ညောင်ရွှေ

ပင်လောင်း နှင့် ညောင်ရွှေ ကျေးရွာအချို့ PNO ကရွာပြင်ထွက်ခွင့်ပိတ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ် အစပ် တွင်ရှိသည့် သစ်ပင်ကောက် ရွာနှင့် နန်းတောင်းရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ဒေသခံများကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်တွင် စစ်ကောင်စီ နှင့် PNOက အနီးနားရှိကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်လျက်ရှိသောကြောင့် သစ်ပင်ကောက်ရွာနှင့် နန်းတောင်းရွာတို့ကို ရွာပြင်ထွက်ခွင့်ပိတ်လိုက်ပြီး...

ညောင်ရွှေ လွယ်လုံရွာသား ဖမ်းဆီးခံရသူ စစ်ကြေားရေးတွင် သေဆုံးသွား

သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊စံကားဒေသ လွယ်လုံရွာနေ အသက်၆၂နှစ်အရွယ် ဉီးမောင်ဆောင်ကို ပအိုဝ်း ပြည်သူ့စစ် (PNO) က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။​ PNOက ဦးမောင်ဆောင်ကို PDFနှင့်ပက်သက်သည်ဆိုပြီး ဇူလိူင်လ၂၁ရက်တွင် ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင်လည်းထပ်မံနှိပ်စက်ခံရသဖြင့် ယခုနှစ်သြဂုတ်လနောက်ဆုံးပတ်တွင် သေဆုံးသွားပြီဖြစ်ကြောင်းမိသားစုကိုအကြောင်းကြာလာကြောင်း သိရသည်။ "ဖမ်းတဲ့အချိန်၇ယောက်ဖမ်းတယ် ဖမ်းပြီးတစ်ပတ်အကြာမှာ ၆​ယောက်က...

ညောင်ရွှေဒေသခံများ မြေမြှုပ်မိုင်း ၊လက်နက်ကြီးအန္တရာယ်များနှင့်ရင်ဆိုင်နေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊စံကားဒေသခံများသည် ယခုတွင် ကျေးရွာထဲ ပြန်နေကြပြီးနောက် မြေမြှုပ်မိုင်း၊လက်နက်ကြီးအန္တရာယ်များနှင့်ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။ စံကားဒေသတွင် ပြီးခဲ့သည့် ဇူလိူင်လတစ်လလုံးတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ တိုက်ပွဲငြိမ်သွားပြီးနောက် ဒေသခံနေအိမ်ခြံဝိုင်းအတွင်း မြေမြှုပ်မိုင်းများထောင်ထားခဲ့သည့်အပြင် မပေါက်ကွဲသေးသည့် လက်နက်ကြီးလည်း များစွာ ကျန်ရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ပြောင်းခြံထဲ တွေမှာ လက်တက်ကြီးတွေ မြေမြှုပ်မိုင်းတွေများစွာရှိတယ်။...

တောင်ကြီးခရိုင်အတွင်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၄ သိန်းထိ ခြိမ်းခြောက်ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၄သိန်း အထိ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ရှိ ကျေးရွာအချို့အတွင် စစ်မှုထမ်းရန် အကြောင်းပြချက်များဖြင့် ငွေကျပ် ၃ သိန်းခွဲမှ ၄ သိန်းအထိကောက်ခံမှုများရှိနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “တစ်အိမ်ကို ၃...

ညောင်ရွှေမြို့နယ်ရောက်စစ်ဘေးရှောင်လူငယ် တစ်ဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် လွိုင်ကော်မှ စစ်ဘေးရှောင်လာသော လူငယ်တစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အသတ်ခံရပြီး သေဆုံးသွားသည့် စစ်ရှောင်လူငယ်သည် အေးသာယာမြို့ နည်းပညာတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေသော‌ ကျောင်းသားတစ်ဦးဖြစ်ပြီး ဩဂုတ်လ ၂ ရက် သောကြာနေ့ညနေတွင် အေးသာယာမြို့မှ စစ်ရှောင်ရင်းနေထိုင်ရာ ညောင်ရွှေမြို့သို့ ပြန်လာစဉ် လမ်းတွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ “ရဲတွေကတော့...

ညောင်ရွှေတွင် ဆိုင်ကယ်ဖြင့်ကင်းလှည့်နေသည့် PNOတပ်သား တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် နန့်ဗွန်ကျေးရွာအနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO တိုက်ခိုက်ခံရပြီး နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခဲများထံမှသိရသည်။ ဇူလိူင်လ ၁၄ရက် နံနက်ပိုင်း၁၀နာရီအချိန်တွင်ပစ်သတ်ခံခဲ့ရပြီး PNOပြည်သူ့စစ် တပ်သားနှစ်ဦးက ပွဲချင်းသေဆုံးသွားခဲ့ကြောင်း သိရသည်။ "နှစ်ယောက်ပစ်သတ်ခံရတယ်။ပွဲချင်း သေသွားတယ်။တော်လှန်ရေးအဖွဲ့က လာပစ်သတ်သွားတာ"ဟု နန့်ဗွန်ရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ယခုတိုက်ခိုက်မှုသည်...

ညောင်ရွှေတိုက်ပွဲအတွင်းသေဆုံး စစ်ကောင်စီ အလောင်း ၄၀ ကျော်ကို PDF ဘက်မှ သင်္ဂြိုဟ်ပေးခဲ့ရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို စစ်ကောင်စီက ၂ လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိသည့်အတွက် PDF ဘက်မှ အလောင်းများအား သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဧပြီ ၁၃ ရက် ညောင်ရွှေမြို့ ညောင်လေးနှင့် ရေပူရွာအကြား ဖြစ်ပွားခဲ့သော ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က...

လွိုင်ကော်ခေတ္တပြန် စစ်ရှောင်များ ဆန်အိတ်သယ်လျှင် စစ်ဆေးမေးမြန်းခံရ

ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့သို့ ခေတ္တပြန်သည့် စစ်ရှောင်များကို လမ်းတွင် စစ်ကောင်စီမှ ဆန်အိတ်ပါလာလျှင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကြောင်းစုံစမ်းသိရှိရသည်။ “လမ်းမှာ ကိုယ်စားဖို့ ဆန်အိတ်ပါရင်တောင်ရစ်တာပါ၊ ကိုယ်အိမ်နဲ့ကိုယ်နေမယ့်သူတွေကတော့ ပြန်ကြတာပေါ့၊ ဒါပေမယ့် ဘာအလုပ် ဘာဝင်ငွေမှမရှိတဲ့အတွက် ဒုက္ခရောက်ပါလိမ့်မယ်၊ ကျမတို့အိမ်ကတော့ ၁၅ ရက်လောက် ပြန်နေခဲ့ပြီးတော့ ညောင်ရွှေကိုပဲပြန်ရောက်လာတာပါ” ဟု ညောင်ရွှေမြို့တွင် စစ်ဘေးရှောင်နေသည့်...

ညောင်ရွှေမြို့နယ် လောင်းကစားဝိုင်းများလာ

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် လောင်းကစားဝိုင်းများကြောင့် ဒုက္ခရောက်နေသူများ များပြားလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ ညောင်ရွှေမြို့နယ်တွင် လေးကောင်ဂျင်ဝိုင်း၊ ဖဲဝိုင်းများ၊ လောင်းကစားဝိုင်းများလာသော်လည်း သက်ဆိုင်ရာက အရေးယူခြင်းမရှိကြောင်း ညောင်ရွှေ ဒေသခံများကပြောသည်။ “တော်တော်ဆိုးနေတယ်၊ လေးကောင်ဂျင်ဝိုင်းတွေကြောင့် အကြွေးတွေဝိုင်းနေကြတဲ့သူတွေအများကြီးပဲ၊ တချို့ဆို ကိုယ့်ကိုယ်ပိုင်အလုပ်တွေတောင် မလုပ်နိုင်ကြတော့ဘူး လောင်းကစားဝိုင်းကိုပဲရောက်နေကြတာ၊ ရဲတွေကလည်း ဟိုတလောက ဖဲဝိုင်းတွေကို...

ညောင်ရွှေမြို့တွင် အိမ်ခန်းငှားရမ်းခ တိုးမြင့်လာ စစ်ရှောင်များ အခက်အခဲကြုံတွေ့ရ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့သို့ ရောက်ရှိနေသော စစ်ရှောင်များသည် အိမ်ငှားရမ်းခများ တိုးမြင့်လာသဖြင့် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ထိုညောင်ရွှေသို့ ရောက်ရှိလာသည့် စစ်ရှောင်များသည် ကရင်နီပြည်တွင် ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသူများဖြစ်ကြသည်။ ညောင်ရွှေမြို့တွင် အိမ်ငှားခ ယခင်ကာလများတွင် တစ်လျှင် ကျပ်ငွေ ၂သိန်းခန့်သာ ပေးဆောင်ခဲ့ရာမှလက်ရှိမှာ...

Latest news