Wednesday, May 1, 2024

ပင်လောင်းရောက် ကရင်နီပြည်စစ်ရှောင်များ ထပ်မံတိမ်ရှောင်ရမည်ကို စိုးရိမ်နေ

Must read

သျှမ်းပြည် ပင်လောင်းသို့ ရောက်ရှိလာသည့် ကရင်နီပြည်မှ စစ်ရှောင်များသည် နောက်ထပ်တစ်ကြိမ်ထပ်မံ စစ်ရှောင်ရမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ပင်လောင်းစစ်ရှောင်

“၁၁.၁၁ စစ်ဆင်ရေး” ကြောင့် ကရင်နီပြည်မှ သျှမ်းပြည် ပင်လောင်းသို့ စစ်ရှောင်လာသူများသည် ဆီဆိုင်အတွင်း ဖြစ်နေသော တိုက်ပွဲကြောင့် နောက်ထပ်တသ်ကြိမ် စစ်ဘေးရှောင်ရမည်ဆို စိုးရိမ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ အနေနဲ့ပြောရရင်တော့ ဒီမှာဖြစ်လာရင် ထပ်ရှောင်ရမှာပဲ။စစ်ရေးတွေကြတော့ ခန့်မှန်းလို့မရတော့ အသေအချာမပြောရဲဘူး။ဖြစ်မယ်မဖြစ်ဘူးဆိုတာ ဘယ်လိုမှ ခက်မန်းလို့မှမရတာ။ ထက်ပြေးရမယ်ဆိုရင် အခက်အခဲတွေရှိလာနိုင်တယ်လေ ဆောင်းရာသီမှာ ကျောတခင်းအိပ်ဖို့၊မိုးကာအောက်မှာ အိပ်ဖို့။” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် ပင်လောင်းမြို့နယ် တွင်းစစ်ဘေး တိမ်းရှောင်လာ သူများသည် စစ်ရှောင်စခန်းများ နှင့် ဘုန်းကြီးကြောင်းများ တွင် နေထိုင်ကြပြီး စစ်ရှောင်ဦးရေ ၃ သောင်းခန့်ရှိပြီး အများစုသည် သက်ကြီးရွယ်အို နှင့် ကလေးငယ် အများဆုံးဖြစ်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ဦးဆောင်ပြီး ပူးပေါင်းတပ်ဖွဲ့များ ဆီဆိုင်မြို့ကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ မြို့မရဲစခန်းကို ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) ညပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း PNLA ၏ သတင်းပြန်ကြားရေး ရဲဘော်ခွန်လေတိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ ဆီဆိုင်မြို့မရဲစခန်း သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ပြီး၊ မြို့ထဲရှိ အဆောက်အဦးများလည်း မီးလောင်သွားခဲ့ကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

တိုက်ပွဲ #ဆီဆိုင် #ဆိုက်ခေါင် #စစ်ရှောင်

Leave a Comments

- Advertisement -spot_img

Latest article