Wednesday, January 28, 2026

တာချီလိတ်မြို့တွင် အသွားအလာ သတိထားသွားလာရန် TCL-PDF ထုတ်ပြန်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နေ ပြည်သူများ အသွားအလာ သတိထားရန်၊ စစ်ကောင်စီသတင်းပေး (ဒလန်)များ သတိထားနေထိုင်ရန်အတွက် တာချီလိတ်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (TCL-PDF) က ယမန်နေ့ ဇန်နဝါရီ (၁၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

TPF

ထိုထုတ်ပြန်ချက်တွင် တာချီလိတ်မြို့မှ ကျိုင်းတုံသွားလာသူများအနေဖြင့် ကားမှန်ချသွားလာရန်၊ စစ်ကောင်စီ ဒလန်များ လုပ်ငန်းစဉ်မှ ရပ်တန့်ရန်၊ NON CDM များနှင့် အနီးကပ်သွားလာမှုများ မပြုလုပ်ရန် နှင့် စစ်ကောင်စီများ ဖွင့်လှစ်ထားသည့် လောင်းကစားရုံများတွင် မသွားရန်အတွက် ထုတ်ပြန်ထားသည်။

“လုပ်စရာတွေရှိနေတဲ့ ကာလမှာ ပြည်သူများအနေနဲ့လည်း ထုတ်ပြန်ချက်အတိုင်း လိုက်နာပေးစေချင်တယ်။ ကျနော်တို့ ထုတ်ပြန်ထားတဲ့ အတိုင်းကို ပြည်သူတွေအကုန်လုံး လိုက်နာပေးကြပါ။ တကယ်လို့ မလိုက်နာရင်တော့ ကျနော်တို့ အနေနဲ့ လုံးဝ တာဝန်မယူဘူးဆိုတာ ပြောချင်ပါတယ်” ဟု (TCL-PDF) အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့များက ညတိုင်းနီးပါး ကားများဖြင့် လှည့်လည် စစ်ဆေးမှုများ ပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယမန့်နေ ဇန်နဝါရီ (၁၀)ရက် လဝက ရုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တာချီလိတ်မြို့တွင် ယနေ့ စစ်ကောင်စီ မြို့ပေါ်လှည့်လည်နေလျက်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

“တာချီလိတ်မှာတော့ ညတိုင်းနီးပါး ကားတွေနဲ့ လှည့်လည် စစ်ဆေးနေတာတွေတော့ ရှိတာပေါ့။ ဒီနေ့လည်း ကားတွေနဲ့ မြို့ပေါ်လှည့်လည်ပြီး ကြည့်နေတာတွေရှိတယ်တဲ့။ မနေ့က ပေါက်ကွဲမှုနဲ့ ပတ်သက်ရင်လည်း ပတ်သက်မှာပေါ့။ ဘယ်သူက လဝက ရုံးကို သွားဖောက်ခွဲလဲတော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF ကို ဇွန်လ (၈)ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...