွင် တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေသည်။

Latest news