နမ့်ဖတ်ကာအခြေစိုက် ခလရ-၁၂၃ တပ်ရင်းကို KIA တပ်ဖွဲ့ သိမ်းပိုက်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁၂၃) တပ်ရင်း ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

KIA

ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) ညနေ ၃ နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၂၃ တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အပြီးသတ် ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIAတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

“ကျနော်တို့ ကြားရတာကတော့ မနေ့က ဇန်နဝါရီ ၂၄ ရက်နေ့ မှာ အပြီးအပိုင် သိမ်းလို့ရပြီဆိုတဲ့ သတင်းလောက်ပဲ ကျနော်တို့ ကြားပါတယ်။ အချက်အလက်တွေပေါ့နော် မြေပြင်သတင်းတွေ ဘာမှမကြားဘူးပေါ့”ဟု KIAတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

လက်ရှိတွင် သိမ်းပိုက်ရရှိထားသည့် နမ့်ဖက်ကာ ခလရ-၁၂၃ ကို နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေပြီး KIA တပ်ဖွဲ့က ပစ်ချနိုင်ခဲ့သည့် လေယာဉ်ဓာတ်ပုံများကို လတ်တလော ထုတ်ပြန်ရန်မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA)က နမ့်ဖတ်ကာအနီး မနော်ယာန်တွင် ပစ်ချနိုင်ခဲ့ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲ ဆက်တိုက်ပြင်းထန်ခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများထံမှ သိရသည်။

နမ့်ဖတ်ကာအခြေစိုက် ခလရ-၁၂၃ တပ်စခန်းကို KIA တပ်ဖွဲ့က ၂၀၂၃ ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် တစ်လအကြာတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

နမ့်ဖတ်ကာတိုက်ပွဲ တစ်လကျော်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူနေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

အလားတူ ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) တစ်ရက်တည်းတွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၇)ကြိမ်၊ Mi35 ဖြင့် (၃)ကြိမ်၊ Y12 ဖြင့် (၁၁)ကြိမ်၊ ဗုံး (၁၀၁) လုံး နှင့် ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး (၃)လုံးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် စစ်ကောင်စီနှင့် သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲပြီးနောက် KIA တပ်ဖွဲ့က မိုးမိတ်နှင့် မဘိမ်းမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြို့ ၂ မြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...