ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းအများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများဖြစ်ပွားနေ

ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း အများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးပြောပြချက်အရသိရသည်။

စစ်ရှောင်ကလေး အရေးပြားရောဂါဖြစ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိစစ်ရှောင် စခန်းအများစုသည် ဝေးလံခေါင်ဖျားပြီး တောတောင်ထူထပ်သည့် နေရာအများစုတွင် တည်ရှိပြီး ရေရှားပါးမှုပြသာနာကို ရင်ဆိုင်နေကြရကာ သောက်သုံးရေကို အဝီစီတွင်း တူးပြီး သုံးစွဲနေကြရသည်။

သဘာဝ ချောင်းရေများလည်း ခမ်းခြောက်ကုန်ပြီး မသန့်ရှင်းသည့်ရေကို သုံးစွဲနေရသောကြောင်း အရေပြားရောဂါ ဖြစ်ပွားနေကြသည်။

ထိုသို့ မသန့်ရှင်းသည့်ရေကို အသုံးပြုနေရသောကြောင့် ရောဂါဖြစ်ပွားနေကြပြီး ရေရှည်အတွက် ရေရှားပါးမှု ဒဏ်ကို စိုးရိမ် သောက ပူပန်ရောက်နေကြကြောင်းကို ယခုလိုပြောထားသည်။

“အခုက ရေကလည်းရှာလာတယ်။ နွေရာသီဆို ပိုဆိုးမယ်ထင်တယ်၊ ချောင်းထဲက ရေနောက်တွေကို ပဲအသုံးပြုရတော့ အရေပြားရောဂါတွေဖြစ်ပွားကြတာပေါ့၊ ရှေ့ဆက်ဘယ်လို ဖြေရှင်းရမလဲဆိုတာကိုတော့ မသိသေးဘူး” ဟု စစ်ရှောင်ကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

အရေပြားရောဂါဖြစ်ပွားနေကြသည်မှာ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်များက အများဆုံးဖြစ်ပြီး တကိုယ်ရည် သန့်ရှင်းမှု နည်းပါးသည့်အပြင် မသန့်ရှင်းသော ရေကိုအသုံးပြုနေရတာကြောင့် ဖြစ်သည်ဟု ထိုအမျိုးသားတစ်ဦးက ထပ်လောင်းပြောကြားထားသည်။

အဆိုပါ ရောဂါဖြစ်ပွားနေသောကြောင့် မိဘများမှ မိမိတို့၏ ကလေးများအတွက် စိုးရိမ်ကြောင်းနှင့် ညဆို ယားယံတာကြောင့် အိပ်ရေးပျက်သည့် ညများလဲရှိကြောင်း ယခုလိုပြောပြထားသည်။

“ကလေးက ယားနေတော့ ခဏခဏ ကုတ်ပြီးငိုတယ်၊ ညဆိုအိပ်မရဘူး၊ ဆေးကလည်း မရှိဘူး၊ အရင်ကလို အလှူရှင်တွေကလည်း မလာနိုင်တော့ ဆေးလည်း ပြတ်တယ်၊ ကလေးတွေ ဒီလိုမြင်ရတော့ မိဘတစ်ယောက်အနေနဲ့ရင်ထဲမကောင်းဘူး၊ သူ့အစားပဲ ကိုယ့်မှာပဲ ဖြစ်စေချင်တာ”လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလက်ရှိတွင် အလှူရှင်အများစုသည် လမ်းပန်းဆက်သွယ်ရေးအခြေနေရ သွားရောက်ကူညီ၍ မရသောကြောင့် ဆေးသားများ မလုံလောက်သည့် ပြဿနာကြုံနေရကြောင်း စစ်ရှာင်ကူညီနေသူ တစ်ဦးက ထပ်ဆင့်ပြောထားသည်။

လက်ရှိတွင် ငွေကြေးအခက်ခဲတွေကြားထဲက အဆင်ပြေသလို နေထိုင်ရပြီး အလှူရှင်မှ ထောက်ပံ့သည့် အလှူငွေနှင့် သောက်သုံးရေကို ဝယ်ယူသုံးစွဲနေရကြရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...