Thursday, January 29, 2026

မူဆယ်မြို့နယ် အတွင်း တိုက်ပွဲ ဆက်ဖြစ် စယ်လန့်စျေးနေ့ ပိတ်ထားရ

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး ယနေ့ (ဇူလိုင် ၃၀)ရက် တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတို့ ကြားတိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

စယ်လန့်စျေး

ယနေ့ (ဇူလိုင် ၃၀)ရက်ထိ စယ်လန့်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုကြောင့် စယ်လန့်စျေးနေ့ဖြစ်သော်လည်း စျေးပိတ်ထားရကြောင်း စယ်လန့်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ တိုက်ပွဲက ဒီနေ့မနက်ထိ ကြားနေရတာ။ စယ်လန့်စျေးနေ့တောင် စျေးပိတ်ထားရတဲ့အဆင့်ပဲ။ တိုက်ပွဲက ထပ်ဖြစ်အုံးမယ်ထင်တယ်။ ကျေးရွာကလူတွေအများစုက မူဆယ်ဘက်တိမ်ရှောင်သွားကြပြီ” ဟု စယ်လန့်ဒေသခံ အမျိုးသားက ဆိုသည်။

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်လာသည်မှာ ရက်ဆက်ဖြစ်နေပြီး TNLA တပ်သားများနှင့် စစ်ကောင်စီတပ်သားများသည် အရပ်သားနေအိမ်ထဲ ဝင်ရောက်နေထိုင်သဖြင့် အချို့ ဒေသခံများက ကျေးရွာအတွင်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

စယ်လန့်ကျေးရွာ

“ ၂ဖက် တပ်သားတွေက ကျေးရွာအိမ်တွေမှာ လာနေကြတယ်။ ရွာထဲ လက်နက်ကြီးကျတာတွေ တိုက်ပွဲဖြစ်မှာတွေကို ကြောက်နေရတယ်။ မူဆယ်မြို့ပေါ် ဆွေမျိုးရှိတဲ့သူတွေကတော့ ရှောင်တိမ်းသွားပြီ” ဟု ၎င်းဒေသခံအမျိုးသားက ဆိုပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ သည် ဇွန်လ(၁)ရက်မှ (၂)ရက်ထိ သျှမ်းပြည် အထူးဒေသ (၄) မိုင်းလားမြို့တွင် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုပြီးနောက်ပိုင်း သျှမ်းပြည် လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ် ၊ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့အတွင်း စစ်ကောင်စီနှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားလာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...