တာချီလိတ်မြို့ အိမ်ထဲထိ ဓားပြဝင်တိုက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မိုင်းဖုန်း(ခ)ရပ်ကွက် နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ထိုင်းဘတ်ငွေ ၇ သိန်းခန့် ပါသွားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်ဖြင့်လာသော အမျိုးသား ၂ ဦးသည် တာချီလိတ်မြို့ မိုင်းဖုန်း (ခ)ရပ်ကွက်ရှိ လုံးစိုင်းဆမ်၊ ပါနန်းမားတို့၏ နေအိမ်ကို ဝင်ရောက် ဓားပြတိုက်သွားကြောင်း သတင်းသိရသည်။

“အဲ့နေ့မှာ လူကြီးတွေက အိမ်မှာ မရှိဘူး၊ ကျနော်တို့ တူလေး ကိုရင်တစ်ပါးက နေအိမ်ကို ပြန်လာတဲ့ချိန် လူဆိုး တွေက ရောက်လာတာတဲ့၊ အိမ်ထဲဝင်လာပြီး တစ်ယောက်က ကိုရင်လေးကို သေနတ်ထောက်ထားတယ်၊ နောက် တစ်ယောက်က အိမ်ထဲကိုဝင်မွှေသွားတာ၊ ထိုင်းဘတ်ငွေ ၇ သိန်းကျော်၊ ရွှေတုံး ၁၂ တုံးနဲ့ ဒင်္ဂါးပြား ၃၀ ကျော်ကို ယူသွားတယ်၊ စုစုပေါင်း တန်ဖိုးက ဘတ်ငွေ ၁၂ သိန်းလောက်ရှိမယ်” ဟု လုံးစိုင်းဆမ်၏ သားဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြလာတိုက်သည့် သူနှစ်ဦးသည် မျက်နှာတစ်ခုလုံးဖုံးထားပြီး ရုပ်ဖျက်ထားသည့်အတွက် မည်သူမည်ဝါဖြစ်သည်ကို မသိရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“သူတို့ မျက်နှာဖုံးစွပ်ထားတာ၊ ပြီးတော့ ကိုရင်လေးကိုလည်း သေနတ်ထောက်ထားတော့ သူကလည်း ဘယ်လိုမှ အော်ဟစ်အကူအညီတောင်းလို့လည်း မရဘူးလေ၊ အဲ့ကြောင့် ဘယ်သူလာလုပ်သွားမှန်းမသိရဘူး” ဟု လုံးစိုင်းဆမ်၏ သားဖြစ်သူက ပြောသည်။

အလားတူပင် ပြီးခဲ့သည့် တစ်ပတ်ကလည်း တာချီလိတ်မြို့နယ် ဆွတ်ဆိုင်ကျေးရွာမှာ နေအိမ်ထဲထိ ဓါးပြတိုက်ခြင်းခံလိုက်ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လဆန်းပိုင်းတုန်းက ဆွတ်ဆိုင်ရွာဘက်မှာလည်း ဓားပြတိုက်ခံရတာ ရှိတယ်၊ အဲ့မှာလည်း ထိုင်းဘတ်ငွေ ၂ သိန်းကျော်နဲ့ ရွှေတုံး ၂၀ ကျော် ပါသွားတယ်၊ နေ့ဘက်မှာပဲ ဓားပြတိုက်ကြတာ၊ လူကို ဘာမှမလုပ်သွားတာ ကံကောင်းတယ်ပြောရမလိုပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ပြည်တွင်းနိုင်ငံရေး မငြိမ်မသက်မှုနှင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းမှာလည်း ခိုးဆိုးလုယက်မှုများအပြင် လက်ရှိတွင် နေ့ခင်းပိုင်းလည်းမရှောင် ဓါးပြတိုက်မှုများရှိနေသည့်အတွက် ပြည်သူများ စိုးရိမ်ထိန်လန့်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပေါက် ဓားပြတိုက် ပြစ်မှုကျူးလွန်သည့် အမျိုးသား ၃ ဦး ကို UWSA က သေဒဏ်ချ

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်မြို့တွင် ဓားပြတိုက်ကာ လူကိုသေစေသည့်အထိ ကျူးလွန်ခဲ့သော အမျိုးသား ၃ ဦးကို သေဒဏ်ချမှတ်ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) မနက်ပိုင်းတွင် မိုက်ပေါက်မြို့၌ UWSA က ဓားပြတိုက်သည့် ပြစ်မှုကကျူးလွန်ခဲ့သူ အမျိုးသား ၃...

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။