Wednesday, January 28, 2026

တိုက်ပွဲ

သျှမ်းမြောက် တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀၀ ကျော် စားရိက္ခာ လိုအပ်နေ

သျှမ်းပြည်နယ်မြောက်ပိုင်း တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု ကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်ကာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည် ဟု သတင်းရရှိသည်။   သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း သြဂုတ် ၁၅ ရက်နေ့ မှစတင်ကာ ညီနောင် မဟာမိတ် (၃) ဖွဲ့ နှင့်...

နောင်ချိုတိုက်ပွဲအပြီး TNLA နှင့် RCSS တို့ ဆက်လက်တိုက်ပွဲဖြစ်ပွါး TNLA တဦးကျ

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့နယ် မန်ပန်ရွာ နှင့် ပန်မိုလု ရွာကြား တအာင်း(ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၁၅ ရက် ညနေ...

တာမိုးညဲ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး ကျည်ထိမှန်သေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ မုံးစီးကျေးရွာ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ် အရွယ် လူငယ်တဦး ဦးခေါင်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၃ ရက် ညနေ ၃ နာရီခွဲက တာမိုးညဲ မုံးစီး ကြား...

ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခု ကို ညီနောင် ၃ တပ် ပေါင်းတိုက်

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အပါ အဝင် နေရာ ၅ ခုကို သြဂုတ် ၁၅ ရက် မနက် ၅ နာရီမှ စတင်ကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ် မတော်...

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ထိတွေ့မှုဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း  နမ္မတူမြို့နယ်မန်စံကျေးရွာအုပ်စု အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့ ထိတွေ့မှုများ ဖြစ်ပွားကာ လက်နက်ကြီးများကျသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၁၁ ရက် နှင့် ၁၂ ရက်က နမ္မတူမြို့နယ် အုပ်စု နောင်ပန် ကျေးရွာ တွင်...

တောင်ယာသွားသည့် မိုင်းမုရွာသား မိုင်းနင်းမိ သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းရှိ မန်စံအုပ်စု မိုင်းမုရွာတွင် ဒေသခံလယ်သမားတဦး လယ်ယာအသွားလမ်းတွင် မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိကာ လားရှိုးဆေးရုံအပို့ လမ်းတွင်သေဆုံးသွားခဲ့သည်။ မေလ ၂၀ ရက်နေ့က မိုင်းမု ရွာသား လုံးဆန်ကျန် အသက် ၅၀ နှစ်သည် မိုင်းမုရွာအနောက်ဘက်ရှိ တောင်ကြောပေါ်ရှိ ယာခင်းသို့အသွား လမ်းတွင် မိုင်းနင်းမိ ပေါက်ကွဲသဖြင့်...

တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့သော သီပေါမြို့နယ်တွန်ကျိုင်းရွာတွင် ဒေသခံလယ်ယာသမားတဦး မိုင်းနင်းမိဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ မတ်လအတွင်းကတိုက်ပွဲပြင်းထန်ခဲ့သော နားမခေါ်အုပ်စု တွန်ကျိုင်းရွာတွင် ရွာသားတဦး လယ်ယာလုပ်ငန်းခွင်ဝင်ရာ မိုင်းပေါက်ကွဲထိမိဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ မေလ ၂၀ ရက်က တွန်ကျိုင်းရွာသား စိုင်းအဲန် အသက် ၁၉ နှစ်သည် တွန်ကျိုင်းရွာအနောက်ဘက်ရှိ ၄င်း၏ လယ်ယာအတွင်း လုပ်ငန်းခွင်ဝင်နေစဉ် မိုင်းနင်းမိသဖြင့် ထိမှန်ဒဏ်ရာရရှိခဲ့ရာ သီပေါဆေးရုံသို့ပို့ဆောင်ဆေးကုခဲ့ရကြောင်းသိရသည်။ သီပေါမြို့နယ် SNLD ပါတီဝင်တဦးက-"...

တိုက်ပွဲများလုံးဝ ရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖွဲ့ တပ်ဆုတ်ကြပြီဖြစ်ကြောင်း SSA ၅၅ နှစ်မြောက်အခမ်းအနားတွင် SSPP ပြော

SSA သျှမ်းပြည်တပ်မတော်တည်ထောင်ခြင်း ၅၅ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားတွင် တိုက်ပွဲများရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖက် တပ်ဆုတ်ထားပြီဖြစ်ကြောင် း သံဃာတော်နှင့်လူထုတို့နှင့်တွေ့ဆုံစဉ် SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။ ဧပြီလ ၂၄ ရက်နေ့တွင်ကျရောက်သော သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အခမ်းအနားကို SSPP/SSA...

နမ္မတူမြို့နယ်က ကျေးလက်နေအိမ် ၂ လုံး လက်နက်ကြီးကျည်ထိမှန် မီးလောင်ပြာကျ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မိုင်းမုရွာမှာ အစိုးရတပ်နဲ့တပ်ပေါင်းစုတွေကြားတိုက်ပွဲကြောင့် နေအိမ် ၂ လုံးလက်နက်ကြီးကျည်ထိမိ မီးလောင်ပျက်စီးခဲ့ရပါတယ်။ မတ်လ ၂၇ ရက်နေ့လည်ပိုင်းက တပ်ပေါင်းစုခေါ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့်နေအိမ် အပေါ် လက်နက်ကြီးကျည်ကျရောက်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဦးလုံးဆန်ပေါ်ရဲ့နေအိမ်နဲ့ စိုင်းနော်မိန်း - နန်းမွမ်းခမ်းရဲ့နေအိမ်တွေဖြစ်ပြီး လူသူထိခိုက် ဒဏ်ရာရမှုတော့မရှိဘူးလို့သိရပါတယ်။ “ပစ္စည်းတွေဘာတွေတော့ ဘာမှမရလိုက်ဘူး။ စပါးတွေရော၊...

နမ္မတူမြို့အတွင်းတိုက်ပွဲကြောင့် ရွာသား တဦး ကျည်စထိမှန် သေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားကာ အမျိုးသားတဦး ကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါတိုက်ပွဲသည် မတ် ၂၂ ရက်မှ စတင်ဖြစ်ပွါးကာ ယမန်နေ့ မတ် ၂၃ ရက်ထိ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ...

Latest news