ကွတ်ခိုင် နမ့်ဖတ်ကာတွင် စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို KIA ပစ်ချ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတစ်စီးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပစ်ချနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) နေ့လယ်အချိန်က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA)က ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

“ကျနော်တို့လည်း စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တစ်စင်းကို ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းလောက်ပဲ ကြားပါတယ်။ မြေပြင်သတင်းတွေ၊ အချက်အလက် အသေးစိတ်ကတော့ ကျနော်တို့ ဘာမှမကြားရသေးဘူး။ အဲ့ဘက်ကတော့ ကျနော်တို့ ဖုန်းလိုင်းကလည်း အခက်အခဲ ရှိနေလို့ ကြိုးစားပြီးမှ စုံစမ်းနေဆဲ ဖြစ်ပါတယ်”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာသည် ယနေ့ (ဇန်နဝါရီ ၁၆ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် နမ့်ဖတ်ကာအနီး မနော်ယန်ဘက်သို့ လာရောက်တိုက်ခိုက်စဉ် ကချင်လွတ်မြောက်ရေးတပ် KIA က ပစ်ချနိုင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်အနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခလရ-၁၂၃ ကို KIA တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်) ကလည်း နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း နမ့်ဖတ်ကာမှ ထွက်ပြေးတိမ်းရှောင်နေသူများက ပြောသည်။

“နမ့်ဖတ်ကာလည်း အကုန်လုံး ကြေမွကုန်ပြီ၊ တိုက်ပွဲဖြစ်တာ ရက် ၂၀ ကျော်ပြီလေ။ အဲ့ရက် ၂၀ လုံးလုံးမှာ လေယာဉ်က လာပြီး ချချသွားတော့ ရွာထဲလည်း နာကုန်ပြီ။ စခန်းကတော့ အကုန်မသိမ်းနိုင်သေးဘူး။ အခုက နမ့်ဖတ်ကာမှာ ရှင်းရှင်းပြောရရင် စစ်ကောင်စီတပ်က အလံဖြူမထောင် မညှိတော့ ဆုတ်သွားပြီဆိုလည်း လိုက်ပြီးတော့ ပိတ်ဆို့ပြီးတိုက်မှာပဲ”ဟု နမ့်ဖတ်ကာရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းကလည်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် လာရောက်တိုက်ခိုက်သော စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ချနိုင်ခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...