တိုက်ပွဲ
သျှမ်း-ကရင်နီ နယ်စပ် စစ်ကောင်စီ လက်နက်ကြီးပစ်ခက်မှု သံဃာတော်များ၊ဒေသခံများ စစ်ရှောင်နေရ
သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် သံဃာတော်များ နှင့် ဒေသခံများ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ်တကြော တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် လွိုင်လင်လေးမြို့နှင့် အနီးတဝိုက် ကျေးရွာမှ သံဃာတော်များနှင့် ဒေသခံများပါ ဇန်နဝါရီလ လစမှစ၍ စစ်ဘေးရှောင်နေရပြီး...
သိန္နီ မြို့သိမ်းတိုက်ပွဲအတွင်း ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ကြောင်း PLA ပြော
သျှမ်းပြည် သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော ပြည့်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း ညီနောင်မဟာမိတ်တပ်များနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှ ရဲဘော် ၁၂ ဦးသည်...
ကိုးကန့်ဒေသ စစ်ကောင်စီ အုပ်ချုပ်ရေး အမိန့်ကို MNDAA မှ ပယ်ဖျက်ကြောင်း ကြေညာ
သျှမ်းပြည်ရှိ ကိုးကန့် ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး အမိန့် ကြေညာချက်များကို ပယ်ဖျက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့) MNDAA က ထုတ်ပြန်ကြေညာလာခဲ့သည်။ ကိုးကန့်တပ်(MNDAA)ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”စတင်ပြီး သီတင်းပတ် ၂ ပတ်...
တစ်ပူပေါ် နှစ်ပူဆင့်နဲ့ ကြုံတွေ့နေရသည့် ပင်လောင်းရှိ စစ်ရှောင်များ
SHAN -
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ရှောင်များသည် ဆောင်း၀င်ချိန်မှ စတင်ကာ ရေရှားပါးခြင်းဒဏ်ကို ခံစားနေရပြီး ထိုရေသုံးစွဲမှုမှ တဆင့် ကျန်းမာရေးထိခိုက်သူများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတွင် လူဦးရေ (၃၅၀)ကျော်ခန့်ရှိပြီး အခြား နီးစပ်ရာရွာများနင့် ဘုန်းကြီးကျောင်းများတွင်လည်း စစ်ရှောင်ဦးရေ တစ်ထောင့်နှစ်ရာခန့် (၁၂၀၀) ရှိနေပြီ...
နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်စခန်း ခလရ-၁၂၃ ကို KIA သိမ်းပိုက်နိုင်ခဲ့
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာမှ စစ်ကောင်စီ၏ တပ်စခန်းနေရာများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင် သတင်းပေးပို့ချက်အရသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၄) ရက်နေ့ ညပိုင်းအချိန်မှ စတင်ပြီး ယနေ့ (ဇန်နဝါရီလ ၁၅ )ရက်...
ကျောက်မဲမြို့ အမျိုးသားကို ညီနောင်မဟာမိတ်တပ်အတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီး
သျှမ်းပြည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်မှ အမျိုးသား တစ်ဦးကို မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ အတွက် ရိက္ခာဝယ်ယူပေးသူဟု စွပ်စွဲကာ စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ကျောက်မဲမြို့နယ်မှ အသက် (၃၀)...
နမ္မတူမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဆေးကုသရန် ခက်ခဲနေ
သျှမ်းပြည် နမ္မတူမြို့နယ်မှ အမျိုးသမီးတစ်ဦးသည် လက်နက်ကြီကျည်စထိမှန်ပြီး ခွဲစိတ်ကုသနေရသဖြင့် ငွေကြေးအခက်အခဲလိုအပ်နေကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ (ဒီဇင်ဘာလ ၂၅ ရက်) တွင် နမ္မတူမြို့နယ်ရှိ ၎င်းတို့နေအိမ်ခြံဝန်းအတွင်းသို့ လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ မရွှေရည်လင်း၏ တင်းပါး၌ လက်နက်ကြီးကျည်စထိမှန်ပြီး...
မူဆယ်မြို့ ဇန်နဝါရီလဝက်အတွင်း မြေမြုပ်မိုင်းနင်းမိသူ ၃ ဦးရှိ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် ဇန်နဝါရီ လဝက်အတွင်း အမျိုးသားသုံးဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် မန့်မိုင်ကျေးရွာအုပ်စု တွင် အမျိုးသားတစ်ဦး နှင့် စွမ်စော်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး ဇန်နဝါရီလ လဝက်အတွင်းတွင် မြေမြုပ်မိုင်းနင်းမိ၍ခြေထောက် ပြတ်သည်အထိ အပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း ပြည်သူဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ (ဇန်နဝါရီလ ၁၄...
ပြင်ဦးလွင်မြို့နယ် ရပ်ရွာလုံခြုံရေးအကြောင်ပြပြီး စစ်ကောင်စီမှ စစ်သင်တန်းခေါ်ယူနေ
ပြင်ဦးလွင်မြို့နယ် ကျေးရွာများမှ ဒေသခံများကို ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးက ခေါ်ယူကာ စစ်သင်တန်းပေးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၄ ရက်)တွင် ပြင်ဦးလွင်မြို့နယ် အင်းပုတ်ကျေးရွာနေ ဒေသခံများကို မဖြစ်မနေ ရပ်ရွာလုံခြုံရေး စစ်သင်တန်းတက်ရမည်ဟုဆိုပြီး စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ် ယူခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
ရွာငံတွင် ပွဲစားများ ဈေးနှိမ်လို့ ကော်ဖီစိုက်တောင်သူများ အရှုံးဖြင့်ရောင်းနေရ
SHAN -
သျှမ်းပြည် ရွာငံမြို့နယ်တွင် တဆင့်ခံ ပွဲစားများက နိုင်ငံရေးမကောင်းမှုကို အခွင့်ကောင်းယူပြီး စျေးနှိမ်ကာ ကော်ဖီစိုက်တောင်သူများဝယ်ယူနေကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်တွင် ယခုအချိန်အခါသည် ကော်ဖီအမှည့်သီးများ ထွက်သည့် ရာသီဖြစ်သည်။ ကော်ဖီစိုက်တောင်သူများသည် ကော်ဖီစက်ရုံများနှင့် တိုက်ရိုက်အဆက်သွယ်မရှိကြသကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် ကော်ဖီစက်ရုံအထိ သွားရောက် မရောင်းနိုင်ဘဲ ပွဲစားများမှ တဆင့်ခံ ရောင်းရသည့်အတွက်...






