ညောင်ရွှေ လွယ်လုံရွာသား ဖမ်းဆီးခံရသူ စစ်ကြေားရေးတွင် သေဆုံးသွား

သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊စံကားဒေသ လွယ်လုံရွာနေ အသက်၆၂နှစ်အရွယ် ဉီးမောင်ဆောင်ကို ပအိုဝ်း ပြည်သူ့စစ် (PNO) က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။​

PNOက ဦးမောင်ဆောင်ကို PDFနှင့်ပက်သက်သည်ဆိုပြီး ဇူလိူင်လ၂၁ရက်တွင် ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင်လည်းထပ်မံနှိပ်စက်ခံရသဖြင့် ယခုနှစ်သြဂုတ်လနောက်ဆုံးပတ်တွင် သေဆုံးသွားပြီဖြစ်ကြောင်းမိသားစုကိုအကြောင်းကြာလာကြောင်း သိရသည်။

“ဖမ်းတဲ့အချိန်၇ယောက်ဖမ်းတယ် ဖမ်းပြီးတစ်ပတ်အကြာမှာ ၆​ယောက်က ပြန်လွှတ်တယ်။ဉီးဆောင်က ပြန်မလွှတ်ဘူး။ဖမ်းတဲ့အချိန်ဆိုလည်းPNOက သူတို့ဂိတ် တိုက်ခိုက်ခံရပြီး ရွာထဲဝင်လာတယ် ပြီးမှ ဘားမှမဟုတ်ဘဲ ရွာထဲ ခြံထဲ တွေ့တဲ့ရွာသားကိုဖမ်းသွားတယ်”ဟု ရွာခံတစ်ဉီးကသျှမ်းသံတောင်ဆင့်ကိုပြောသည်။

PNO

ဖမ်းသွားသောရွာသားများကို PNOက ဆိုက်ခေါင်သို့ ခေါ်သွားပြီး ​​၄ရက်အတွင်းထမင်းမကျွေး ရေမတိုက်ဘဲ ထားကြောင်း သိရသည်။

“ဆိုက်ခေါင်မှာ၄ရက်လုံး ထမင်း၃နပ်ပဲ ကျွေးတယ်။ ၄ရက်လုံး ရိုက်နှက်တယ်။စစ်ဆေးတယ်။သာမာန်ရွာသားတွေလေ သူတို့ကဘာအကြောင်းပြချက်မှမရှိဘဲ ဖမ်းသွားတာ။ ပြန်လွှတ်လာတဲ့၆ယောက်ဆို ငွေသိန်း၂၀နဲ့ ပြန်သွားရွေးရတယ်။ရွာနားက သူတို့ဂိတ်တိုက်ခိုက်ခံရတိုင်း ရွာသားကို အရမ်းယုတ်မာတယ်”ဟု ၄င်းကဆက်ပြောသည်။

ရွာသားများကို ဖမ်းဆီးသွားသည့် အချိန်လည်း ရွာသားဆိုင်ကယ်၂၈စီးကိုပါသိမ်းဆည်းသွားပြီး ၂၂စီးကိုပြန်ပေးသော်လည်း ကျန်တန်ဖိုးကြီးသည့် ၆စီးကို ယခုထိ ပြန်မပေးသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ၂၇ရက်တွင် လွယ်လုံရွာအနီး PNOဂိတ်စခန်းကို တော်လှန်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီး PNOဘက်၅ဦး ထက်မနည်း သေဆုံးခဲ့သေးကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...