အင်းလေးဒေသကို ပြည်သူ့ကာကွယ်ရေး IPDFစတင်အခြေချနေပြီဟုဆို

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တို့ စတင် အခြေချနေပြီဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် အင်လေးလူထုလှုပ်ရှားမှုအဖွဲ့များမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလ ၁၁ ရက် သျှမ်း-ကရင်နီ (ကယား)ပြည်နယ်စပ် ဖယ်ခုံမြို့ရှိ အင်းအရှေ့ခြမ်း ဆောင်နန်းခဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းယူလိုက်ပြီဖြစ်သကဲ့သို့ ညောင်ရွှေမြို့နယ် တောင်ဘို့ကွဲ၊ ဟိုပန်နှင့် ညောင်လေးပင်ကျေးရွာ၊ ပင်လောင်းမြို့နယ် နမ့်တုတ်၊ ကုန်းသာ၊ အိမ်မူရွာတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိနေပြီး အင်လေးဒေသကိုလည်း IPDF တပ်ဖွဲ့အနေဖြင့် စတင်အခြေချနေပြီဟု ရေးသားဖော်ပြထားသည်။

အလားတူ ၂၀၂၃ ဒီဇင်ဘာလ ၁၈ တွင် အင်းလေးထိုးဖေါက် တိုက်ခိုက်ရေးအထူးအဖွဲ့ (ဓားမကူး)တပ်မှ စစ်ကောင်စီလက်အောက်ခံ အင်းလေးဗျူအဖွဲ့ခေါင်းဆောင် ၁ ဦးနှင့် ဗျူအဖွဲ့ဝင်တချို့ကို မင်းချောင်းရွာအနီးတွင် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် အင်းလေးဒေသအတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို စုစည်း၍အနာဂတ် အင်းလေးဒေသအရေးနှင့် ပြည်ထောင်စုအရးအရာကိစ္စများကို ဦးဆောင်ဦးရွက်ပြုနိုင်သည့် အင်းလေး အတိုင်ပင်ခံကောင်စီ ပေါ်ပေါက်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။

အင်းလေးဒေသတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု (IFDM)၊ အင်းလေးအမျိုးသမီး သမဂ္ဂ (IWU) တို့အပြင် အင်လေးထိုးဖောက်တိုက်ခိုက်ရေး အထူးအဖွဲ့ (ဓားမကူး)နှင့် လူထုအတွက်တရားမျှတမှုဆောင်ရွက်ရေးအဖွဲ့ -အင်းလေး (JMC-Innlay) စသည့်ဖြင့် အဖွဲ့အစည်းများရှိသည်။

တစ်ဖက်တွင် အင်းလေးဒေသမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ လှုပ်ရှားနေပြီး စစ်ကောင်စီမှ ဖွဲ့စည်းထားသော ဗျူစောထီးတပ်ဖွဲ့များလည်း ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...