လဲချားမြို့နယ်တိုက်ပွဲ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများ

သျှမ်းပြည် လွိုင်လင်ခရိုင် ၊ လဲချားမြို့နယ်အတွင်း ဖြစ်ပွားသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ယနေ့ (ဩဂုတ် ၆)ရက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ တပ်သား

ယနေ့( သြဂုတ် ၆ )ရက် နံနက် ၆နာရီမှစတင်လိုက်သည့်တိုက်ပွဲသည် နှစ်ဖက် တပ်ဖွဲ့၏ ထိတွေ့တိုက်ပွဲများသည် တစ်နေရာတည်း မဟုတ်သည့်အတွက် စစ်ကောင်စီ ဘက်မှ ထိခိုက်ကျဆုံးမှု ၂၀ ထက်မနည်း ရှိနိုင်ကြောင်း SSPP/SSA ၏ မြေပြင် အရာရှိက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ဒီနေ့တိုက်ပွဲက သုံး / လေးနေရာလောက် ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ သက်ဆိုင်ရာ မြေပြင် တာဝန်ရှိသူတွေရဲ့ အစီရင်ခံစာအရ ဒီနေ့ စစ်ကောင်စီကျတာ ၂၀ ထက်နည်းမှာ မဟုတ်ဘူး၊ ကျနော်တို့ဘက်ကတော့ တစ်ယောက်ကျသွားတယ်၊ ခိုင်းဖက်နမ်နားက တပ်စခန်းကို သူတို့ဘက်က စလာချောင်းပစ် ဝင်လာတဲ့အချိန်မှာထိသွားတာ” ဟု သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယနေ့ (သြဂုတ် ၆)ရက် တွင် လဲချားမြို့နယ် မက်လန်းကျေးရွာအနီး ဖြစ်ပွားသည့်တိုက်ပွဲသည် နံနက် ၆ နာရီဝန်းကျင်မှ ၈ နာရီဝန်းကျင်အထိ တစ်ကြိမ် ၊ ၁၀ နာရီဝန်းကျင်တွင် တစ်ကြိမ် ၊ ၁၂ နာရီဝန်းကျင်မှ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်အထိတွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် တိုက်ပွဲဖြစ်ခဲ့ ကြောင်းလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာ

လက်ရှိတွင် မြေပြင်အခြေအနေအရ ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာသည့် အနေအထား ရှိနေကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သော်လည်း စစ်ကောင်စီဘက်မှ ကျဆုံး နှင့် ထိခိုက်ဒဏ်ရာများသည့်အပြင် စစ်သုံ့ပန်းအဖြစ် တပ်သား ၂ ဦး၊ သေနတ် ၂ လက်၊ စစ်ကားတစ်စီးတို့ကို SSPP မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း SSPP/SSA မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ်။ သူတို့ဘက်ကအကျအရှုံးများတယ်။ ၂ ဦးကို ကျနော်တို့ဖမ်းမိထားတယ်၊ ပြီးတော့ သေနတ် ၂ လက်၊ ကားတစ်စီးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ် ။ အခု သူတို့ (စကစ) နမ့်တိန်းတံတားနားကတပ်သားတွေ မရှိတော့ဘူး၊ လက်ရှိက စစ်ရေးတင်းမာတဲ့ အနေအထားရှိနေတယ်” ဟု SSPP/SSA မြေပြင် အရာရှိက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများသည် လဲချားမြို့ပေါ်ရှိ ဆွေမျိုး အသိအိမ် များထံသို့ စစ်ရှောင်ထွက်ပြေးကြရပြီး၊ အချို့က ဘုန်းတော်ကြီးကျောင်းများ တွင် ခိုလှုံနေထိုင်ကြရကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...