Wednesday, January 28, 2026

တာချီလိတ်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ထွက်ပြေး ဒေသခံများစိုးရိမ်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ထွက်ပြေးလွတ်မြောက် သွားသဖြင့် ဒေသခံများစိုးရိမ်ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၂၉) ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း၌ ကိုဗစ် – ၁၉ ရှိ/မရှိ လာရောက်စစ်ဆေးရာမှ ပိုးတွေ့ရှိရသည်ကို သိရှိသွားပြီးနောက် ၎င်းအမျိုးသားတစ်ဦးသည် ထွက်ပြေး လွှတ်မြောက်သွားကြောင်း သိရသည်။

“အစကတော့ သူက ပိုးတွေ့သူနဲ့ဆက်စပ်မှု ရှိထားလို့ ကွာရန်တင်း နေအိမ် ကွာရန်တင်းဝင်ထားရတယ်လည်း ကြားပါတယ်၊ မနေ့က ဆေးရုံဟောင်းဝင်းအတွင်းမှာ လာစစ်ကြတော့ သူ့မှာလည်း ပိုးတွေ့သွားတယ်၊ ဘယ် လိုစိတ် ကူးပေါက်သွားလဲမသိဘူး၊ သူ့မှာပိုးတွေ့တယ်လို့ ကြားတာနဲ့ လူနာတင်ကားလာခေါ်ဖို့ စောင့်နေတဲ့ ချိန်မှာ ထွက်ပြေးသွားတာပဲ” ဟု တာချီလိတ်မြို့ခံ ပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထွက်ပြေးသွားသည့် အမျိုးသားသည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဆေးရုံ ဟောင်းမှာ ကိုဗစ် ရှိ/မရှိ လာရောက်စစ်ဆေးစဉ် ပိုးတွေ့ကြောင်း သိရပြီးနောက် လူနာတင်ယာဉ်လာ ခေါ်သည်ကို မစောင့်တော့ဘဲ ထွက်ပြေးသွားကြောင်းနှင့် ယခု ဖြစ်စဉ်မှာ ဒုတိယမြောက်ဖြစ်ကြောင်း သိရသည်။

“အရင်ကလည်း ဒီလိုထွက်ပြေးတဲ့ တစ်ယောက်ရှိဖူးပါတယ်၊ သူကလည်း အမျိုးသားပဲ၊ အခုချိန်ထိ သူ့ကို ရှာလို့မတွေ့သေးဘူး၊ ဆိုတော့ကျနော်တို့ တိတိကျကျ သိရတဲ့ ပိုးတွေ့ရင်း ကုသမှု မခံယူဘဲ အပြင်ရောက်နေ သူက နှစ်ယောက်ရှိနေပြီ၊ ပြောရရင် သူတို့က ပိုးသွားဖြန့်တယ်လို့ပဲ မြင်မိတယ်၊ အဲ့ကြောင့် ပြည်သူတွေက လည်းလန့်နေပြီ၊ ဒီကိစ္စတွေကိုလည်း ကောင်စီက လူတွေက ဘာမှ လုပ်နိုင်ပုံ မပေါ်ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

တာချီလိတ်မြို့တွင်း ထိန်းချုပ်ရခက်နေသည့် ကိုဗစ် -၁၉ တတိယလှိုင်းတွင် ယခုကဲ့သို့ ထွက်ပြေးလွှတ် မြောက်နေသည့် ပိုးတွေ့လူနာများရှိနေသည့်အပြင် သက်ဆိုင်ရာ ဝာာဝန်ရှိသူများကလည်း ကိုဗစ် – ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ၎င်းကပြောသည်။

တာချီလိတ်မြို့တွင်းတွင် ကိုဗစ် – ၁၉ တတိယလှိုင်းအတွင်း ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၅၀၀၀ နီးပါးရှိနေသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စစ်ကောင်စီ လက်အောက်ခံ တို့၏ ညွှန်ကြားချက်များသည် ထိရောက်မှု မရှိသည့်အတွက် ဒေသခံများက စိုးရိမ်ပူပန်များ ရှိနေကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...

တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

0
သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။ မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...