ဆီဆိုင်

ဆီဆိုင်မြို့ရောက် စစ်ရှောင်များ နေရပ်ပြန်စဉ် မြေမြုပ်မိုင်းနင်းမိ၊ နေအိမ်ဖောက်သွင်းခံရမှု ကြုံတွေ့နေရ

သျှမ်းပြည် ဆီဆိုင်မြို့ရောက် စစ်ရှောင်များသည် နေရပ်သို့ပြန်နေစဉ်အတွင်း လမ်း၌ မြေမြုပ်မိုင်းနင်းမိခြင်းနှင့် နေအိမ် ဖောက်သွင်းခံရမှုများ ကြုံတွေ့နေရကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လမှ အောက်တိုဘာလအထိ စစ်ရှောင်များသည် မူလနေရပ် ဒီးမော့ဆိုမြို့နယ် ကျေးရွာနေအိမ်သို့ ပြန်သွားပြီး ပစ္စည်းယူနေစဉ် မြေမြုပ်မိုင်းများကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ၊ အမျိုးသမီးအပါအဝင်...

ဆီဆိုင်မြို့နယ်မှ ကျောင်းပညာရေး ဝန်ထမ်းများ ကျောင်းအပ်ချိန် လောင်းကစားဝိုင်းရောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုမှ ကျောင်းပညာရေးဝန်ထမ်းများသည် ကျောင်းအပ်နှံချိန် ကျောင်းတွင်မရှိဘဲ လောင်းကစားဝိုင်း ရောက်ရှိနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျောင်းပညာရေးဝန်ထမ်းများမှာ ဆီဆိုင်မြို့နယ် ဘန်းယဥ်ကျေးရွာအုပ်စု ဖိုင်ကွမ်းကျောင်းအုပ် ဆရာကြီး နှင့် နောင်မွန်ကျေးရွာအုပ်စု လီမွန်ကျေးရွာ ကျောင်းအုပ်ဆရာမများဖြစ်ကြပြီး ကျောင်းအပ်နှံချိန်တွင် လောင်းကစားဝိုင်းရောက် ရှိနေကြောင်း သိရသည်။ “ ပြီးခဲ့တဲ့...

သင်ခန်းစာယူရမည့် လူသားစာနာ ယာဉ်တန်းပစ်ခတ်ခံရမှု

နိဒါန်း စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် ပြည်တွင်းစစ်မီးအပြန့်ကျယ်လာသည်နှင့်အတူ စစ်ကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် မြန်မာပြည်သူအပေါင်း သန်းနှင့်ချီနေပြီဖြစ်သည်။ အာဏာသိမ်းစစ် အုပ်စုနှင့် နွေဦးတော်လှန်ရေးအင်အားစုများအကြား အားပြိုင်မှုအတွင်း အမှန်တကယ်ထိခိုက်နစ်နာခဲ့ရသော၊ အမှန်တကယ်ထိရှပျက်ဆီးခဲ့ရသော အသက်များ၊ ဘဝများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် နိုင်ငံတဝှမ်းလုံးတွင် လိုအပ်ချက်ကြီးမားနေပါသည်။ သို့သော် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် အမှန်တကယ်လိုအပ်နေ သော မြန်မာပြည်သူလူထုကြီးအတွက်...

ဆီဆိုင်မြို့နယ် နိုင်ငံတကာ သံတမန်ယာဉ်တန်းကို PNO က ပစ်ခတ်ခဲ့သည်ဟု PNFC ထုတ်ပြန်

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နိုင်ငံတကာ အာဆီယံ အဖွဲ့အစည်း သံတမန်ယာဉ်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ဟိုပုံး - ဆီဆိုင် ပြည်ထောင်စု...

“ဒေသအတွင်းက ဒုက္ခရောက်နေတဲ့ လူထု လက်ထဲမှာ အကူအညီမရောက်မှာပဲ စိုးရိမ်ရတယ်”

မေလ ၇ ရက် နံနက်ပိုင်း ၉ နာရီ ဝန်းကျင်မှာ ဟိုပုံး - ဆီဆိုင် ပြည်ထောင်စု ကားလမ်းမပေါ်မှာရှိတဲ့ နန်းသြကျေးရွာအနီးမှာ စစ်ရှောင်တွေကို ကူညီပေးရန်အတွက် နိုင်ငံတကာ အာစီယံ အဖွဲ့အစည်းမှ သံအမတ်ကြီး အပါအဝင် ကိုယ်စားလှယ်တွေ စီးလာသည့် ယာဉ်တန်း ပစ်ခတ်ခံရပါတယ်။ အာဆီယံ...

စားဝတ်နေရေး ကြပ်တည်းသည့် ကာလအတွင်း PNO မှ ကျည်းဖိုး ၈ သောင်းကျပ်ထိ ကောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ် အတွင်း ပြည်သူများ စားဝတ်နေရေး ကြပ်တည်းနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျည်ဆံဖိုးအတွက်ငွေကြေး ၈ သောင်းကျပ်ထိ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (မတ်လ) မှစပြီး ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ...

ဆီဆိုင် – လွိုင်ကော် ခရီးသွား ပြည်သူများကို ပြည်သူ့စစ် (PNO/PNA) ဆက်ကြေး ပိုကောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင် - လွိုင်ကော်ကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်သို့ ခရီးသွား ပြည်သူများကို ပြည်သူ့စစ် (PNO/PNA) က အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၃) ရက် နေ့လည်ပိုင်းတွင် ဆီဆိုင် - လွိုင်ကော်ကြား...

စစ်ရှောင်စခန်းထဲက ခရစ္စမတ်နေ့

အေးချမ်းတဲ့ ဒီဇင်ဘာရောက်ရောက်လာတိုင်းမှာ ခရစ္စမတ် သီချင်းသံတွေ က နေရာတိုင်းမှာ လွှမ်းမိုးလာပြီး လူသားတိုင်းရဲ့ စိတ်ကို အလိုအလျောက် ဝမ်းသာပျော်ရွှင်တဲ့ လဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက် ဟာ ခရစ္စမတ်နေ့ ဖြစ်ပေမယ့် နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် ဆီဆိုင် စစ်ရှောင်စခန်းသို့ ရောက်ရှိနေတဲ့ ကရင်နီ (ကယားပြည်)...

ဆီဆိုင်မြို့နယ် လယ်ထွန်စက်ရှိအိမ်ကို PNO/PNA ပိုက်ဆံကောက်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုမှ လယ်ထွန်စက် ရှိသည့် နေအိမ်များကို ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ PNO/PNA များက ပိုက်ဆံ အဆမတန်ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( ဒီဇင်ဘာလ ၂၃) ရက် နံနက်ပိုင်း ၁၀ နာရီတွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်မိုကျေးရွာကို ပအိုဝ်းပြည်သူ့စစ် PNO/PNA တပ်သား...

စစ်ရှောင်ကလေး မျက်ကြည်လွှာ ခွဲစိတ်ကုသရန် ငွေကြေး လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်းတွင်နေထိုင်သည့် ကလေးငယ်တစ်ဦး မျက်ကြည်လွှာပျက်စီး နေသဖြင့် ခွဲစိတ်ကုသရန် ငွေကြေးလိုအပ်နေကြောင်း စုံစမ်းသိရသည်။ မျက်ကြည်လွှာပျက်စီးသွားသည် အသက် (၁၂) နှစ်ရှိ မောင်တောင်ဘို့ရည် သည် ပြီးခဲ့သည့် သြဂုတ်လပိုင်းတွင် ဘယ်ဘက် မျက်လုံး၏ ပထမမျက်ကြည်လွှာကို ဆုံးရှုံးရသူဖြစ်ပြီး လက်ရှိမှာ ခွဲစိတ်ကုသဖို့အတွက် ငွေကြေး အကူညီလိုအပ်နေကြောင်း...

Latest news