Thursday, May 30, 2024

တန့်ယန်းမြို့

တန့်ယန်း အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည်ခေါ်ဆောင်ခံရ

သျှမ်းပြည် တန့်ယန်းမြို့တွင် နေထိုင်သည့် အသက်မပြည့်သေးသည့် အမျိုးသမီးငယ် ၃ ဦး လိမ်လည် ခေါ်ဆောင်ခံရပြီး ယနေ့ချိန်ထိ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မေလ ၁၅ ရက်တွင် တန့်ယန်းမြို့ ရပ်ကွက် ၁ အတွင်း နေထိုင်သော အသက် ၁၃ နှစ်အရွယ် ရှိ...

ရှုပ်ထွေးတဲ့ နိုင်ငံရေးကြား ဘိန်းစိုက်ပျိုးမှု တဖန်ပြန်ရှင်သန်လာ

တောင်တန်းတွေ အကြားမှာ အရမ်းကို လှပတဲ့ ရောင်စုံပန်းတွေဟာ ပန်းဥယျာဥ်ခြံ အလား ထင်ရအောင် ဝေဝေဆာဆာ ဖူးပွင့်နေကြပါတယ်။ အလှမ်းဝေးတဲ့ နေရာကနေ ကြည့်ရင်တော့ ရောင်စုံ အလှပန်းများလားလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ အလှပန်း စိုက်တဲ့ခြံမဟုတ်ဘဲ ဘိန်းစိုက်ခင်းတွေသာ ဖြစ်ပါတယ်။ ဘိန်းစိုက်ခင်း အဲ့ဒီ ရောင်စုံပန်းလို့ထင်ရတဲ့ ဘိန်းစိုက်ခင်းတွေဟာ...

အရပ်သား ပြည်သူကို SSPP ဟု စွပ်စွဲပစ်သတ်သည့် စစ်ကောင်စီသည် ရန်လိုနေသည်ဟု SSPP ပြော

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်မှ အရပ်သား ပြည်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ပစ်သတ်သည့် စစ်ကောင်စီ တပ်ဖွဲ့သည် ရန်လိုနေသည်ဟု SSPP/SSA က ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၄ နာရီ...

တန့်ယန်းမြို့နယ် SSPP/SSA တပ်ဖွဲ့ဝင် မိသားစုအိမ်ကို စစ်ကောင်စီဝင်ပစ် ၊ သုံးဦး သေဆုံး

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၏ တပ်ဖွဲ့ဝင် မိသားစုနေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်သဖြင့် မိသားစုဝင် ၃ ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက် ညနေပိုင်း ၄...

တန့်ယန်းမြို့အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၁ ဦး သေဆုံး

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့ ရပ်ကွက် ၂ ထဲတွင် မြေမြှုပ်မိုင်း တူးမိရာမှ ပေါက်ကွဲပြီး ကလေး ၁ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီ ဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် ၂...

တန့်ယန်းမြို့နယ်တွင်း ဆယ်ကျော်သက် ကလေးများပါ လောင်းကစားဝိုင်းကစားနေ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲတွင် ဆယ်ကျော်သက် ကလေးများ လောင်းကစားဝိုင်းတွင်းသို့ ဝင်ရောက် ဆော့ကစားနေကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နှစ်သစ်ကူးပွဲဟု အကြောင်းပြပြီး တန့်ယန်းမြို့နယ် နမ့်ဖတ်လမ်းကျေးရွာထဲ ချယ်ရီတောင်အောက်ဘက်တွင် လောင်းကစားဝိုင်းကို ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက် ကလေးများပါ ဝင်ရောက်ကစားနေကြောင်း သိရသည်။ “ အဲ့ဒီ လောင်းကစားဝိုင်းက ချယ်ရီတောနားမှာပဲရှိတာ။...

တန့်ယန်း ယာဉ်တိမ်းမှောက် ကလေးအပါအဝင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရ၊ အမျိုးသား ၁ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အဝင် မုခ်ဦးအကျော်တွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ပြီး ကားပေါ်လိုက်ပါသူ ၁၀ နှစ် ကလေးငယ် အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲအချိန် တန့်ယန်း...

တန့်ယန်းမြို့ ဆိုလာဘက်ထရီရှော့ခ်ဖြစ် နေအိမ်တစ်လုံးမီးလောင်ပြာကျ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ဆိုလာဘက်ထရီ ရှော့ခ်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားကြောင်း သတင်းသိရသည်။ ယနေ့ အောက်တိုဘာ ၃ ရက် နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် တန့်ယန်းမြို့၊ တပ်ဦးကျောင်း အောက်ဘက်နားရှိ ရပ်ကွက် ၈၊ အုပ်စု ၇ အတွင်းမှ နေအိမ်တစ်လုံး...

တန့်ယန်းမြို့နယ်က ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုပျက်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စုရှိ နောင်ခမ်းဘုန်းကြီးကျောင်း အုတ်တံတိုင်း များသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုပျက်သွားရကြောင်း သတင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာ ၂၂ ) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အတူ လေပြင်းများလည်း တိုက်ခတ် သည့်အတွက်...

တန့်ယန်းမြို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ဓားထောက်ပြီး ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ သြဂုတ်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် တန့်ယန်းမြို့ အမှတ် ရပ်ကွက် ၂ ဘက်သို့ ကားမောင်းလာသည့် ကိုယ်ဝန်သည် အမျိုးသမီးကို...

Latest news