တိုက်ပွဲ
သီပေါမြို့နယ် အတွင်း SSPP/SSAနှင့် တပ်မတော် တိုက်ပွဲဖြစ် ဒေသခံများ စစ်ရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီ ခွဲခန့်က ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံများ နေရပ်မှ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ ညနေပိုင်းက သီပေါမြို့နယ် နားအုံရွာ နှင့် ပန်မုံရွာကြား သျှမ်းပြည်...
ကျောက်မဲမြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံများ စစ်ရှောင်နေရ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်သဖြင့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်နေကြောင်း စုံစမ်းသိရသည်။ ထိုနယ်မြေများတွင် အစိုးရ တပ်မတော် နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)တို့သည် ဇွန် ၂၅ရက်မှ ယနေ့ထိတိုင်း ထိတွေ့မှု မကြာခဏ...
အစိုးရတပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၊ RCSS/SSA စခန်းကိုပစ်ခတ်
ကိုဗစ်ကာလကြား သျှမ်းပြည် အရှေ့ပိုင်း ပုံပါကျင်မြို့နယ် တွင် အစိုးရတပ် နှင့် နယ်ခြားစောင့်တပ်တို့ပူးပေါင်းပြီး RCSS/SSA တို့ ယနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန် ၃ ရက် ယနေ့မနက်ပိုင်းက မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့နယ် အတွင်း အမှတ်၆၅ ခြေလျင်တပ်ရင်း နှင့် အမှတ်...
မူဆယ်မြို့နယ် TNLA နှင့် အစိုးရတပ်မတော် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွား
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ရွာ အနီး တွင် ယနေ့မနက်ပိုင်း တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၃၁ ရက် ယနေမနက်ပိုင်းက တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရတပ်မတော်တို့ကြာတိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်။
“ ဒီမနက် ၆ နာရီခွဲ မှာ...
ကွတ်ခိုင်-နမ့်ဖတ်ကာကြား တိုက်ပွဲ ပြင်းထန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် နှင့် နမ့်ဖတ်ကာ ကြားရှိ နမ့်ကွတ်ကျေးရွာတွင် ယနေ့မနက်ပိုင်း ပစ်ခတ်မှု ဖြစ်ပွားရာ လက်ရှိသတင်းရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဟု စုံစမ်းသိရသည်။ ကွတ်ခိုင်-နမ့်ဖတ်ကာ ကြားရှိ နမ့်ကွတ်ကျေးရွာဘက်တွင် မေ ၂၉ ရက် ယနေ့ မနက် ၁၀ နာရီ မှစတင်ကာ ယခုချိန်ထိ...
COVID-19 ကပ်ရောဂါကြား တိုင်းရင်းသားဒေသက မပြီးနိုင်တဲ့ “စစ်မီး”
COVID-19 တိုက်ဖျက်ရေးအတွက် တိုက်ပွဲ တွေကို မေလ ၁၀ ရက်ကနေ သြဂုတ်လ ကုန်အထိ ၄ လခန့် ရပ်နားထားမယ် ဆိုပေမယ့် ရခိုင့်ဒေသဘက်မှာတော့တိုက်ပွဲ ရပ်နားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ မေလ ၉ ရက်နေ့ တပ်မတော်ထုတ်ပြန်ချက် အချက် ၈ အနက် တချက်ပါ၀င်တဲ့အတိုင်း -...
RCSS/SSA နှင့် အစိုးရ တပ် နေပြည်တော်တွင် တွေ့ဆုံမှုအပြီး တိုက်ပွဲပြန်ဖြစ်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ယနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။ မတ်လ ၂၅ ရက် ယနေ့ မနက် ၈ နာရီခွဲက သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော်...
RCSS/SSA နှင့် အစိုးရတပ် တို့တွေ့ဆုံပြီးနောက်ပိုင်း တိုက်ပွဲ ၁၈ ကြိမ်ဖြစ်ပွား
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ မတ်လ ် ၁ ရက် တွေ့ဆုံဆွေးနွေးကြပြီးနောက် တိုက်ပွဲ ၁၈ ကြိမ်ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော်သည် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ...
ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ် သားအမိ ၂ဦး ကျည်ထိသေ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယမန်နေ့ မွန်းလွှဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး ၂ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၈) တွင် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA)တို့ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားကာ...
နမ္မတူ-လားရှိုး ကားလမ်း အနီး တိုက်ပွဲဖြစ် ကားသမားတဦး သေဆုံး
သျှမ်းပြည် မြောက်ပိုင်း နမ္မတူ- လားရှိုး ကားလမ်း အနီး ၌ ယမန်နေ့ (ဒီဇင်ဘာ ၂၉ ) တွင် မွန်လွဲပိုင်း တိုက်ပွဲဖြစ်ပွားကာ ယာဉ်မောင်းတဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )နှင့် မြန်မာ့တပ်မတော်တို့ သည့်...





