တိုက်ပွဲ
ဆီဆိုင်မြို့နယ်အတွင်း PNLAတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ကို PNLA တပ်နှင့် ပူးပေါင်းမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့များက တစ်လကျော်ကြာ ထိန်းချုပ်လာပြီးနောက် စစ်ကောင်စီတပ်သည် ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှု များကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲကတော့ ဆီဆိုင်မြို့တွင်းမှာ...
နောင်ချို တိုက်ပွဲဖြစ်ပွားမည်ကို ကြံတောင်သူများ စိုးရိမ်
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမည်ကို ကြံတောင်သူများ စိုးရိမ်နေကြပြီး၊ ဆမ္မဆယ် သကြားစက်လည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့်...
သျှမ်းတောင် မြို့အများအပြား တပတ်ကြာ မီးပျက်မှုကြုံနေရ
သျှမ်းပြည်တောင်ပိုင်း မြို့အများအပြား တစ်ပတ်ကျော်ကြာ မီးပြတ်နေပြီး ပြည်သူများ အခက်အခဲကြုံတွေ့ နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်းအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစပြီး မိုင်းပွန်မြို့ တွင် တစ်ပတ်ကျော်ကြာ မီးပျက်ခဲ့ပြီး၊ လက်ရှိမှာ လွိုင်လင် ၊ပင်လုံ၊လဲချား၊မိုင်းရှူး...
တိုက်ပွဲကြား မိုင်းပွန်တံတား ပြန်ဖွင့်
သျှမ်းပြည် တစ်ပတ်ကျော်ကြာ ပိတ်ထားသော မိုင်းပွန် တံတားကို ယနေ့ (မတ်လ ၁) ရက် နံနက်ပိုင်းတွင် ပြန်ဖွင့် လိုက်ကြောင်း သတင်းရရှိသည်။ မိုင်းပွန်မြို့နှင့် ဟိုပုံးမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း လမ်းကို ပြန်လည်ဖွင့်လစ် လိုက်သည့်အတွက် ဒေသခံနှင့် ကားသမားများအတွက်တော့ စိုးရိမ်နေရကြောင်း သိရသည်။ " လက်ရှိမှာ တိုက်ပွဲက...
“ နိုင်ငံရေးမူ တစ်ယောက်တစ်ပေါက် ချမှတ်နေရင် သျှမ်းလူငယ်တွေ မျိုးချစ်စိတ် ပြင်းပြဖို့ လုပ်တဲ့နေရာ ထိခိုက်သွားနိုင်တယ်”
SHAN -
စစ်မှုထမ်းဥပဒေအကြောင်းတွေ ၊ သျှမ်းပြည်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လူမျိုးရေးပြဿနာတွေန သျှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘယ်လိုပြုပြင်သင့်လဲ၊ သျှမ်းလူငယ်တွေ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြပ်ရိုက်မှုတွေကဘာတွေလဲဆိုတာကို သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းကို သျှမ်းသံတော်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီက စစ်မှုထမ်းဉပဒေကို အတည်ပြု ကျင့်သုံးလိုက်တဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဖြေ။...
တပတ်ကြာ ပိတ်မိနေသည့် ကားသမားများ စားဝတ်နေရေးခက်ခဲနေ
သျှမ်းပြည် တောင်ပိုင်း လမ်းများပိတ်ထားသည့်အတွက်ကြောင့် မိုင်းပွန်မြို့တွင် တပတ်ကျော်ကြာ ပိတ်မိနေသောကားသမားများ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - မိုင်းပွန်ကြား စစ်ကောင်စီ၊ ပြည်သူ့စစ် PNO နှင့် PNLA တို့တိုက်ပွဲများကြောင့် မိုင်းပွန်မြို့တွင် လမ်းများကို ယနေ့ (ဖေဖော်ဝါရီလ...
ဟိုပုံး-မိုင်းပွန် ကားလမ်းပေါ် အိမ်စီးကား ပစ်ခံရ၊အမျိုးသား၂ဦးထိမှန်
သျှမ်းပြည်တောင်ပိုင်း ဟိုပုံး-မိုင်းပွန် ကားလမ်းပေါ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး မိုင်ပွန်ဒေသခံများ စိုးရိမ်နေကြရကြောင်း စုံစမ်း သိရသည်။ ဟိုပုံးနှင့်မိုင်းပွန်ကြား ထမ်စမ်းဂူအနီးတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ )ရက်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ဂိတ်တွင် အိမ်စီးကားတစ်စီး အပစ်ခံရပြီး အမျိုးသားနှစ်ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မိုင်းပွန်မြို့ဒေသခံ...
တောင်ကြီး – လွိုင်လင်တကြော တိုက်ပွဲပြင်းထန်၊ ကားလမ်းယာယီပိတ်ထား
သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောဖြစ်သည့် ဟိုပုန်း၊ မိုင်းပွန်၊ လွိုင်လင် အဝင်အထွက် ဂိတ်များ ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောရှိ ဟိုပုန်း၊မိုင်းပွန်၊လွိုင်လင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက်အထိ မိုင်းပွန်မြို့ရှိ တံတားတွင် ကားလမ်းများ ယာယီပိတ်ထားပြီး လက်နက်ကြီး သံများလည်း ကြားနေရကြောင်း...
ဆီဆိုင်မြို့တိုက်ပွဲကြား ပိတ်မိသူများ လက်နက်ကြီးကြောင့် နေ့စဉ်ထိခိုက်ဒဏ်ရာရနေ
သျှမ်းပြည် ဆီဆိုင်မြို့သို့ အတွင်း တိုက်ပွဲကြားပိတ်မိနေသည့် အရပ်သားများနေ့စဥ်နှင့် အမျှ ကျည်ထိမှန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်ပိုင်းမှစပြီး ဆီဆိုင်မြို့မှ ထွက်ပြေးလာကြသော စစ်ဘေးရှောင် ကလေးငယ်အပါအဝင် အမျိုးသား ၂ ဦးစစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်ခဲ့သည်။ ထို့ပြင် စစ်ဘေးရှောင် ၂၀ ကျော်သည်...
ပင်လုံမြို့ ဒေသခံများ ညအချိန် လက်နက်ကြီး ပစ်ခတ်သံ စတင်ကြားရ
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်သံကို ညအချိန်၌ စတင်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁ ရက်) ညအချိန်က လွိုင်လင်ခရိုင် ပင်လုံမြို့ အနောက်ဘက်တွင် နေထိုင်သည့် ပြည်သူများမှ မိုင်းပွန်မြို့အဝင် တပ်ကုန်းရှိ စစ်ကောင်စီတပ် ခမရ-၅၁၇ က ရမ်းသမ်းပစ်ခတ်သည့်...






