စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတောင်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာ

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းတောင်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုတိုးလာ ကြောင်း စုံစမ်းသိရသည်။

၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဒေသသည် သျှမ်းပြည် ဖြစ်ပြီး ဧက တစ်သိန်းကျော်ထိ ရှိလာသည်။

အာဏာသိမ်းပြီး နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ တစ်ကြောင်း ဒေသထွက် ကုန်ကြမ်းများက အရင်းနှင့်အမြတ် စျေးကောင်းမရ၍ တွက်ချေမကိုက်တာကြောင့် ဒေသခံ တောင်သူအများစုက အမြတ်ရလွယ်တဲ့ ဘိန်းများ စိုက်ပျိူးလာရကြောင်း ဘိန်းစိုက်တောင်သူများကပြောသည်။

“ အာဏာသိမ်းတော့ ကျမတို့ ခြံက ထွက်တဲ့ ပြောင်းတွေလည်း ဈေးမရှိဘူးလေ။ ဆန်တစ်အိတ်ကလည်း တစ်သိန်းခွဲထိ ရှိလာတော့ ကျမတို့လည်း မငတ်အောင် ရုန်းကန်ကြရတာပါပဲ။ ဘိန်းစိုက်တာက တရားမဝင်ဘူးဆိုတာ သိတယ်။ ဒီဟာမှ မလုပ်ရင်လည်း ဘာနဲ့ သွားရမှန်း မသိတော့ဘူးလေ” ဟု ဘိန်းစိုက် တောင်သူ အမျိုးသမီးတစ်ဦးကပြောသည်။

ထို့အပြင် တဖက်မှာလည်း အာဏာပိုင်များက အခွန်မပေးဆောင်သည့် ဘိန်းခင်များနှင့်လမ်းမပေါ်ထင်သာမြင်သာသည့် ဘိန်းခင်းများကို ဟန်ပြအနေဖြင့် ဖျက်ဆီးနေကြသည်။

“အရင်က ဘိန်းခင်းကို မဖျက်စီးစေချင်ရင် သူတို့ တောင်းတဲ့ အခွန်တွေကို ပေးရတယ်။ ဒီနှစ်တော့ မကြားဘူး။ လမ်းဘေးနားမှာ စိုက်ထားတဲ့ ဘိန်းခင်းတွေတော့ လိုက်ဖျက်တာတွေရှိတယ်။” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

လက်ရှိကာလတွင် ဘိန်း တစ်ကီလိုလျှင် ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၃၅၆ဒေါ်လာအထိ ပေါက်စျေး ရှိသည်။

၂၀၂၂ခုနှစ် မြန်မာနိုင်ငံတွင် ဘိန်းတန်ချိန်ပေါင်း (၇၉၀) ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ခုနှစ်၌ ဘိန်းတန်ချိန်ပေါင်း (၁၀၈၀) အထိ တိုးမြင့်ထုတ်လုပ်လာခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နှင်းရေး (UNODC) ၏ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်တွင် ပြောကြားချက်အရ ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်လေ့ရှိသည့် အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီး ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးသည် မြန်မာနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် UNOD ၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းချိန် ၂၀၂၁ခုနှစ်မှ ၂၀၂၃ခုနှစ်ကုန်အထိ သုံးနှစ်ဆက်တိုက် မြန်မာနိင်ငံ၏ ဘိန်းစိုက်ပျိုးမှု များပြားလာ၍ ဘိန်းစိုက်ပျိုးသူများ၏ ဝင်ငွေကလည်း ၇၅ရာခိုင်နှုန်း အထိ တိုးမြင့်လာကြောင်း ထပ်မံသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...