တာချီလိတ်မြို့

တာချီလိတ်မြို့တွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင် (ခ)ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မနက် ၄ နာရီခွဲတွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဆန်ဆိုင်(ခ)ရပ်ကွက် ရီဂျီးနားဟိုတယ်အောက် ဝမ်မိုင်ရွာဝင် ကုန်းဆင်းနားတွင် လူအုပ်စု တစ်ဖွဲ့က ဓားရှည်ဖြင့် ဆိုင်ကယ်စီးလာသူကို ခုတ်ပြီး ဆိုင်ကယ်လုယူသွားကြောင်း...

တာချီလိတ်မြို့တွင် အသွားအလာ သတိထားသွားလာရန် TCL-PDF ထုတ်ပြန်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နေ ပြည်သူများ အသွားအလာ သတိထားရန်၊ စစ်ကောင်စီသတင်းပေး (ဒလန်)များ သတိထားနေထိုင်ရန်အတွက် တာချီလိတ်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (TCL-PDF) က ယမန်နေ့ ဇန်နဝါရီ (၁၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် တာချီလိတ်မြို့မှ ကျိုင်းတုံသွားလာသူများအနေဖြင့် ကားမှန်ချသွားလာရန်၊ စစ်ကောင်စီ ဒလန်များ လုပ်ငန်းစဉ်မှ...

တာချီလိတ်မြို့ အိမ်ထဲထိ ဓားပြဝင်တိုက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မိုင်းဖုန်း(ခ)ရပ်ကွက် နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ထိုင်းဘတ်ငွေ ၇ သိန်းခန့် ပါသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်ဖြင့်လာသော အမျိုးသား ၂ ဦးသည် တာချီလိတ်မြို့ မိုင်းဖုန်း (ခ)ရပ်ကွက်ရှိ လုံးစိုင်းဆမ်၊...

တာချီလိတ်မြို့ NLD အမတ် ဦးခင်မောင်တင့် နှင့် ဇနီး ပြန်လည်လွတ်မြောက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ဇနီးဖြစ်သူတို့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်မှာ ၎င်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးနှင့်အတူ ဖမ်းဆီးခံရသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ...

တာချီလိတ်မြို့ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး အထိုးခံ လိုက်ရသည့် ရဲတပ်ကြပ်အဆင့်ရှိသူက ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိ ရှိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီကျော်ဝန်းကျင်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် လုံခြုံရေး...

တာချီလိတ်မြို့ ဂိတ်စောင့်စစ်သား အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင်ပြောဆို

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်း စစ်ဆေးရေးဂိတ်စောင့်စစ်သားတချို့ သည် လမ်းသွားလမ်းလာသည့် အမျိုးသမီးများကို ကာအိန္ဒြေပျက်အောင် စော်ကားပြောဆိုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်တွင် တာချီလိတ် - မိုင်းဖုန်းလမ်းမှ ဝေလေလှန် စစ်ဆေးရေးဂိတ်မှ အစောင့်စစ်သားများသည် ဆေးရုံမှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသမီး တစ်ဦးကို ကာအိန္ဒြေပျက်အောင်...

တာချီလိတ်မြို့ ရေကြီးရေလျှံဖြစ် နေအိမ်ထဲထိ ရွှံ့ရေဝင်

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယခုရက်ပိုင်း မိုးသည်းထန် ရွာသွန်းမှုကြောင့် ယနေ့( သြဂုတ် ၁၁ )မနက်ပိုင်းတွင် ရပ်ကွက် တချို့ ရေကြီးရေလျှံမှု ဖြစ်ပွားကာ နေအိမ်ထဲထိရေဝင်ကြောင်း စုံစမ်းသိရှိရသည်။ မိုးသည်းထန်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေးနှင့်အတူ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ မြို့တွင် မယ်ဆိုင်ချောင်းအနီး တာလော့ရပ်ကွက် တွင် ရေကြီးရေလျှံမှု...

တာချီလိတ်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ထွက်ပြေး ဒေသခံများစိုးရိမ်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ ထွက်ပြေးလွတ်မြောက် သွားသဖြင့် ဒေသခံများစိုးရိမ်ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၂၉) ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း၌ ကိုဗစ် - ၁၉ ရှိ/မရှိ လာရောက်စစ်ဆေးရာမှ ပိုးတွေ့ရှိရသည်ကို သိရှိသွားပြီးနောက်...

တာချီလိတ်မြို့ ကိုဗစ်-၁၉ လူနာတွင် ၆ လ ကလေး တစ်ဦး ပါဝင်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြိုတွင် ယမန်နေ့ (ဇူလိုင် ၂၈) ရက် အတွင်း ထပ်တိုးသည့် ကိုဗစ် -၁၉ လူနာများတွင် ၆ လာသားအရွယ် ကလေးသငယ်တစ်ဦးပါဝင်ကြောင်း သိရသည်။ ယမန်နေ့ ( ဇူလိုင်လ ၂၈) ရက်တွင် ထပ်တိုးတွေ့ရှိရသည့် ကိုဗစ် -၁၉ အတည်ပြုလူနာ စုစုပေါင်း...

တာချီလိတ်မြို့တွင် ကိုဗစ်အတည်ပြုလူနာသစ် (၁၀)ဦး ထပ်တွေ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဇူလိုင် (၃)ရက် ဆေးရုံဟောင်းအတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်စစ်ဆေးရာနေရာသို့ လာရောက်စစ်ဆေးသူများထဲမှ အတည်ပြုလူနာသစ် (၁၀)ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။ တာချီလိတ်မြို့တွင် ဇွန်လ (၂၈)ရက်မှ ယနေ့ထိ ကိုဗစ်ရောဂါ ကူးစက်ခံရသည့်လူနာ စုစုပေါင်း (၄၅)ဦးရှိနေပြီဖြစ်သည်။ ကူးစက်လူနာ ပိုမိုများပြားလာနေသည့်အတွက် စားသောက်ဆိုင်များ အားလုံး ဆိုင်ထိုင်ရောင်းချခြင်း ခွင့်မပြုတော့ဘဲ...

Latest news