စားဝတ်နေရေး ကြပ်တည်းသည့် ကာလအတွင်း PNO မှ ကျည်းဖိုး ၈ သောင်းကျပ်ထိ ကောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ် အတွင်း ပြည်သူများ စားဝတ်နေရေး ကြပ်တည်းနေချိန် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျည်ဆံဖိုးအတွက်ငွေကြေး ၈ သောင်းကျပ်ထိ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

PNO တပ်ဖွဲ့

ပြီးခဲ့သည့် (မတ်လ) မှစပြီး ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာဒေသတွင် ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ တစ်အိမ်လျှင် (၅) သောင်းကျပ် မှ (၈) သောင်းကျပ် အထိ ကျည်ဆံဖိုး ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု၊ တောင့်ရှေ့ကျေးရွာအုပ်စု၊ နောင်ကျောကျေးရွာအုပ်စု နှင့် နောင်ထော်ကျေးရွာအုပ်စုရှိ ဒေသခံ ပြည်သူများကို ကားရှိလျှင် ကားဘီး ၁ ဘီးကို ၁ သိန်း သတ်မှတ်ပြီး ကောက်ခံနေသလို ကားမရှိသည့်ဒေသခံများကိုလည်း တစ်အိမ်လျှင် ၅ သောင်းကျပ် ကောက်ခံခဲ့ကြောင်း ဆီဆိုင်မြို့ဒေသခံ တောင်သူတစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျည်ဆံဖိုး ကောက်ယူမှုများ ဆက်တိုက်ပြုလုပ်လာသောကြောင့် လက်ရှိ ကျေးလက်ဒေသရှိ ဒေသခံများသည် ယခင် စားဝတ်နေရေး ကြပ်တည်းနေချိန် ကာလထက် ပို၍ ခက်ခဲသွားခဲ့ကြောင်း ဆီဆိုင်မြို့နယ် ဒေသခံ တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီချိန်မှာ ကျနော်တို့တွေ အရမ်းကို ဒုက္ခရောက်နေတယ်။ ကျနော်တို့ ကျေးလက်ဒေသမှာ နေတဲ့သူတွေရဲ့ မြေပြင်အခြေအနေနဲ့ မြို့ပေါ်မှာနေတဲ့ သူရဲ့ အခြေအနေနဲ့ မတူဘူး။ တောရွာမှာ နေတဲ့သူက ပြဿနာ တစ်ခုဘဲ ပြောပြော၊ အလှူဒါန်းတစ်ခုဘဲ ပြောပြော ချမ်းသာတဲ့ သူဒီလောက်ထည့်ရရင် ဆင်းရဲတဲ့သူလည်း ဒီလောက်ထည့်ရတယ်။ တချို့ လယ်ယာမဲ့၊ ဆင်းရဲ သူတွေက အဲ့လိုထည့်ရရင် အရမ်းကို ဒုက္ခရောက်တယ် “ ဟု ၎င်းကပြောသည်။

PNO တပ်ဖွဲ့

လက်ရှိ ဆီဆိုင်မြို့နယ် မြောက်ဘက်ခြမ်းဒေသရှိ ကျေးရွာများကို PNO တပ်ဖွဲ့မှ စစ်ဘေးရှောင် စားနပ်ရိက္ခာ ကူညီရေးအတွက်ဆိုသည့် အကြောင်းပြချက် နဲ့ ပိုက်ဆံကောက်ခံလေ့ရှိသော်လည်း တောက်ဘက်ခြမ်းဒေသရှိ ကျေးရွာများကိုတော့ ကျည်ဆံဖိုးအတွက် ကောက်ခံနေလျက်ရှိကြောင်း သိရသည်။

“ ကျနော်တို့ တောက်ဘက်ခြမ်းမှာ သူတို့ပြောတာက နည်းနည်း အင်အားဖြည့်တင်းဖို့ ဆိုပြီးကောက်တာ။ ဒါပေမယ့် ဆီဆိုင်မြို့နဲ့ မြောက်ဘက်ခြမ်းမှာ တစ်အိမ် ၅ သောင်းကောက်တာ စစ်ဘေးရှောင်တွေ ကူညီဖို့ဆိုပြီး ကောက်တာ ခေါင်းစဉ်တောင် မတူဘူး။ ခေါင်းစဉ် အလွဲသုံးပြီး ပြည်သူတွေအပေါ် လိမ်ညာတာတော့ မကောင်းဘူး “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယားနယ်စပ်ဒေသ တလျှောက်တွင် စစ်ကောင်စီ၊ PNO နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး အဆိုပါ တိုက်ပွဲအတွင်းမှာလည်း နှစ်ဖက်တပ်ဖွဲ့ အကျအဆုံးလည်း အများအပြား ရှိခဲ့သည်။

အလားတူ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာနေ လူငယ်တစ်ဦးက “ သူတို့ ရွှေတွင်းလည်းရှိတယ်။ စိန်တွင်းလည်း ရှိတယ်။ လက်နက်ဝယ်ဖို့ကြ ပြည်သူနား ကောက်နေတာတော့ သိပ်မတရားဘူး။ အခု ဆိုက်ခေါင်တွင်းမှာ ဓားပြတိုက်တာ ဘယ်နှစ်ခါတောင်ရှိနေပြီလည်း မသိဘူး။ တစ်ခုမှ မဖော်ထုတ်ပေးနိုင်ဘူး။ ကာကွယ်တယ် မပြောနဲ့ ပြည်သူတွေကိုလည်း လေးစားမှုမရှိဘူး“ ဟု ၎င်းက ပြောသည်။

ဆီဆိုင်မြို့နယ်တွင် ကျေးရွာပေါင်း ၃၂၀ ခန့်ရှိရာ ထိုထဲမှ ကျေးရွာ ၂၀၀ ခန့်သည် ပအိုဝ်းတိုင်းရင်းသား လူမျိုးများ နေထိုင်ကြပြီး ပြည်သူ့စစ်တပ်ဖွဲ့ PNO သည် ဒေသလုံခြုံရေး အကြောင်းပြပြီး ကျည်ဆံဖိုး ကောက်ယူမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...