Tuesday, January 27, 2026

အင်းလေးဒေသကို ပြည်သူ့ကာကွယ်ရေး IPDFစတင်အခြေချနေပြီဟုဆို

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တို့ စတင် အခြေချနေပြီဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် အင်လေးလူထုလှုပ်ရှားမှုအဖွဲ့များမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလ ၁၁ ရက် သျှမ်း-ကရင်နီ (ကယား)ပြည်နယ်စပ် ဖယ်ခုံမြို့ရှိ အင်းအရှေ့ခြမ်း ဆောင်နန်းခဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းယူလိုက်ပြီဖြစ်သကဲ့သို့ ညောင်ရွှေမြို့နယ် တောင်ဘို့ကွဲ၊ ဟိုပန်နှင့် ညောင်လေးပင်ကျေးရွာ၊ ပင်လောင်းမြို့နယ် နမ့်တုတ်၊ ကုန်းသာ၊ အိမ်မူရွာတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိနေပြီး အင်လေးဒေသကိုလည်း IPDF တပ်ဖွဲ့အနေဖြင့် စတင်အခြေချနေပြီဟု ရေးသားဖော်ပြထားသည်။

အလားတူ ၂၀၂၃ ဒီဇင်ဘာလ ၁၈ တွင် အင်းလေးထိုးဖေါက် တိုက်ခိုက်ရေးအထူးအဖွဲ့ (ဓားမကူး)တပ်မှ စစ်ကောင်စီလက်အောက်ခံ အင်းလေးဗျူအဖွဲ့ခေါင်းဆောင် ၁ ဦးနှင့် ဗျူအဖွဲ့ဝင်တချို့ကို မင်းချောင်းရွာအနီးတွင် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် အင်းလေးဒေသအတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို စုစည်း၍အနာဂတ် အင်းလေးဒေသအရေးနှင့် ပြည်ထောင်စုအရးအရာကိစ္စများကို ဦးဆောင်ဦးရွက်ပြုနိုင်သည့် အင်းလေး အတိုင်ပင်ခံကောင်စီ ပေါ်ပေါက်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။

အင်းလေးဒေသတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု (IFDM)၊ အင်းလေးအမျိုးသမီး သမဂ္ဂ (IWU) တို့အပြင် အင်လေးထိုးဖောက်တိုက်ခိုက်ရေး အထူးအဖွဲ့ (ဓားမကူး)နှင့် လူထုအတွက်တရားမျှတမှုဆောင်ရွက်ရေးအဖွဲ့ -အင်းလေး (JMC-Innlay) စသည့်ဖြင့် အဖွဲ့အစည်းများရှိသည်။

တစ်ဖက်တွင် အင်းလေးဒေသမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ လှုပ်ရှားနေပြီး စစ်ကောင်စီမှ ဖွဲ့စည်းထားသော ဗျူစောထီးတပ်ဖွဲ့များလည်း ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...