တိုက်ပွဲ

စစ်ကောင်စီအတွက် အကျိုးစီးပွားဖြစ်စေသည့် လုပ်ငန်းယန္တရားများ အရှိန်မြင့်တိုက်ဖျက်သွားမည်

စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်စေသည့် လုပ်ငန်းယန္တရားများကို အရှိန်မြင့် တိုက်ဖျက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်တွန်းလိုက်ကြောင်း MBPDF (1001)မှ သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ထောက်တိုင်ယန္တရားများကို ပြိုပျက်နိုင်ရန် အတွက် ပြည်တွင်းပြည်ပရှိ ပြည်သူလူထုများနှင့်...

စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲကြား စစ်ကောင်စီဘက် ၁၀ ဦး ထက်မနည်း သေဆုံး

လဲချားမြို့နယ် အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ကြား ယမန်နေ့ (သြဂုတ် ၆) ရက် တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးကြောင်း SSPP မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (သြဂုတ် ၆)...

စစ်ကောင်စီ လက်နက်ကြီး ပစ်မှုကြောင့် မူဆယ်မြို့နယ်ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရ

သျှမ်းပြည် မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ်၊ တီးမကျေးရွာအုပ်စုမှ လုံကာကျေးရွာအတွင်းသို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် လုံကာဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေရ ကြောင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၄ ရက် ညပိုင်းမှစတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့သည် တီးမကျေးရွာအုပ်စု လုံကာ ကျေးရွာ နှင့်...

လားရှိုးမြို့ ပစ်ခတ်မှု ထပ်မံကြားရ

သျှမ်းပြည် လားရှိုးမြို့ အမှတ် ၂ ရဲစခန်းအနီးရှိ ကာကွယ်ရေးလမ်းထိပ်တွင် ယနေ့ (သြဂုတ် ၇) ရက် နံနက် ၁ နာရီတွင် သေနတ်ဖောက်သံများ ထပ်မံကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ ( သြဂုတ် ၇) ရက် နံနက် ၁ နာရီဝန်းကျင်တွင် လားရှိုးမြို့...

လဲချားမြို့နယ်တိုက်ပွဲ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများ

သျှမ်းပြည် လွိုင်လင်ခရိုင် ၊ လဲချားမြို့နယ်အတွင်း ဖြစ်ပွားသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ယနေ့ (ဩဂုတ် ၆)ရက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။ ယနေ့( သြဂုတ် ၆ )ရက် နံနက်...

SSPP ဌာနချုပ် လုံခြုံရေးအတွက် တပ်မဆုတ်ပေးနိုင်

ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်၏ လုံခြုံရေးအတွက် တပ်မဆုတ်နိုင်ကြောင်း SSPP က ထုတ်ပြန်ပြောဆိုလိုက်သည်။ လဲချားမြို့နယ်အတွင်း SSPP/SSA နှင့် စစ်ကောင်စီတို့ကြား ယနေ့ (သြဂုတ် ၆)ရက် နံနက် ၆နာရီကျော်မှ စပြီး လက်ရှိ အချိန်ထိ စစ်ရေးပြင်းထန်နေသေးကြောင်းသိရသည်။ စစ်ကောင်စီဘက်မှ SSPP ၏ တပ်စခန်း...

သျှမ်းပြည်နယ်အတွင်း အမျိုးသားစည်းလုံးညီညွှတ်ရေး နဲ့ အတူယှဉ်တွဲနေထိုင်ရေးအကြား ချိန်ခွင်လျှာ

နန်းခေါန်လိတ်၊ ၂၀၂၃ သြဂုတ် ၆ ၂၀၁၅-၁၆ နှစ်ပိုင်း ကစ သျှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့_ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဖြစ်တဲ့ RCSS/SSA နဲ့ PSLF/TNLA-SSPP/SSA တို့အကြား_ လက်နက်ကိုင်ပဋိပက္ခမီးဟာ ကနေ့အထိ အရှိန်မသေသေးပါ။ ဒါဟာ ခေတ်အဆက်ဆက် ဗဟိုထိန်းချုပ်မှု နဲ့ စစ်ဓလေ့ကဲတဲ့ စနစ်ဆိုးရဲ့ သက်ရောက်မှု...

မူဆယ်မြို့နယ် တိုက်ပွဲကြား အရပ်သားများ ထိခိုက်မှုရှိ

သျှမ်းပြည် မူဆယ်မြို့နယ် အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ဖြစ်ပွားသည့် တိုက်ပွဲကြား အရပ်သားများထိခိုက်မှုရှိနေကြောင်းစုံစမ်းသိရသည်။ အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၀၀ ကျော်ပါသည့် စစ်ကား ၁၀ စီးကို TNLA...

မူဆယ်မြို့နယ် အတွင်း တိုက်ပွဲ ဆက်ဖြစ် စယ်လန့်စျေးနေ့ ပိတ်ထားရ

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး ယနေ့ (ဇူလိုင် ၃၀)ရက် တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတို့ ကြားတိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃၀)ရက်ထိ စယ်လန့်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် စယ်လန့်စျေးနေ့ဖြစ်သော်လည်း စျေးပိတ်ထားရကြောင်း စယ်လန့်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ တိုက်ပွဲက ဒီနေ့မနက်ထိ...

“လမ်းများအားလုံး…နေပြည်တော်သို့” သို့မဟုတ်တောင်ပိုင်းစစ်ဒေသကို လေ့လာခြင်း

နိဒါန်း ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို စုစည်းကာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက “တောင်ပိုင်းစစ်ဒေသ” အဖြစ် စုဖွဲ့ထားပါသည်။ ယင်းတောင်ပိုင်းစစ်ဒေသကို တောင်ပိုင်းနှင့် အလယ်ပိုင်းမှ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (၂) ခုဖြစ်သော...

Latest news