စစ်ကောင်စီအတွက် အကျိုးစီးပွားဖြစ်စေသည့် လုပ်ငန်းယန္တရားများ အရှိန်မြင့်တိုက်ဖျက်သွားမည်

စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်စေသည့် လုပ်ငန်းယန္တရားများကို အရှိန်မြင့် တိုက်ဖျက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်တွန်းလိုက်ကြောင်း MBPDF (1001)မှ သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ထောက်တိုင်ယန္တရားများကို ပြိုပျက်နိုင်ရန် အတွက် ပြည်တွင်းပြည်ပရှိ ပြည်သူလူထုများနှင့် ပူးပေါင်းဆောင်ရွက်နေလျက်ရှိပြီး လက်ရှိတွင် လုပ်ငန်းစဉ် ၄ ရပ်ဖြင့် အရှိန်မြင့် တိုက်ဖျက်ဖို့ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

ထို လုပ်ငန်းစဉ် ၄ ရပ်ထဲ ၌ စစ်ကောင်စီအတွက် အကျိုးစီးပွားဖြစ်စေသည့် ထုတ်လုပ်ပစ္စည်းများနှင့် ပတ်သက်ပြီး ရောင်းဝယ် ဖောက်ကားခြင်း၊ ကုန်သွယ်ခြင်းအပါအဝင် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်ခြင်း၊ စစ်ကောင်စီကို သတင်းရယူပေးခြင်းနှင့် စစ်ရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF (1001) ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း မြေပြင်ဖုန်းလိုင်းအခက်ခဲကြောင့် ဆက်သွယ်၍ မရပေ။

“ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ယန္တရားတွေကို ပြိုပျက်ဖို့အတွက် ပြည်တွင်းပြည်ပကရှိတဲ့ ပြည်သူတွေအပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ပေးဖို့တောင်းဆိုချင်တယ်။ ပြည်သူလူထုတွေ ခိုင်ခိုင်မာမာလက်တွဲပြီး စစ်ကောင်စီအတွက် အင်အားဖြစ်စေမယ့်လုပ်ငန်းများ၊ ထောက်ပံ့မှုများတွေကို ဖြိုဖျက်နိုင်မှာဖြစ်တယ်။ ဒါမှ တော်လှန်ရေးအောင်မြင်မှုခရီး အမြန်ပြီးမြောက်နိုင်မည် “ ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ စစ်ကောင်စီနှင့် ပူးပေါင်းပြီး သတင်းရယူပေးခြင်း၊ ထောက်လှမ်းပေးခြင်း စသည့် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို စစ်ရေးဉပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

မိုးဗြဲအနောက်ဘက်ခြမ်း စစ်တပ်က စစ်ကြောင်းထိုး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်တပ်မှ စစ်ကြောင်းထိုးနေပြီး၊ စစ်ရှောင်များတည်ရှိသည့် နေရာများကို ဉီးတည်ကာ လေကြောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိတယပတ်မှစပြီး မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ထို့အပြင်...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...