တောင်ကြီးခရိုင်အတွင်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၄ သိန်းထိ ခြိမ်းခြောက်ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၄သိန်း အထိ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ရှိ ကျေးရွာအချို့အတွင် စစ်မှုထမ်းရန် အကြောင်းပြချက်များဖြင့် ငွေကျပ် ၃ သိန်းခွဲမှ ၄ သိန်းအထိကောက်ခံမှုများရှိနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တစ်အိမ်ကို ၃ သိန်းခွဲကောက်တယ်၊ မလောက်သေးရင် ထပ်ကောက်မယ်လည်းပြောတယ်၊ ကျမတို့က လစာနဲ့တောင်စားမလောက်တာ တချို့ရွာဆို ၄ သိန်းထိတောင် ကောက်နေကြတယ်” ဟု ၎င်းကပြောသည်။

ထို့ အပြင် ကောက်ခံသည့်ငွေအားထည့်ဝင်ခြင်းမရှိလျှင် သက်ဆိုင်ရာသို့ တိုင်ကြားမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ခြိမ်းခြောက်နေကြောင်းသိရသည်။

စစ်မှုထမ်း

“မထည့်ရင်လည်း ရွာလူကြီးက အထက်ကိုတိုင်မယ်တဲ့၊ ဘယ်နှလစာကိုလည်းမပြောဘူး၊ ၃ သိန်းခွဲဆိုတာ အနည်းဆုံးကောက်ပေးတာလို့တောင်ပြောတယ် ထပ်ပြီးကောက်အုံးမယ်လည်းပြောတယ်၊ မထည့်လို့ တစ်ခုခုဖြစ်ရင်တာဝန်မယူဘူးလို့ပြောတယ်” ဟု ၎င်းကဆက်ပြောသည်။

ယခင်လများတွင် တစ်အိမ်လျှင် ငွေကျပ်၂ သောင်းခွဲ သာ ကောက်ခံနေရာမှ ဇူလိုင်လကုန်တွင် ၃ သိန်းခွဲထိ တိုးသွားကြောင်းသိရသည်။

“ကျမတို့ အိမ်ဆို စစ်မှုထမ်းအရွယ်မရှိဘူး။ ကျမက ကလေးအမေ၊ အမျိုးသားကလည်း မရှိတော့ဘူး အဖေကလည်း အသက် ၇၀ ကျော်နေပြီ၊ အဲ့တာတောင် ငွေထည့်ပေးရမယ်တဲ့ ” ဟု နန်းပန်မြို့နယ်အနီးတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။

စစ်ကောင်စီ စစ်မှုထမ်း

အလားတူ ယမန်နေ့ ဩဂုတ်လ ၁၁ ရက် တွင်လည်း တောင်ကြီးမြို့ပေါ်ရပ်ကွက် အချို့တွင်လည်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၁ သိန်းမှ ၁ သိန်းခွဲအထိကောက်ခံနေကြောင်း မြို့ခံအချို့ထံမှသိရသည်။

လက်ရှိတွင် နိုင်ငံတဝန်း စစ်ကောင်စီနှင့်‌ တော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်တွင် အင်အားများပြုန်းတီးမှုများစွာဖြစ်ပေါ်နေပြီး ထိုလိုအပ်ချက်များကို ဖြည့်တင်းရန်အတွက် စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့ပြီးနောက် နေရာအနှံ့တွင် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော အခက်အခဲ ပြဿနာများစွာဖြစ်ပေါ်နေလျက်ရှိသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...