လားရှိုးမြို့ ပစ်ခတ်မှု ထပ်မံကြားရ

သျှမ်းပြည် လားရှိုးမြို့ အမှတ် ၂ ရဲစခန်းအနီးရှိ ကာကွယ်ရေးလမ်းထိပ်တွင် ယနေ့ (သြဂုတ် ၇) ရက် နံနက် ၁ နာရီတွင် သေနတ်ဖောက်သံများ ထပ်မံကြားနေရကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

ယနေ့ ( သြဂုတ် ၇) ရက် နံနက် ၁ နာရီဝန်းကျင်တွင် လားရှိုးမြို့ အမှတ် (၂) ရဲစခန်းအနီးရှိ ကာကွယ်ရေး လမ်းထိပ်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ပြီး သေနတ် တစ်ချက်ဖောက်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ နံနက် ၁ နာရီလောက်က လာပစ်သွားတာ။ ကာကွယ်ရေးလမ်းထိပ်မှာ လာပစ်သွားတာ သေနတ်တစ်ချက် ကြားရတယ်။ ဘယ်သူ့ကိုလာပစ်တာတော့ မသိဘူး“ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ဖောက်သံ ကြားရသည့် နေရာတွင် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ စစ်တိုင်းရုံးနှင့် နီးစပ်ကြောင်းလည်း သိရသည်။

အလားတူ ယမန်နေ့ သြဂုတ် ၆ ရက် ညသန်းခေါင်ကျော် အချိန်တွင်လည်း လားရှိုးမြို့အတွင်း ဗုံးပေါက်ကွဲသံများ၊ ပစ်ခတ်သံများ ထပ်ဆင့် ကြားနေရကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ သူတို့က ဘယ်သူ့ကိုပစ်မှန်း မသိဘူး။ ပစ်တော့ ပစ်နေတာပဲ ထိခိုက်မှုတော့ မကြားသေးဘူး။ အသံပဲ ကြားနေရတယ်။ တစ်မြို့လုံးနီးပါးလိုပဲ ပစ်ခတ်မှုတွေဖြစ်နေသလို ကြားနေရတယ် “ ဟု ၎င်းက အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့ ညမြင်ကွင်း

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုများ၊ တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားနေလျက်ရှိပြီး တစ်ဖက်မှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှုကြောင့် ပြည်သူများသည် စစ်ရေး၊ နိုင်ငံရေးကြားထဲ၌ စားဝတ်နေရေး လည်ပတ်နိုင်အောင် ရုန်းကန်နေရကြောင်း ဒေသခံထံမှ သိရသည်။

“ လားရှိုးမြို့မှာတော့ နေရာတိုင်းလိုလို ဖြစ်နေတာပေါ့လေ။ ကိုယ်ကအပြင်တွေ သွားရတောင်မှ သိပ်ပြီး မလုံခြုံသလို၊ မြို့ပြင်ထွက်လိုက်ပြီဆိုရင် ကြောမလှုံသလို ကိုယ့်ကိုယ်အဲ့လိုတောင် ဖြစ်နေတာ။ ဒါမျိုးတွေ စိတ်မချရတဲ့အပိုင်းပေါ့လေ။ အခုဟာဈေးနှုန်းတွေက အကုန်တက်တော့ ကျနော်တို့ ပြည်သူတွေ ဘယ်လို လုပ်စားရမလဲ၊ ရပ်တည်မှုကဘယ်လိုရှိလဲ၊ မိသားစုများတဲ့သူဆို ပိုဆိုးတယ်။ ကုန်ဈေးနှုန်းတက်တာ တမျိုး၊ နိုင်ငံရေးကတမျိုးနဲ့ ရှေ့လျောက်ကျနော်တို့ ပြည်သူတွေတော့ မလွယ်ဘူး “ ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ထို့အပြင် ယမန်နေ့ သြဂုတ် ၆ ရက် လားရှိုးမြို့နယ် အမှတ် (၆) ရပ်ကွက်ရှိ သိန်းထိုက်ရုပ်ရှင်ရုံ အနီး Sunny Hotel တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...