Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် အခြေစိုက် ခမရ (၄၂၃) နှင့် (၄၂၄) တပ်ရင်းကို PNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် ဆီဆိုင်မြို့နယ် အခြေစိုက် စစ်ကောင်စီ စကခ (၇) လက်အောက်ခံ ခမရ (၄၂၃) နှင့် ခမရ( ၄၂၄) တပ်ရင်းတို့ကို ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် PNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုသည်။

PNLO

တိုက်ခိုက် သိမ်းပိုက်ခံရသည့် ခမရ (၄၂၃) တပ်ရင်းတွင် အရာရှိ ၂ ဦးနှင့် စစ်သားအင်အား ၄၅ ဦး ရှေ့တန်းထွက်နေပြီး တပ်ရင်းတွင် စစ်သား အင်အား ၅၀ သာရှိကြောင်း၊ ခမရ (၄၂၄) တပ်တွင် အရာရှိ ၂ ဦးနှင့် စစ်သားအင်အား ၄၃ ဦး ရှေ့တန်းထွက်နေပြီး တပ်ရင်းအတွင်း စစ်သားအင်အား ၄၂ ဦးသာ ကျန်ရှိကြောင်း ၎င်းကဆိုသည်။

“တပ်ရင်းတွေ သိမ်းတာအတည်ပြုလို့ ရပါတယ်။ အသေးစိတ်ကတော့ မသိရသေးပါဘူး” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် ဆီဆိုင်မြို့ပေါ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက် ညပိုင်းတွင် စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်သဖြင့် မြို့ခံ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း မြို့ခံများက ဆိုသည်။

ယနေ့ PNLA ပူးပေါင်းတပ်များက ဆီဆိုင်မြို့မရဲစခန်း၊ အပါအဝင် ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်ထားပြီး PNO ပအိုဝ်း ပြည်သူ့စစ်များ ဆုတ်ခွာသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ရဲစခန်း သိမ်းထားပြီ။ မနေ့ညကနေ ဒီနေ့အထိ လေယာဉ်နဲ့ ဗုံးကြဲတယ်၊ မြို့ကလူ အကုန်ထွက်ပြေးပြီ၊ ပိတ်မိသူတွေလည်း ရှိသေးတယ်” ဟု ၎င်းကဆက် ပြောသည်။

ယနေ့ ဆီဆိုင်ဒေသတွင် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေသကဲ့သို့ မြို့နယ်အတွင်း ကျေးရွာများမှ ပြည်သူများလည်း တောင်ကြီးမြို့ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...