စစ်ကောင်စီ လက်နက်ကြီး ပစ်မှုကြောင့် မူဆယ်မြို့နယ်ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရ

သျှမ်းပြည် မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ်၊ တီးမကျေးရွာအုပ်စုမှ လုံကာကျေးရွာအတွင်းသို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် လုံကာဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေး တိမ်းရှောင်နေရ ကြောင်းသိရသည်။

တီးမ ကျေးရွာအနီး ပေါက်ကွဲနေသည့်ပုံ

ပြီးခဲ့သည့် သြဂုတ်လ ၄ ရက် ညပိုင်းမှစတင်ပြီး စစ်ကောင်စီ တပ်ဖွဲ့သည် တီးမကျေးရွာအုပ်စု လုံကာ ကျေးရွာ နှင့် မိုင်းယကျေးရွာအုပ်စုမှ မန်ဖာကျေးရွာတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့် အတွက် လုံကာကျေးရွာ နှင့် မန်ဖာကျေးရွာတို့သည် ရွာလုံးကျွတ် စစ်ရှောင်နေရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီက ရွာထဲကို လက်နက်ကြီး နဲ့ ပစ်လို့ သူ့တို့ကြောက်လို့တဲ့ မန်ဖာရွာကဆိုရင် ညတွင်းချင်း ပြေးလာ ကြတာ၊ ထိခိုက်မှုတော့ မရှိဘူးပေါ့။ လုံကာကျေးရွာကလည်း ရွာလုံးကျွတ်နီးပါး ထွက်ပြေးလာပြီး တီးမကျေးရွာ ထဲက အမျိုးအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ လာခိုလှုံနေကြတာ။ အခုချိန်ထိ မပြန်နိုင်ကြသေးဘူး” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အိမ်ထောင်စု လေးဆယ်ကျော်နှင့် လူဦးရေ ၁၀၀ ကျော်ရှိသည့် စစ်ရှောင်များသည် တီးမကျေးရွာ အတွင်း သို့ ခိုလှုံနေထိုင်လျက်ရှိပြီး စားသောက်ရေး နှင့် နေထိုင်မှုများကို ဒေသခံများက ကူညီပေးလျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် စစ်ရှောင်များ တီးမကျေးရွာအတွင်း ရောက်ရှိလာပြီးသည့်နောက် အင်အား ၃၀ နီးပါးရှိသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ကြောင်း တစ်ခုသည် တီးမကျေးရွာ တွင်းသို့ ရောက်ရှိလာပြီး အရပ်သားနေအိမ်များ၌ ဝင်ရောက်နေထိုင်လျက်ရှိသည်။

“TNLAအင်အားက ၃၀ လောက်ရှိတယ်၊ တီးမရွာထဲက အရပ်သားအိမ် ၆/၇ အိမ်လောက်မှာ ခွဲပြီးနေနေကြတာ၊ အိမ်ရှင်တွေက ခွင့်မပြုချင်ပေမဲ့ မတားရဲဘူး။ တစ်ဖက်ကလည်း စစ်ကောင်စီ ရွာထဲကို လက်နက်ကြီး ပစ်လာမှာ ကြောက်ရတယ်။ TNLA ကလည်း ဘာလို့ ရွာထဲဝင်ပြီး အရပ်သားအိမ်မှာ နေနေကြသလဲ မသိဘူး” ဟု ဒေသခံတစ်ကဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လုံကာကျေးရွာ နှင့် မန်ဖာကျေးရွာ တွင်းသို့ စစ်ကောင်စီ တပ်မှ လက်နက်ကြီး ပစ်ခတ်စဥ်တွင်လည်း TNLA တပ်သားများ ကျေးရွာအတွင်း ရှိနေသည့် သတင်းကြောင့်ဟု ဆိုကာ လက်ရှိ TNLA တပ်သားများ တီးမကျေးရွာ ရောက်ရှိသည့်အတွက် ဒေသခံများက စိုးရိမ်ကြောက်လန့်နေရကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ အရပ်သားနေအိမ်ထဲ ဝင်ရောက်နေရာယူသည့် ကိစ္စ နှင့် စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ ပြောရေးဆိုခွင့် နှင့် ပြန်ကြားရေး ဌာနထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြောရေးဆိုခွင့် အစည်းအဝေးတက်နေသေးသည့် အတွက် ဖြေကြားရန် အဆင်မပြေသေးကြောင်း သျှမ်းသံတော်ဆင့်ကို အကြောင်းပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...