တိုက်ပွဲ
အင်းလေးဒေသကို ပြည်သူ့ကာကွယ်ရေး IPDFစတင်အခြေချနေပြီဟုဆို
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တို့ စတင် အခြေချနေပြီဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် အင်လေးလူထုလှုပ်ရှားမှုအဖွဲ့များမှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလ ၁၁ ရက် သျှမ်း-ကရင်နီ (ကယား)ပြည်နယ်စပ် ဖယ်ခုံမြို့ရှိ အင်းအရှေ့ခြမ်း ဆောင်နန်းခဲစခန်းကို တော်လှန်ရေးတပ်များ...
ဆီဆိုင်မြို့နယ် စစ်ကောင်စီ တပ်စခန်းများကို PNLO က သိမ်းပိုက်နိုင်ခဲ့
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့၏ တပ်စခန်းများကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) က ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိသည်။ ယမန်နေ့( ဇန်နဝါရီလ ၂၃) ရက်နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများ ဖြစ်ကြသည့် ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာ အရှေ့ဘက် နှင့် တောင်ဘက်ရှိ...
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ် စစ်ကောင်စီ ငွေအမြောက်အမြား ကောက်နေ
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဂိတ်တွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး ငွေကြေး အမြောက်အမြားတောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် ဖြတ်သန်းသွားလာသော ပြည်သူများကို ယခုဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းတွင် စစ်ဆေးမှုများ တင်ကြပ်နေပြီး၊ ငွေကြေးကောက်ခံ မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဆောင်းပြောင်းဂိတ်က စစ်ကောင်စီတွေကိုလည်း ပေးရတာပဲ။ လွိုင်ကော်ထိ...
သီပေါမြို့နယ် အရပ်သား ၂ဦး မြေမြုပ်မိုင်း ထပ်မံနင်းမိ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာနှင့် ကုံးစုံရွာကြားရှိ တောလမ်းတစ်ခုတွင် ယမန်နေ့ ( ဇန်နဝါရီ ၂၃)ရက် တွင် အရပ်သား ၂ဦး မြေမြုပ်မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အရပ်သား ၂ဦးသည် အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးဖြစ်သည်။ “အမျိုးသားတစ်ယောက်တော့ ခြေပြတ်သွားတယ်။...
လားရှိုး စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများသို့ ရိက္ခာနှင့်ဆေးဝါး ဖြတ်တောက်နေ
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်မှ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များသို့ ရိက္ခာနှင့်ဆေးဝါးများ မရောက်နိုင်ရန် လမ်းကြောင်းဖြတ်တောက်နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း ဖြတ်သန်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာပြီး သွားလာနေသည့်လမ်းကြောင်းများကို လိုက်လံပိတ်ပင်ခြင်းနှင့် မိုင်းထောင်ခြင်းများ...
မိုးမိတ်မြို့စစ်ရှောင်များထံ စစ်ကောင်စီပစ္စည်းလုယက်နေ
သျှမ်းပြည် မိုးမိတ်မြို့တွင်း တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်လာစဥ် စစ်ကောင်စီ တပ်သားများက ပစ္စည်းလုယက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်) နှစ်ရက်အတွင်း မြို့တွင်းတိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာစဉ် မြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်မ (၉၉)...
သီပေါ-နမ္မတူကြား မိုးတေတံတားအနီး ကားတစ်စီး မိုင်းထိ ယာဉ်မောင်း ၁ ဦးဒဏ်ရာရ
သျှမ်းပြည် သီပေါ- နမ္မတူကြားရှိ မိုးတေတံတားအနီးတွင် ပစ္စည်းတင်ဆောင်လာသော ကားတစ်စီး မိုင်းနင်းမိပြီး ပေါက်ကွဲကာ ယာဉ်မောင်းသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇန်ဝါရီလ ၂၂ ရက်) နေ့လည် ၁၂ ဝန်းကျင်တွင် နမ္မမြို့ဘက်မှ ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးသည် မိုးတေကျေးရွာရှိ ချောင်းကူးတံတားအနီးမှ လမ်းမပေါ်သို့...
မဘိမ်းမြို့ကို KIA နှင့် မဟာမိတ် ပူးပေါင်းတပ်တို့က ထိန်းချုပ်ထား
သျှမ်းပြည် မဘိမ်းမြို့နယ်ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် ထိန်းချုပ်ထားကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂၁ ရက်တွင် မဘိမ်းမြို့မှ ရဲစခန်းသည် လက်နက်ချ အညံ့ခံလိုက်သလို စစ်ကောင်စီ၏ လက်အောက်ခံ ကင်းတပ်စခန်း နှင့် စခန်းကုန်းကိုလည်း KIA နှင့်...
မိုးမိတ်မြို့ မြို့မရဲစခန်းအပါအဝင် တပ်စခန်းတချို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်
သျှမ်းပြည် မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများအား ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၁၈ ရက်)မှစပြီး မိုးမိတ်မြို့ရှိ စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်းများအား ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA မှ ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး...
နမ့်ခမ်းမြို့နယ် အတွင်း စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲ ဒေသခံ ၂ဦး ထိခိုက်
သျှမ်းပြည် နမ့်ခမ်းမြို့နယ် တွင် ယနေ့ (ဇန်နဝါရီ ၂၁)ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ (၂)ဦးထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ်များလည်း ပျက်စီးမှုရှိကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့နယ် နောင်မလုံ ကျေးရွာ (ဇန်နဝါရီလ ၂၁ ရက်) နေ့လည် ၁၂ ကျော်တွင် စစ်ကောင်စီမှ...






