ပင်လောင်းမှ ဖယ်ခုံသို့ စစ်ကူလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရသဖြင့် ဆုတ်ခွာထွက်ပြေး

သျှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ဖယ်ခုံမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ် ယနေ့ (ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က တိုက်ခိုက်ခံရသဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖယ်ခုံမြို့

အဆိုပါ စစ်တပ် စစ်ကြောင်း ဖယ်ခုံ မီးရထား၀န်း အနီး တိုက်ခိုက်ခံရရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ဆုတ်ခွာ ထွက်ပြေးသွားသည်ဟု သတင်းရင်းမြစ်က ဆိုသည်။
“၃၅ မိနစ်လောက် တိုက်ပွဲဖြစ်တယ်။ အင်အားမမျှလို့ ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်” ဟု တပ်တွင်း သတင်းရင်မြစ်က အတည်ပြု ပြောသည်။

လက်ရှိ ဖယ်ခုံမြို့မရဲစခန်း အပါအ၀င် ဌာနဆိုင်ရာရုံး အများစုကို တော်လှန်ရေးတပ်ပေါင်းစုက ထိန်းချုပ်ထားပြီး မြို့တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်‌ရေး တပ်ပေါင်းစုတို့ ဇန်နဝါရီလ ၇ ရက်မှစ၍ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာပြီး စစ်ကောင်စီမှ လေကြောင်းသုံးကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။
လက်ရှိ ဖယ်ခုံမြို့ကို KNDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ အပါအဝင် ကရင်နီ အခြေစိုက် တော်လှန်ရေး အင်အားစုများ ပူးပေါင်း တိုက်ခိုက်နေသည်ဟု သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်းများဖြစ်သည့် အမှတ် (၃၃၆) နှင့် (၄၂၁) တပ်ရင်းများ ရှိနေပြီး အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အခြေစိုက်သည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို ဒီဇင်ဘာလ ၂၃၊ ၂၄ နှင့် ၂၅ ရက် တို့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု တော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပင်လောင်းတွင် စျေးရောင်းသူ ဟန်ဆောင်၍ တို့ဆေးဖြင့် ပစ္စည်းလုယူသည့် အုပ်စုဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ဒေသ ၊နောင်မွန်ရွာတွင် ဈေး‌ရောင်းသူ ဟန်ဆောင်၍ ပစ္စည်းလုယူသည့် အဖွဲ့အား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်တွင် နောင်မွန်ကျေးရွာသို့ ပစ္စည်းများဈေးလျှော့ ရောင်းပေးသူဟုဆိုကာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးသည် ဒေသခံများ၏ နေအိမ်နှင့် ခြံတဲအထိ လိုက်လံဈေးရာင်းကာ တို့ဆေးသုံး၍ ပစ္စည်းများ လုယက်သည့်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...