သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် နန့်ဗွန်ကျေးရွာအနီးတွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO တိုက်ခိုက်ခံရပြီး နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခဲများထံမှသိရသည်။
ဇူလိူင်လ ၁၄ရက် နံနက်ပိုင်း၁၀နာရီအချိန်တွင်ပစ်သတ်ခံခဲ့ရပြီး PNOပြည်သူ့စစ် တပ်သားနှစ်ဦးက ပွဲချင်းသေဆုံးသွားခဲ့ကြောင်း သိရသည်။

“နှစ်ယောက်ပစ်သတ်ခံရတယ်။ပွဲချင်း သေသွားတယ်။တော်လှန်ရေးအဖွဲ့က လာပစ်သတ်သွားတာ”ဟု နန့်ဗွန်ရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ယခုတိုက်ခိုက်မှုသည် ပျားစစ်ကြောင်း ရဲဘော်များက ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးနှင့်နီးစပ်သူထံမှသိရသည်။
ယခုတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များသည် နန့်ဗွမ်ကျေးရွာတွင် စခန်းချတပ်စွဲထားပြီး ရွာသားများလည်း ရွာမပြန်ရဲကြကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်၊စံကားဒေသရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များသည် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့၊ SSRY ၊ ပျားစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်းသိရသ












Leave a Comments