ဆီဆိုင်
သျှမ်းတောင်စစ်ရှောင်ဦးရေ (၁) ထောင်ကျော် စားနပ်ရိက္ခာ စတင်ပြတ်လပ်လာ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကယားပြည် (ကရင်နီ)မှ စစ်ရှောင်လာသော စစ်ရှောင်များသည် ယခုရက်ပိုင်းတွင် အလှူမရှိတော့သဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ပြတ်လပ်လာကြောင်း စစ်ဘေးရှာင်ကူညီပေးနေသည့်သူများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစပြီး စစ်ရှောင်လာရာ လက်ရှိတစ်နှစ်ကျော်ကြာပြီးနောက်ပိုင်း အလှူရှင်များ မရှိသလောက် နည်းပါးလာသည့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်ခဲများ ရင်ဆိုင်လာ...
ဆီဆိုင်မြို့နယ် စစ်ရှောင် နာတာရှည်ရောဂါသည်များ ဆေးဝါးကုသရန် အကူအညီလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ နာတာရှည်ရောဂါသည်များ ဆေးဝါးကုသခံ အကူအညီလိုအပ်နေကြောင်း သိရသည်။ နာတာရှည်ရောဂါဖြစ်သည့် ဆီးချို၊ သွေးတိုး၊ လေးဖြတ်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် ကင်ဆာရောဂါ ခံစားနေရသူဆေးဝါးကုသခံရန် အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောသည်။ ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ(တစ်ထောင်) ဝန်းကျင်ရှိရာ...
ဆီဆိုင်မြို့နယ် အတွင်း ပြောင်းအိတ် မကြာခဏ အခိုးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုတွင် ယခုရာသီ ပြောင်းထွက်ချိန်မှာ မကြာခဏ ပြောင်းများ ခိုးခံနေရကြောင်း စုံစမ်းသိရှိရသည်။ ဘန်းယဉ်ကျေးရွာအုပ်စု နောင်ခွန်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ပြောင်းအိတ် (၄)အိတ် ကျပ်ငွေတန်ဖိုး (၇၀,၀၀၀)ကျော် ခိုးခံရပြီး၊ လွန်ခဲ့သည့် လပိုင်းတွင်လည်း ဟိုတင့်ကျေးရွာရှိ ပြောင်းအိတ်များလည်း အခိုးခံရကြောင်း ဘန်းယဉ် ပြောင်း စိုက်ပျိုးသူ...
ပုံးအင်း စပါးလယ်ယာ ဧက ၂ သောင်း ဝန်းကျင် ရေလွှမ်းမိုးခံရ
သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် စပါးခင်း လယ်ယာဧကပေါင်း ၂ သောင်း ဝန်းကျင်သည် ရေနစ်မြှုပ်သွားကြောင်း ပုံးအင်းမြေစာရင်း ပြုစုသူထံမှ စုံစမ်းသိရှိရသည်။ ပုံးအင်းဒေသအတွင်း လယ်ဧကပေါင်း ၃ သောင်းကျော်ရှိရာ ၂ သောင်းကျော် ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။ ထို ရေနစ်မြှုပ်ခံရသော ပုံးအင်းဒေသမှ စပါးများသည် တောင်ကြီးမြို့နယ် ဟိုပုံးမြို့နယ်...
သျှမ်းပြည်တွင်း မြို့နယ် တချို့ စက်သုံးဆီများ ပြတ်လပ်နေဆဲ
SHAN -
သျှမ်းပြည်အတွင်းရှိ တချို့မြို့နယ်များတွင် စက်သုံးဆီများ ပြတ်လပ်နေသေးကြောင်း သတင်းသိရသည်။ စက်သုံးဆီပြတ်လပ်နေသည့် မြို့များမှာ သျှမ်းပြည်ဒေသများဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲမြို့နယ်၊ နမ္မတူ မြို့နယ်၊ လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီးမြို့၊ ညောင်ရွှေမြို့ တို့ဖြစ်ကြကြောင်း သိရသည်။ ယင်းကဲ့သို့ စက်သုံးဆီများ ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့်...
ဆီဆိုင်မြို့နယ်အတွင်း လေပြင်းတိုက် အဆောက်အအုံများ ပျက်စီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းများတိုက်မှုကြောင့် နေအိမ် အဆောက်အအုံများ ၁၀ လုံးနီးပါး နှင့် စာသင်ကျောင်းဆောင်တစ်ဆောင် ထိခိုက်ပျက်စီးရကြောင်း ဒေသခံအမျိုးသား တစ်ဦးက...
ဆိုက်ခေါင်စံပြကျေးရွာ စစ်ရှောင်များအတွက် နေရာ စီစဉ်ပေးထား
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် ကရင်နီပြည်ဘက်မှ စစ်ရှောင်များအတွက် နေရာ စီစဉ်ပေးထားကြောင်း စုံစမ်းသိရသည်။ “ဒီနေ့ မနက်ပိုင်းကစပြီး လွိုင်ကော်တို့ဘက်က စစ်ရှောင်တွေရောက်လာတယ်၊ ကျနော်တို့ စီစဥ်ထားတဲ့ နေရာမှာ ရောက်လာတဲ့ စစ်ရှောင်တွေက ၅၀ ကျော် ဝန်းကျင်လောက်ရှိပါတယ်” ဟု ဆိုက်ခေါင်စံပြကျေးရွာ ရပ်မိရပ်ဖ ကော်မတီဝင် ခွန်ကျော်ဇေယျက...
ဆီဆိုင် Semi – lockdown ထပ်မံတိုး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များပြားသည့်အတွက် Semi - lockdown တစ်ပတ် ထပ်မံတိုးမြင့်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ်အတွင်း နိုဝင်ဘာ (၁၆ မှ ၂၂)ရက်ထိ မွန်းလွဲ ၂ နာရီမှ နောက်နေ့ နံနက် ၄ နာရီအထိ Semi -...
ဆီဆိုင်မြို့နယ် ဒေသခံများ ကိုဗစ် – ၁၉ စစ်ဆေးရာ ယုံကြည်မှု မရှိကြ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့မှဒေသခံများကို သက်ဆိုင်ရာက ကိုဗစ် - ၁၉ စစ်ဆေးရာမှာ ယုံကြည်မှု မရှိကြောင်း စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းခဲ့ပြီး နှာစေး ချောင်းဆိုးဖြစ်သူများကို စစ်ဆေးရာမှာ positive ဖြစ်ကြသော်လည်း ထိုအဖြေကို ကျေးရွာဒေသခံများ ယုံကြည်လက်ခံမှု မရှိကြောင်း...
ပင်လောင်း၊ ဆီဆိုင် Semi-Lockdown (၁၄)ရက် သတ်မှတ်
SHAN -
သျှမ်းတောင် ပင်းလောင်းနှင့် ဆီဆိုင်မြို့နယ်တို့ကို ယနေ့ (နိုဝင်ဘာ ၁ ရက်)မှ စတင်ပြီး Semi-Lockdown သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ်တွင် ယနေ့ မှ စတင်ပြီး နိုဝင်ဘာ (၁၄)ရက်နေ့အထိလည်းကောင်း၊ ဆီဆိုင်မြို့နယ်ကို ယနေ့မှ စပြီး နိုဝင်ဘာ (၇)ရက်နေ့အထိ Semi-lcokdown အဖြစ် သတ်မှတ်ကြောင်း...






